ဘယ်လိုလိင်ဆက်ဆံရမလဲ ဆိုတာပြောကြားလိုက်တဲ့ အင်တာနည်းပြ ကွန်တီ

Photo-Internet

အင်တာမီလန်အသင်းနည်းပြ အန်တိုနီယိုကွန်တီက ဘောလုံးရာသီတစ်ခုဟာ ခက်ခဲကြမ်းတမ်းလွန်းတဲ့အတွက် ကစားသမားတွေအနေနဲ့ လိင်ဆက်ဆံရာမှာ ဘယ်လိုပုံစံမျိုး ဖြစ်သင့်တယ်ဆိုတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။ ကွန်တီဟာ အင်တာကို ပြီးခဲ့တဲ့ နွေရာသီက စတင်တာဝန်ယူခဲ့ပြီး လက်ရှိမှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ ဂျူ ဗင်တပ်နဲ့ ၁ မှတ်ကွာကာ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

သူဟာ ဒီရာသီမှာ ဆုဖလားတွေကို ရယူပြလိုတာကြောင့် ကစားသမားတွေဆီကနေ အမြင့်ဆုံးကြံခိုင်မှုပိုင်းကို ပွဲတိုင်းအလိုရှိနေသူလည်းဖြစ်ပါတယ်။ ဒါကြောင့် ခွန်အားကုန်ခမ်းတာမျိုး မဖြစ်ရစေဖို့အတွက်ပြောကြားရာမှာ  လိင်ဆက်ဆံမှုကို ဘယ်လိုလုပ်ရမလဲဆို တဲ့အချက်လည်းပါဝင်ခဲ့တာပါ။

Photo-Internet

ကွန်တီဟာ သူ့ကစားသမားတွေကို ဇနီးသည်တွေနဲ့သာ လိင်ဆက်ဆံစေလိုသူဖြစ်ပြီး ဆက်ဆံတဲ့အခါမှာလည်း အရမ်းပင်ပန်းတာမျိုးကို ရှောင်ရှားနိုင်ဖို့အတွက် အကြာကြီးမနေဖို့နဲ့ အရမ်းအားမစိုက်ဘဲ ကိုယ့်အဖော်ကို အပေါ်မှာနေ ခိုင်းဖို့ လည်း အလိုရှိနေသူဖြစ်ပါတယ်။

Photo-Internet

သူက”ဘောလုံးရာသီအတွင်းမှာ ကစားသမားတွေဟာ အချိန်အကြာကြီး လိင်ဆက်ဆံတာကိုရှောင်သင့်ပါတယ်။ အရမ်းကြီးအားမထုတ်ဖို့လည်း လိုတာပေါ့။ အကောင်းဆုံးပုံစံကတော့ သူတို့အဖော်ကို ပေါ်တက်ခိုင်းတာပါဘဲ။ ကျွန်တော်ကတော့ ဇနီးသည်တွေနဲ့ဘဲ လိင်ဆက်ဆံစေလိုတာပါ” လို့ပြောသွားပါတယ်။

Photo-Internet

အားကစားလောက မှာလိင်ဆက်ဆံမှုဟာ စွမ်းဆောင်ရည်ကိုထိခိုက်စေတယ်လို့ ယေဘုယျလက်ခံထားပေမယ့် သိပံပညာရှင်တွေကြားထဲမှာ အခုထိတိကျသေချာတဲ့အဖြေမရှာနိုင်သေးပါဘူး။ ဘရာဇီးဘောလုံးသမားအများစုကတော့ ပြိုင်ပွဲတွေအတွင်း လိင်ဆက်ဆံမှုတားမြစ်တာကိုလက်မခံကြဘဲ လိင်ဆက်ဆံလိုက်မှသာလျင် သူတို့ရဲ့စွမ်းဆောင်ရည် ပိုပြီးကောင်းမွန်တယ်လို့ယူဆနေကြသူတွေဖြစ်ပါတယ်။

Photo-Internet

Zawgyi

ဘယ္လိုလိင္ဆက္ဆံရမလဲ ဆိုတာေျပာၾကားလိုက္တဲ႔ အင္တာနည္းျပ ကြန္တီ

အင္တာမီလန္အသင္းနည္းျပ အန္တိုနီယိုကြန္တီက ေဘာလုံးရာသီတစ္ခုဟာ ခက္ခဲၾကမ္းတမ္းလြန္းတဲ႔အတြက္ ကစား သမားေတြအေနနဲ႔ လိင္ဆက္ဆံရာမွာ ဘယ္လိုပုံစံမ်ဳိး ျဖစ္သင့္တယ္ဆိုတဲ႔အေၾကာင္း ေျပာၾကားလိုက္ပါတယ္။ ကြန္တီ ဟာ အင္တာကို ၿပီးခဲ့တဲ႔ ေႏြရာသီက စတင္တာ၀န္ယူခဲ့ၿပီး လက္ရွိမွာ ထိပ္ဆုံးကဦးေဆာင္ေနတဲ႔ ဂ်ဴ ဗင္တပ္နဲ႔ ၁ မွတ္ ကြာကာ အမွတ္ေပးဇယား ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။

သူဟာ ဒီရာသီမွာ ဆုဖလားေတြကို ရယူျပလိုတာေၾကာင့္ ကစားသမားေတြဆီကေန အျမင့္ဆုံးႀကံခိုင္မႈပိုင္းကို ပြဲတိုင္း အလိုရွိေနသူလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ခြန္အားကုန္ခမ္းတာမ်ဳိး မျဖစ္ရေစဖို႔အတြက္ေျပာၾကားရာမွာ  လိင္ဆက္ဆံမႈ ကို ဘယ္လိုလုပ္ရမလဲဆို တဲ႔အခ်က္လည္းပါ၀င္ခဲ့တာပါ။

ကြန္တီဟာ သူ႔ကစားသမားေတြကို ဇနီးသည္ေတြနဲ႔သာ လိင္ဆက္ဆံေစလိုသူျဖစ္ၿပီး ဆက္ဆံတဲ႔အခါမွာလည္း အရမ္း ပင္ပန္းတာမ်ဳိးကို ေရွာင္ရွားႏိုင္ဖို႔အတြက္ အၾကာႀကီးမေနဖို႔နဲ႔ အရမး္အားမစိုက္ဘဲ ကိုယ္႔အေဖာ္ကို အေပၚမွာေန ခိုင္းဖို႔ လည္း အလိုရွိေနသူျဖစ္ပါတယ္။ သူက”ေဘာလုံးရာသီအတြင္းမွာ ကစားသမားေတြဟာ အခ်ိန္အၾကာႀကီး လိင္ဆက္ဆံ တာကိုေရွာင္သင့္ပါတယ္။ အရမး္ႀကီးအားမထုတ္ဖို႔လည္း လိုတာေပါ့။ အေကာင္းဆုံးပုံစံကေတာ႔ သူတို႔အေဖာ္ကို ေပၚ တက္ခိုင္းတာပါဘဲ။ က်ြန္ ေတာ္ကေတာ႔ ဇနီးသည္ေတြနဲ႔ဘဲ လိင္ဆက္ဆံေစလိုတာပါ” လို႔ေျပာသြားပါတယ္။

အားကစားေလာက မွာလိင္ဆက္ဆံမႈဟာ စြမ္းေဆာင္ရည္ကိုထိခိုက္ေစတယ္လို႔ ေယဘုယ်လက္ခံထားေပမယ္႔ သိပံၸ ပညာရွင္ေတြၾကားထဲမွာ အခုထိတိက်ေသခ်ာတဲ႔အေျဖမရွာႏိုင္ေသးပါဘူး။ ဘရာဇီးေဘာလုံးသမားအမ်ားစုကေတာ႔ ၿပိဳင္ပြဲေတြအတြင္း လိင္ဆက္ဆံမႈတားျမစ္တာကိုလက္မခံၾကဘဲ လိင္ဆက္ဆံလိုက္မွသာလ်င္ သူတို႔ရဲ႕စြမ္းေဆာင္ရည္ ပိုၿပီးေကာင္းမြန္တယ္လို႔ယူဆေနၾကသူေတြျဖစ္ပါတယ္။