ဘယ်တော့မှအရှုံးမပေးပါနဲ့…ဒဏ်ရာအိပ်မက်ဆိုးတွေထဲကနေ သူ့ကိုယ်သူပြန်လည်ဆွဲတင်နိုင်ခဲ့သူတစ်ယောက်အကြောင်း

Photo Credit

Photo Credit

ဆန်တီကာဇိုလာဟာ ၆၃၆ ရက်ကြာ ဘောလုံးမကစားရဘဲ ရှည်ကြာလွန်းတဲ့ညတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဖနောင့်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရတာဖြစ်ပြီး ၂၀၁၆ အောက်တိုဘာလမှာတော့ အဲဒီအချိန်တုန်းက အာဆင်နယ်အသင်းမှာရှိနေဆဲဖြစ်တဲ့ ကာဇိုလာကို ဆရာဝန်တွေက စိတ်မကောင်းစရာကောင်းတဲ့ဒဏ်ရာသတင်းစကား ပြောလာပါတယ်။ ”တကယ်လို့ မင်းသာ ကိုယ့်သားနဲ့အတူ ပန်းခြံထဲ လမ်းပြန်လျှောက်နိုင်ရင် စိတ်ကျေနပ်စရာပါပဲလို့ ဆရာဝန်တွေက ကျွန်တော့်ကို ပြောခဲ့ပါတယ်။

Photo Credit

”ကျွန်တော့်အနေနဲ့ ဒဏ်ရာကုသရတာ အများကြီးဖြစ်ခဲ့ပြီး အဲဒီအတွက်ကြောင့်ပဲ ဖနောင့်မှာရှိတဲ့အရိုးလည်း ပျက်စီးသွားခဲ့ရပါတယ်။ အဓိကကတော့ ဖနောင့်ကြောတွေ ပျက်ကုန်တာပါပဲ”လို့ ကာဇိုလာက ပြီးခဲ့တဲ့နှစ်အတွင်း မာကာသတင်းစာကို ပြောခဲ့ပါတယ်။

Photo Credit

ကာဇိုလာဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ခွဲစိတ်ကုသမှု ၁ဝကြိမ်အထိပြုလုပ်ခဲ့ရပြီး တစ်နေရာကနေ အရေပြားအစားထိုးဆက်ရမှုအဖြစ် သူ့သမီးနာမည် တက်တူးရေးထိုးထားတဲ့ လက်ဖျံက အသားစကို ဖနောင့်ကြောမှာ အစားထိုးကုသခံခဲ့ရပြီးနောက် ကာဇိုလာအနေနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူရတော့မယ်လို့ အားလုံး ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘောလုံးကို လှပတဲ့အပြုံးတစ်ပွင့်လို ဖန်တီးနိုင်စွမ်းရှိတဲ့ ကာဇိုလာကတော့ ဒီလိုစိတ်ဓာတ်ကျစရာကိစ္စတွေကြောင့် သူ့ကစားသမားဘဝကို အလဲထိုးမခံဘဲ အားမလျှော့စတမ်းကြိုးစားခဲ့ပါတယ်။

Photo Credit

သူဟာ ၂နှစ်နီးပါးကြာတဲ့အထိ နှုတ်ခမ်းတင်းတင်းစေ့ကာ ဘောလုံးပြန်ကစားနိုင်ဖို့ ကြိုးစားခဲ့ပြီး မြက်ခင်းစိမ်းတွေထက် ပြန်လည်ခြေချနိုင်ရေးအတွက် အာဆင်နယ်အသင်းနဲ့ပါ လမ်းခွဲခဲ့ပါတယ်။

Photo Credit

”အာဆင်နယ်အသင်းက ကျွန်တော့်ကို အမြဲတမ်းထောက်ခံအားပေးခဲ့တယ်လို့ ခံစားရပါတယ်။ အဲဒီအရာတွေထက် ကျွန်တော်ရယူခဲ့တဲ့အရာကတော့ ပရိသတ်တွေရဲ့အားပေးမှုပါ။ ကျွန်တော့်ရင်ထဲမှာ ငြိဝင်နေတဲ့ဆူးကတော့ အာဆင်နယ်ပရိသတ်တွေကို ကွင်းထဲကနေ နှုတ်မဆက်နိုင်ခဲ့တာဖြစ်ပြီး ဒီအတွက်လည်း နောင်တရမိပါတယ်”လို့ ကာဇိုလာက ပြောပါတယ်။

Photo Credit

ကာဇိုလာဟာ ၂၀၁၈ နွေရာသီမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီးနောက် စာချုပ်သစ်မချုပ်ဆိုဖြစ်လို့ အသင်းနဲ့ လမ်းခွဲခဲ့ပြီး ကြံ့ခိုင်မှုပြည့်ဝနေစေရေးအတွက် အလာဗက်စ်လူငယ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ အဲဒီနောက် သူဟာ ၂၀၁၈ နွေရာသီကာလကို အသင်းဟောင်း ဗီလာရီးရဲလ်အသင်းနဲ့အတူ ဖြတ်သန်းခဲ့ပြီး ၆၃၆ ရက်အတွင်း ပထမဆုံးပွဲအဖြစ် ဟီရာကလက်စ်နဲ့ခြေစမ်းပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရာ အားလုံးက သူ့ကို လက်ခုပ်တီးကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။

Photo Credit

အဲဒီနောက်တော့ ဗီလာရီးရဲလ်က သူ့ကို တတိယအကြိမ်မြောက် စာချုပ်ချုပ်ဆိုခဲ့ပြီး ကာဇိုလာလည်း အသင်းနဲ့ ပြန်လည်လက်တွဲခဲ့တာက စာနာစိတ်အရင်းခံကြောင့်မဟုတ်ဘဲ သူ့ခြေစွမ်းကြောင့်ဆိုတဲ့အချက်အတွက် သက်သေပြဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ အသင်းတာဝန်ရှိသူတွေရော ကာယကံရှင်ဖြစ်သူကပါ ကာဇိုလာအနေနဲ့ အမြင့်ဆုံးအဆင့်မှာ ပြန်လည်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ခဲ့ကြပါတယ်။ သူတို့ရဲ့ခံယူချက်ကလည်း မမှားပါဘူး။

Photo Credit

ကာဇိုလာဟာ အံ့အားသင့်စရာကောင်းတဲ့ဘောလုံးအပေးအယူတွေ၊ လက်ဖျားခါရလောက်တဲ့ဘောလုံးအမြင်တွေနဲ့အတူ ယမန်နှစ်ရာသီက ဗီလာရီးရဲလ်ကွင်းလယ်ကို အကောင်းဆုံးထိန်းကျောင်းမောင်းနှင်နိုင်ခဲ့ပြီး သူကိုယ်တိုင်က ၄ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ၁၀ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ သူဟာ လာလီဂါမှာ ပုံမှန်စွမ်းဆောင်ရည်ပြသနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ကွာတားဖိုင်နယ်အထိ ဗီလာရီးရဲလ်အသင်း တက်ရောက်နိုင်ခဲ့ရာမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ယမန်နှစ်ရာသီက အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ်ပါ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

Photo Credit

ဒီထက်ပိုပြီး အမှတ်ရစရာကောင်းတာက မေလအတွင်း စပိန်အသင်းမှာပါ ပြန်လည်ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ဇွန်လအတွင်း ဖာရိုးကျွန်းစုကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၁၃၀၂ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် စပိန်အသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ ”ထိပ်တန်းအဆင့်မှာ တစ်ပွဲကစားခွင့်ရဖို့အတွက် အချိန်အကြာကြီးစောင့်ခဲ့ရပြီး လက်ရွေးစင်အသင်းအတွက်ဆို စဉ်းစားသာကြည့်ပါတော့ဗျာ”

Photo Credit

”ကျွန်တော်ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့အရာအားလုံးကို ကြည့်လိုက်ရင် ဒီလိုဖြစ်လာဖို့က မျှော်လင့်မထားတဲ့အရာတွေဖြစ်ပါတယ်။ အခုတော့ ကျွန်တော်လည်း စိန်ခေါ်မှုသစ်၊ မျှော်လင့်ချက်အသစ်တွေနဲ့အတူ ပြန်လည်ရှင်သန်နေပါပြီ။ ဒီလိုရပ်တည်နေတာကလည်း တကယ့်ကိုအားကစားဆိုင်ရအကြောင်းပြချက်နဲ့ပါ။ သူတို့ကတော့ ဒါတွေက ကျွန်တော်ယူဆောင်လာတဲ့အရာတွေလို့ ပြောပါတယ်”

Photo Credit

”ကျွန်တော့်ဖြစ်ရပ်မှာ ရင်ဆိုင်ခဲ့ရတဲ့ဒဏ်ရာပြဿနာတွေကြောင့် ပိုပြီးစပယ်ရှယ်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအချက်က ဒီနေ့ ဒီလိုကျွန်တော်ရှိနေရခြင်းရဲ့အကြောင်းပြချက်မဟုတ်ဘဲ ကိုယ့်အသက်အရွယ်မှာ တခြားကစားသမားတွေအတွက် ဥပမာကောင်းလည်းဖြစ်ချင်ပါတယ်။ အဓိကကတော့ ဘယ်တော့မှအရှုံးမပေးပါနဲ့ဆိုတာပါပဲ။ ဒီလိုဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ကာလအတွင်း ပုဝါဖြူပစ်တင်ပြီး အရှုံးပေးရလိမ့်မယ်လို့ အားလုံးထင်မှတ်ခဲ့ကြတာပါ”

Photo Credit

”ဒါပေမဲ့ ဒီလိုပြန်လည်တက်လှမ်းနိုင်ခဲ့တာက တကယ့်ကိုခရီးအဝေးကြီးကနေ ရောက်လာရသလိုဖြစ်ပါတယ်။ တကယ်လို့ အခုလိုကျွန်တော်မလုပ်နိုင်ခဲ့ရင်လည်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မှာမဟုတ်သလို ဒီထက်ပိုလုပ်နိုင်ရမှာလို့လည်း တွေးနေမှာမဟုတ်ပါဘူး”လို့ ကာဇိုလာက ပြောပါတယ်။ ကွင်းဘေးထိုင်နေရာကနေ သတင်းလူသားဖြစ်လာတဲ့ ကာဇိုလဟာ ယမန်နှစ်ဒီဇင်ဘာလက အသက် ၃၄နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ကပ်ဘေးကနေ အောင်မြင်မှုဆီ တက်လှမ်းနိုင်ခဲ့တာဖြစ်သလို အသက် ၃၅နှစ်ပြည့်တော့မှာဖြစ်ပေမယ့် အသက်အရွယ်ကြောင့် ခြေစွမ်းကျဆင်းနေပြီဆိုတဲ့အရိပ်အယောင်လည်း မပြသေးပါဘူး။ ဒီရာသီမှာဆို ပိုလို့တောင် ခြေစွမ်းပြနေပြီး လာလီဂါ ၇ပွဲကစားပြီးချိန်မှာ ၄ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပါတယ်။

Photo Credit

ကာဇိုလာဟာ သူ နောက်ဆုံးပါဝင်ကစားခဲ့တဲ့ ၃ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ပြီး ၂၀၁၉-၂၀ ရာသီမှာ အရင်ကထက်တောင် ပိုကောင်းလာနိုင်တာ သေချာနေပါတယ်။ အထူးသဖြင့် စက်တင်ဘာလနှောင်းပိုင်းအတွင်း ဘာစီလိုနာနဲ့ပွဲမှာ အိမ်ရှင်အသင်းဘက် အားသိပ်မယူဘဲ အဝေးကနေ ကန်သွင်းသွားတဲ့ဂိုးက ကာဇိုလာအနေနဲ့ အကြီးကျယ်ဆုံးသောအဆင့်မှာ တောက်ပနိုင်စွမ်းရှိသေးတယ်ဆိုတဲ့အချက်ကို သက်သေပြနေတာပါ။ အမျိုးသားတစ်ဦးအနေနဲ့ ဘယ်တော့မှအရှုံးမပေးတတ်တဲ့ကာဇိုလာရဲ့အနိုင်မခံ၊ အရှုံးမပေးစိတ်ဓာတ်က ကစားသမားတိုင်းအတွက် အားကျအတုယူဖွယ်ပြယုဂ်အဖြစ်တောင် ရှိသင့်ပါတယ်။ ကာဇိုလာရဲ့ Comeback က ဘောလုံးပွဲတွေရဲ့အကြီးကျယ်ဆုံးသော ဖြစ်ရပ်မှန်ပုံပြင်တစ်ပုဒ်လည်းဖြစ်ပါတယ်။

Photo Credit

Zawgyi

ဘယ္ေတာ့မွအ႐ံႈးမေပးပါနဲ႔…ဒဏ္ရာအိပ္မက္ဆုိးေတြထဲကေန သူ႕ကိုယ္သူျပန္လည္ဆြဲတင္ႏိုင္ခဲ့သူတစ္ေယာက္အေၾကာင္း

ဆန္တီကာဇိုလာဟာ ၆၃၆ ရက္ၾကာ ေဘာလုံးမကစားရဘဲ ရွည္ၾကာလြန္းတဲ့ညေတြကို ျဖတ္သန္းခဲ့ရပါတယ္။ ဖေနာင့္ေၾကာဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရတာျဖစ္ၿပီး ၂၀၁၆ ေအာက္တုိဘာလမွာေတာ့ အဲဒီအခ်ိန္တုန္းက အာဆင္နယ္အသင္းမွာရွိေနဆဲျဖစ္တဲ့ ကာဇိုလာကို ဆရာ၀န္ေတြက စိတ္မေကာင္းစရာေကာင္းတဲ့ဒဏ္ရာသတင္းစကား ေျပာလာပါတယ္။ ”တကယ္လုိ႔ မင္းသာ ကုိယ့္သားနဲ႔အတူ ပန္းၿခံထဲ လမ္းျပန္ေလွ်ာက္ႏိုင္ရင္ စိတ္ေက်နပ္စရာပါပဲလုိ႔ ဆရာ၀န္ေတြက ကၽြန္ေတာ့္ကို ေျပာခဲ့ပါတယ္။
”ကၽြန္ေတာ့္အေနနဲ႔ ဒဏ္ရာကုသရတာ အမ်ားႀကီးျဖစ္ခဲ့ၿပီး အဲဒီအတြက္ေၾကာင့္ပဲ ဖေနာင့္မွာရွိတဲ့အ႐ိုးလည္း ပ်က္စီးသြားခဲ့ရပါတယ္။ အဓိကကေတာ့ ဖေနာင့္ေၾကာေတြ ပ်က္ကုန္တာပါပဲ”လုိ႔ ကာဇိုလာက ၿပီးခဲ့တဲ့ႏွစ္အတြင္း မာကာသတင္းစာကို ေျပာခဲ့ပါတယ္။
ကာဇိုလာဟာ ဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ ခြဲစိတ္ကုသမႈ ၁ဝႀကိမ္အထိျပဳလုပ္ခဲ့ရၿပီး တစ္ေနရာကေန အေရျပားအစားထုိးဆက္ရမႈအျဖစ္ သူ႕သမီးနာမည္ တက္တူးေရးထိုးထားတဲ့ လက္ဖ်ံက အသားစကို ဖေနာင့္ေၾကာမွာ အစားထိုးကုသခံခဲ့ရၿပီးေနာက္ ကာဇိုလာအေနနဲ႔ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန အနားယူရေတာ့မယ္လုိ႔ အားလုံး ထင္မွတ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ေဘာလုံးကို လွပတဲ့အၿပံဳးတစ္ပြင့္လို ဖန္တီးႏိုင္စြမ္းရွိတဲ့ ကာဇိုလာကေတာ့ ဒီလုိစိတ္ဓာတ္က်စရာကိစၥေတြေၾကာင့္ သူ႕ကစားသမားဘ၀ကို အလဲထိုးမခံဘဲ အားမေလွ်ာ့စတမ္းႀကိဳးစားခဲ့ပါတယ္။
သူဟာ ၂ႏွစ္နီးပါးၾကာတဲ့အထိ ႏႈတ္ခမ္းတင္းတင္းေစ့ကာ ေဘာလုံးျပန္ကစားႏုိင္ဖို႔ ႀကိဳးစားခဲ့ၿပီး ျမက္ခင္းစိမ္းေတြထက္ ျပန္လည္ေျခခ်ႏိုင္ေရးအတြက္ အာဆင္နယ္အသင္းနဲ႔ပါ လမ္းခြဲခဲ့ပါတယ္။
”အာဆင္နယ္အသင္းက ကၽြန္ေတာ့္ကို အၿမဲတမ္းေထာက္ခံအားေပးခဲ့တယ္လုိ႔ ခံစားရပါတယ္။ အဲဒီအရာေတြထက္ ကၽြန္ေတာ္ရယူခဲ့တဲ့အရာကေတာ့ ပရိသတ္ေတြရဲ႕အားေပးမႈပါ။ ကၽြန္ေတာ့္ရင္ထဲမွာ ၿငိ၀င္ေနတဲ့ဆူးကေတာ့ အာဆင္နယ္ပရိသတ္ေတြကို ကြင္းထဲကေန ႏႈတ္မဆက္ႏုိင္ခဲ့တာျဖစ္ၿပီး ဒီအတြက္လည္း ေနာင္တရမိပါတယ္”လုိ႔ ကာဇိုလာက ေျပာပါတယ္။
ကာဇိုလာဟာ ၂၀၁၈ ေႏြရာသီမွာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားၿပီးေနာက္ စာခ်ဳပ္သစ္မခ်ဳပ္ဆုိျဖစ္လုိ႔ အသင္းနဲ႔ လမ္းခြဲခဲ့ၿပီး ႀက့ံခုိင္မႈျပည့္၀ေနေစေရးအတြက္ အလာဗက္စ္လူငယ္အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းခဲ့ပါတယ္။ အဲဒီေနာက္ သူဟာ ၂၀၁၈ ေႏြရာသီကာလကို အသင္းေဟာင္း ဗီလာရီးရဲလ္အသင္းနဲ႔အတူ ျဖတ္သန္းခဲ့ၿပီး ၆၃၆ ရက္အတြင္း ပထမဆုံးပြဲအျဖစ္ ဟီရာကလက္စ္နဲ႔ေျခစမ္းပြဲမွာ လူစား၀င္ကစားသမားအျဖစ္ ပါ၀င္ကစားခဲ့ရာ အားလုံးက သူ႕ကို လက္ခုပ္တီးႀကိဳဆုိဂုဏ္ျပဳခဲ့ပါတယ္။
အဲဒီေနာက္ေတာ့ ဗီလာရီးရဲလ္က သူ႕ကို တတိယအႀကိမ္ေျမာက္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ကာဇိုလာလည္း အသင္းနဲ႔ ျပန္လည္လက္တြဲခဲ့တာက စာနာစိတ္အရင္းခံေၾကာင့္မဟုတ္ဘဲ သူ႕ေျခစြမ္းေၾကာင့္ဆုိတဲ့အခ်က္အတြက္ သက္ေသျပဖို႔ စိတ္ပိုင္းျဖတ္ခဲ့ပါတယ္။ အသင္းတာ၀န္ရွိသူေတြေရာ ကာယကံရွင္ျဖစ္သူကပါ ကာဇိုလာအေနနဲ႔ အျမင့္ဆုံးအဆင့္မွာ ျပန္လည္ကစားဖို႔ အဆင္သင့္ျဖစ္ေနၿပီလုိ႔ ယုံၾကည္ခဲ့ၾကပါတယ္။ သူတုိ႔ရဲ႕ခံယူခ်က္ကလည္း မမွားပါဘူး။
ကာဇိုလာဟာ အံ့အားသင့္စရာေကာင္းတဲ့ေဘာလုံးအေပးအယူေတြ၊ လက္ဖ်ားခါရေလာက္တဲ့ေဘာလုံးအျမင္ေတြနဲ႔အတူ ယမန္ႏွစ္ရာသီက ဗီလာရီးရဲလ္ကြင္းလယ္ကို အေကာင္းဆုံးထိန္းေက်ာင္းေမာင္းႏွင္ႏိုင္ခဲ့ၿပီး သူကုိယ္တုိင္က ၄ဂိုးသြင္းယူႏုိင္ခ့ဲသလုိ ဂိုးဖန္တီးမႈလည္း ၁၀ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ သူဟာ လာလီဂါမွာ ပုံမွန္စြမ္းေဆာင္ရည္ျပသႏုိင္ခဲ့သလုိ ၿပီးခဲ့တဲ့ရာသီက ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္အထိ ဗီလာရီးရဲလ္အသင္း တက္ေရာက္ႏိုင္ခဲ့ရာမွာလည္း ေျခစြမ္းျပႏုိင္ခဲ့ၿပီးေနာက္ ယမန္ႏွစ္ရာသီက အသင္းရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားအျဖစ္ပါ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။
ဒီထက္ပိုၿပီး အမွတ္ရစရာေကာင္းတာက ေမလအတြင္း စပိန္အသင္းမွာပါ ျပန္လည္ေရြးခ်ယ္ခံခဲ့ရတာျဖစ္ၿပီး ဇြန္လအတြင္း ဖာ႐ိုးကၽြန္းစုကို ၄-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ၁၃၀၂ ရက္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ စပိန္အသင္းအတြက္ ပြဲထြက္ကစားခြင့္ရရွိခဲ့ပါတယ္။ ”ထိပ္တန္းအဆင့္မွာ တစ္ပြဲကစားခြင့္ရဖို႔အတြက္ အခ်ိန္အၾကာႀကီးေစာင့္ခဲ့ရၿပီး လက္ေရြးစင္အသင္းအတြက္ဆုိ စဥ္းစားသာၾကည့္ပါေတာ့ဗ်ာ”
”ကၽြန္ေတာ္ရင္ဆုိင္ေက်ာ္ျဖတ္ခဲ့တဲ့အရာအားလုံးကို ၾကည့္လုိက္ရင္ ဒီလုိျဖစ္လာဖို႔က ေမွ်ာ္လင့္မထားတဲ့အရာေတြျဖစ္ပါတယ္။ အခုေတာ့ ကၽြန္ေတာ္လည္း စိန္ေခၚမႈသစ္၊ ေမွ်ာ္လင့္ခ်က္အသစ္ေတြနဲ႔အတူ ျပန္လည္ရွင္သန္ေနပါၿပီ။ ဒီလုိရပ္တည္ေနတာကလည္း တကယ့္ကိုအားကစားဆုိင္ရအေၾကာင္းျပခ်က္နဲ႔ပါ။ သူတုိ႔ကေတာ့ ဒါေတြက ကၽြန္ေတာ္ယူေဆာင္လာတဲ့အရာေတြလုိ႔ ေျပာပါတယ္”
”ကၽြန္ေတာ့္ျဖစ္ရပ္မွာ ရင္ဆုိင္ခဲ့ရတ့ဲဒဏ္ရာျပႆနာေတြေၾကာင့္ ပိုၿပီးစပယ္ရွယ္ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီအခ်က္က ဒီေန႔ ဒီလုိကၽြန္ေတာ္ရွိေနရျခင္းရဲ႕အေၾကာင္းျပခ်က္မဟုတ္ဘဲ ကိုယ့္အသက္အရြယ္မွာ တျခားကစားသမားေတြအတြက္ ဥပမာေကာင္းလည္းျဖစ္ခ်င္ပါတယ္။ အဓိကကေတာ့ ဘယ္ေတာ့မွအ႐ံႈးမေပးပါနဲ႔ဆုိတာပါပဲ။ ဒီလိုဒဏ္ရာျပႆနာေတြနဲ႔ရင္ဆုိင္ေနရတဲ့ကာလအတြင္း ပု၀ါျဖဴပစ္တင္ၿပီး အ႐ံႈးေပးရလိမ့္မယ္လုိ႔ အားလုံးထင္မွတ္ခဲ့ၾကတာပါ”
”ဒါေပမဲ့ ဒီလုိျပန္လည္တက္လွမ္းႏိုင္ခဲ့တာက တကယ့္ကိုခရီးအေ၀းႀကီးကေန ေရာက္လာရသလုိျဖစ္ပါတယ္။ တကယ္လုိ႔ အခုလိုကၽြန္ေတာ္မလုပ္ႏိုင္ခဲ့ရင္လည္း ကုိယ့္ကုိယ္ကုိယ္အျပစ္တင္မွာမဟုတ္သလို ဒီထက္ပိုလုပ္ႏိုင္ရမွာလို႔လည္း ေတြးေနမွာမဟုတ္ပါဘူး”လုိ႔ ကာဇိုလာက ေျပာပါတယ္။ ကြင္းေဘးထုိင္ေနရာကေန သတင္းလူသားျဖစ္လာတဲ့ ကာဇိုလဟာ ယမန္ႏွစ္ဒီဇင္ဘာလက အသက္ ၃၄ႏွစ္ျပည့္ခဲ့ၿပီျဖစ္ၿပီး ကပ္ေဘးကေန ေအာင္ျမင္မႈဆီ တက္လွမ္းႏိုင္ခ့ဲတာျဖစ္သလို အသက္ ၃၅ႏွစ္ျပည့္ေတာ့မွာျဖစ္ေပမယ့္ အသက္အရြယ္ေၾကာင့္ ေျခစြမ္းက်ဆင္းေနၿပီဆုိတဲ့အရိပ္အေယာင္လည္း မျပေသးပါဘူး။ ဒီရာသီမွာဆုိ ပိုလုိ႔ေတာင္ ေျခစြမ္းျပေနၿပီး လာလီဂါ ၇ပဲြကစားၿပီးခ်ိန္မွာ ၄ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၃ႀကိမ္အထိ ျပဳလုပ္ေပးထားႏိုင္ပါတယ္။
ကာဇိုလာဟာ သူ ေနာက္ဆုံးပါ၀င္ကစားခဲ့တဲ့ ၃ပြဲဆက္ဂိုးသြင္းႏုိင္ခဲ့ၿပီး ၂၀၁၉-၂၀ ရာသီမွာ အရင္ကထက္ေတာင္ ပိုေကာင္းလာႏုိင္တာ ေသခ်ာေနပါတယ္။ အထူးသျဖင့္ စက္တင္ဘာလေႏွာင္းပိုင္းအတြင္း ဘာစီလုိနာနဲ႔ပြဲမွာ အိမ္ရွင္အသင္းဘက္ အားသိပ္မယူဘဲ အေ၀းကေန ကန္သြင္းသြားတဲ့ဂိုးက ကာဇိုလာအေနနဲ႔ အႀကီးက်ယ္ဆုံးေသာအဆင့္မွာ ေတာက္ပႏိုင္စြမ္းရွိေသးတယ္ဆိုတဲ့အခ်က္ကို သက္ေသျပေနတာပါ။ အမ်ိဳးသားတစ္ဦးအေနနဲ႔ ဘယ္ေတာ့မွအ႐ံႈးမေပးတတ္တဲ့ကာဇိုလာရဲ႕အႏိုင္မခံ၊ အ႐ံႈးမေပးစိတ္ဓာတ္က ကစားသမားတုိင္းအတြက္ အားက်အတုယူဖြယ္ျပယုဂ္အျဖစ္ေတာင္ ရွိသင့္ပါတယ္။ ကာဇိုလာရဲ႕ Comeback က ေဘာလုံးပြဲေတြရဲ႕အႀကီးက်ယ္ဆုံးေသာ ျဖစ္ရပ္မွန္ပုံျပင္တစ္ပုဒ္လည္းျဖစ္ပါတယ္။