ဘယ်ကစားကွက်က ဖာနန်ဒက်စ်အတွက် အသင့်လျော်ဆုံးဖြစ်မလဲ

Photo- Internet
Photo- Internet

မန်ယူအသင်းဟာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကိုခေါ်ယူခဲ့ပြီးနောက် အသင်းရဲ့ဖန်တီးမှုပိုင်းနဲ့ ဘောလုံးဖြန့်ဝေမှုပိုင်းမှာ တိုးတက်လာမယ်လို့ ယုံကြည်ထားကြပေမယ့် နည်းပြ ဆိုးလ်ရှားအနေနဲ့ ဖာနန်ဒက်စ်ရဲ့အကောင်းဆုံးခြေစွမ်းရရှိအောင် အသုံးပြုတတ်ဖို့လိုတယ်လို့ ကွင်းလယ်လူဟောင်း ရွိုင်ယန်ဂစ်က ပြောလိုက်ပါတယ်။

မန်ယူအတွက်ပွဲအများဆုံးကစားသူဖြစ်ခဲ့တဲ့ ဂစ်က ဖာနန်ဒက်စ်ဟာ စည်းကမ်းပိုင်းဆိုင်ရာမှတ်တမ်းကောင်းမွန်သူမဟုတ်လို့ သူ့ကိုကွင်းလယ်မှာအနည်းငယ်နောက်ဆင်းစေပြီး ဘောလုံးဖြန့်ဝေပေးရမယ့် တာဝန်အပြင် ခံစစ်ကိုပါကူပေးရမယ့် တာဝန်ပေးမှာကို စိုးရိမ်နေပါတယ်။ ဒီပေါ်တူဂီသားဟာ ပြီးခဲ့တဲ့ရာသီက စပို့တင်းအတွက်ကစားခဲ့ရာမှာ အဝါကတ် ၁၆ ကြိမ်ထိခဲ့ပါတယ်။ ဒီရာသီမှာလည်း အနီကတ်တစ်ကြိမ်အပါအဝင် စုစုပေါင်း ၉ ကြိမ်သတိပေးခံထားရတဲ့သူပါ။

Photo- Internet

ဖာနန်ဒက်စ်ဟာ ခြေထဲဘောလုံးရှိချိန်မှာသာအကောင်းဆုံးဖြစ်လို့ သူ့ကိုတိုက်စစ်အတွက်ဘဲဦးစားပေးကစားဖို့ ဂစ်ကတိုက်တွန်းခဲ့ပါတယ်။ သူဟာဝုဗ်နဲ့ပွဲဦးထွက်ကစားခဲ့ရာမှာ ပြိုင်ဘက်ဂျီမီနက်ဇ်ကို ဖျက်ထုတ်ပုံမသေသပ်လို့ အဝါကတ်ပြသတိပေးခံခဲ့ရပါတယ်။ ဒါဟာ သူတင်ကိုယ်တင်ဖြစ်တဲ့ပွဲတွေမှာ အထုတ်ခံရမယ့်အခြေအနေထိဖြစ်သွားမှာကိုလည်း ဂစ်ကစိုးရိမ်နေပါတယ်။ ဒီတော့ ဖာနန်ဒက်စ်အတွက် ဘယ်ကစားကွက်ကအသင့်လျော်ဆုံးဖြစ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Photo- Internet

ကျောနံပါတ် ၁၀ နေရာ

ဝုဗ်နဲ့ပွဲမှာ ကစားခဲ့တဲ့ပုံစံဖြစ်ပြီး တိုက်စစ်မှူ း မာရှယ်ရဲ့နောက်ကနေ တိုက်စစ်အတွက်ထောက်ပံ့ပေးခဲ့ရသူပါ။ ဒီနေရာမှာ ကစားခြင်းဖြင့် သူဟာတိုက်စစ်မှူ းဆီဘောလုံးပေးပို့နိုင်စွမ်းရှိသလို တောင်ပံတွေကိုလည်းဘောလုံးဖြန့်ထုတ်နိုင်စွမ်းလည်းရှိပါတယ်။ လိုအပ်တဲ့အချိန်မှာလည်း ဂိုးဧရိယာထိပ်ကနေ ကောင်းမွန်တဲ့ကန်ချက်တွေနဲ့ ပြိုင်ဘက်ကိုခြိမ်းခြောက်နိုင်စွမ်းလည်းရှိပါတယ်။ ဒီအတွက်ဆိုးလ်ရှားအကြိုက်ဖြစ်တဲ့ ၄-၂-၃-၁ ကစားကွက်ကိုလည်းအသုံးပြုရတာဖြစ်လို့ အဆင်ပြေမယ်လို့ ဆိုကြပါတယ်။ နောက်ပြီး မန်ယူမှာကျောနံပါတ် ၁၀ အခန်းကဏ္ဍ ပျောက်ဆုံးနေတာကြာပြီဖြစ်လို့ ဖာနန်ဒက်စ်ကြောင့် တိုးတက်လာဖို့လည်းရှိနေပါတယ်။

Photo- Internet

ကွင်းလယ်မှာအနောက်ကိုအနည်းငယ်ဆင်းကစားရမယ့်ပုံစံ

ဒီအတွက်လည်း ဆိုးလ်ရှားအကြိုက်ဖြစ်တဲ့ ၄-၂-၃-၁ ပုံစံကိုဘဲကျင့်သုံးရမှာပါ။ ဒါပေမယ့် ဖာနန်ဒက်စ်ကိုနေရာချထားမှုကတော့ပြောင်းလဲသွားမှာဖြစ်ပြီး ကွင်းလယ်ဗဟိုမှာဘဲကစားကာ ဘောလုံးဖြန့်ဝေပေးမှုအပြင် ခံစစ်ကိုလည်းကူရမှာဖြစ်ပါတယ်။ သူဟာ အဲဒီနေရာမှာ တွမ်မီနေး၊ ဖရက်ဒ်၊ ပေါ့ဂ်ဘာတို့ထဲက တစ်ဦးနဲ့တွဲဖက်ရမှာပါ။ ဒီနေရာမှာကစားရင် ဖာနန်ဒက်စ်ဟာ တိကျတဲ့အဝေးဘောတွေပေးပို့နိုင်မှာဖြစ်ပေမယ့်လည်း ခံစစ်ကိုကူရမှာကတော့ သူ့အတွက်အကောင်းဆုံးနေရာဖြစ်လာမှာ မဟုတ်ပါဘူး။ သူဟာ စပို့တင်းမှာရှိတုန်းက ဒီနေရာမှာကစားခဲ့ဘူးပေမယ့် အကောင်းဆုံးမဖြစ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

Photo- Internet

ကွင်းလယ်ညာတောင်ပံနေရာ

ဆိုးလ်ရှားက ၄-၃-၃ ကစားကွက်အသုံးပြုမယ်ဆိုရင် ဖာနန်ဒက်စ်ဟာ ကွင်းလယ် ၃ ဦးတန်းမှာ ညာတောင်ပံနေရာကနေ ကစားရဖို့ရှိပါတယ်။ ဒါဆိုရင်သူဟာ တိုက်စစ်မှူ း ၃ ဦးရဲ့နောက်ကနေ လိုက်ပါရမယ့်အပြင် ဒန်နီရယ်ဂျိမ်းစ်နဲ့ ခံစစ်ကနေတက်လာမယ့် ဘစ်ဆာကာ တို့လိုလျင်မြန်တဲ့သူတွေနဲ့ တွဲဖက်ရမှာဖြစ်လို့ တိုက်စစ်ပိုင်းထိရောက်နိုင်ပါတယ်။ ဒီကစားကွက်သာကျင့်သုံးမယ်ဆိုရင် အရင်ကတည်းက ကွင်းလယ်ဘယ်အစွန်မှာကစားလိုတဲ့ ပေါ့ဂ်ဘာအတွက်လည်း အဆင်ပြေမှာဖြစ်လို့ မန်ယူရဲ့တောင်ပံနှစ်ဖက်စလုံးအသက် ဝင်လာမယ်လို့ ဆိုကြပါတယ်။

Photo- Internet

တိုက်စစ်မှူ း ၃ ဦးနောက်ကနေကစားရမယ့်နေရာ

နောက်ထပ်ဖြစ်နိုင်ချေရှိတဲ့ ကစားကွက်ကတော့ ၄-၂-၁-၃ ပုံစံဖြစ်ပြီး တိုက်စစ်မှူ း ၃ ဦးရဲ့နောက်ကနေ ဖာနန်ဒက်စ်လိုက်ပါကစားရမှာဖြစ်ပါတယ်။ ဒါဟာ တိုက်စစ်မှူ း ၃ ဦးဆီ တစ်ဦးမဟုတ်တစ်ဦးကို ဘောလုံးပေးပို့နိုင်မှာဖြစ်လို့ ခံစစ်ပိတ်ကစားတဲ့အသင်းတွေနဲ့တွေ့ရင် အဆင်ပြေနိုင်မယ့် ပုံစံဖြစ်ပါတယ်။ ဒါပေမယ့်လည်း အားနည်းချက်ဖြစ်လာနိုင်တာက ကွင်းလယ်ဗဟိုနဲ့ပြန်ချိတ်ရင် ဟန်ချက်မညီမှုတွေဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

Photo- Internet

Zawgyi

ဘယ္ကစားကြက္က ဖာနန္ဒက္စ္အတြက္ အသင့္ေလ်ာ္ဆုံးျဖစ္မလဲ

မန္ယူအသင္းဟာ ကြင္းလယ္လူ ဖာနန္ဒက္စ္ကိုေခၚယူခဲ့ၿပီးေနာက္ အသင္းရဲ႕ဖန္တီးမႈပိုင္းနဲ႔ ေဘာလုံးျဖန္႔ေ၀မႈပိုင္းမွာ တိုးတက္လာမယ္လို႔ ယုံၾကည္ထားၾကေပမယ္႔ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဖာနန္ဒက္စ္ရဲ႕အေကာင္းဆုံးေျခစြမ္းရရွိေအာင္ အသုံးျပဳတတ္ဖို႔လိုတယ္လို႔ ကြင္းလယ္လူေဟာင္း ရြိဳင္ယန္ဂစ္က ေျပာလိုက္ပါတယ္။

မန္ယူအတြက္ပြဲအမ်ားဆုံးကစားသူျဖစ္ခဲ့တဲ႔ ဂစ္က ဖာနန္ဒက္စ္ဟာ စည္းကမ္းပိုင္းဆိုင္ရာမွတ္တမ္းေကာင္းမြန္သူမဟုတ္လို႔ သူ႔ကိုကြင္းလယ္မွာအနည္းငယ္ေနာက္ဆင္းေစၿပီး ေဘာလုံးျဖန္႔ေ၀ေပးရမယ္႔ တာ၀န္အျပင္ ခံစစ္ကိုပါကူေပးရမယ္႔ တာ၀န္ေပးမွာကို စိုးရိမ္ေနပါတယ္။ ဒီေပၚတူဂီသားဟာ ၿပီးခဲ့တဲ႔ရာသီက စပို႔တင္းအတြက္ကစားခဲ့ရာမွာ အ၀ါကတ္ ၁၆ ႀကိမ္ထိခဲ့ပါတယ္။ ဒီရာသီမွာလည္း အနီကတ္တစ္ႀကိမ္အပါအ၀င္ စုစုေပါင္း ၉ ႀကိမ္သတိေပးခံထားရတဲ႔သူပါ။

ဖာနန္ဒက္စ္ဟာ ေျခထဲေဘာလုံးရွိခ်ိန္မွာသာအေကာင္းဆုံးျဖစ္လို႔ သူ႔ကိုတိုက္စစ္အတြက္ဘဲဦးစားေပးကစားဖို႔ ဂစ္ကတိုက္တြန္းခဲ့ပါတယ္။ သူဟာ၀ုဗ္နဲ႔ပြဲဦးထြက္ကစားခဲ့ရာမွာ ၿပိဳင္ဘက္ဂ်ီမီနက္ဇ္ကို ဖ်က္ထုတ္ပုံမေသသပ္လို႔ အ၀ါကတ္ျပသတိေပးခံခဲ့ရပါတယ္။ ဒါဟာ သူတင္ကိုယ္တင္ျဖစ္တဲ႔ပြဲေတြမွာ အထုတ္ခံရမယ္႔အေျခအေနထိျဖစ္သြားမွာကိုလည္း ဂစ္ကစိုးရိမ္ေနပါတယ္။ ဒီေတာ႔ ဖာနန္ဒက္စ္အတြက္ ဘယ္ကစားကြက္ကအသင့္ေလ်ာ္ဆုံးျဖစ္မလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

ေက်ာနံပါတ္ ၁၀ ေနရာ

၀ုဗ္နဲ႔ပြဲမွာ ကစားခဲ့တဲ႔ပုံစံျဖစ္ၿပီး တိုက္စစ္မွဴ း မာရွယ္ရဲ႕ေနာက္ကေန တိုက္စစ္အတြက္ေထာက္ပံ႔ေပးခဲ့ရသူပါ။ ဒီေနရာမွာ ကစားျခင္းျဖင့္ သူဟာတိုက္စစ္မွဴ းဆီေဘာလုံးေပးပို႔ႏိုင္စြမ္းရွိသလို ေတာင္ပံေတြကိုလည္းေဘာလုံးျဖန္႔ထုတ္ႏိုင္စြမ္းလည္းရွိပါတယ္။ လိုအပ္တဲ႔အခ်ိန္မွာလည္း ဂိုးဧရိယာထိပ္ကေန ေကာင္းမြန္တဲ႔ကန္ခ်က္ေတြနဲ႔ ၿပိဳင္ဘက္ကိုၿခိမ္းေျခာက္ႏိုင္စြမ္းလည္းရွိပါတယ္။ ဒီအတြက္ဆိုးလ္ရွားအႀကိဳက္ျဖစ္တဲ႔ ၄-၂-၃-၁ ကစားကြက္ကိုလည္းအသုံးျပဳရတာျဖစ္လို႔ အဆင္ေျပမယ္လို႔ ဆိုၾကပါတယ္။ ေနာက္ၿပီး မန္ယူမွာေက်ာနံပါတ္ ၁၀ အခန္းက႑ ေပ်ာက္ဆုံးေနတာၾကာၿပီျဖစ္လို႔ ဖာနန္ဒက္စ္ေၾကာင့္ တိုးတက္လာဖို႔လည္းရွိေနပါတယ္။

ကြင္းလယ္မွာအေနာက္ကိုအနည္းငယ္ဆင္းကစားရမယ္႔ပုံစံ

ဒီအတြက္လည္း ဆိုးလ္ရွားအႀကိဳက္ျဖစ္တဲ႔ ၄-၂-၃-၁ ပုံစံကိုဘဲက်င့္သုံးရမွာပါ။ ဒါေပမယ္႔ ဖာနန္ဒက္စ္ကိုေနရာခ်ထားမႈကေတာ႔ေျပာင္းလဲသြားမွာျဖစ္ၿပီး ကြင္းလယ္ဗဟိုမွာဘဲကစားကာ ေဘာလုံးျဖန္႔ေ၀ေပးမႈအျပင္ ခံစစ္ကိုလည္းကူရမွာျဖစ္ပါတယ္။ သူဟာ အဲဒီေနရာမွာ တြမ္မီေနး၊ ဖရက္ဒ္၊ ေပါ့ဂ္ဘာတို႔ထဲက တစ္ဦးနဲ႔တြဲဖက္ရမွာပါ။ ဒီေနရာမွာကစားရင္ ဖာနန္ဒက္စ္ဟာ တိက်တဲ႔အေ၀းေဘာေတြေပးပို႔ႏိုင္မွာျဖစ္ေပမယ္႔လည္း ခံစစ္ကိုကူရမွာကေတာ႔ သူ႔အတြက္အေကာင္းဆုံးေနရာျဖစ္လာမွာ မဟုတ္ပါဘူး။ သူဟာ စပို႔တင္းမွာရွိတုန္းက ဒီေနရာမွာကစားခဲ့ဘူးေပမယ္႔ အေကာင္းဆုံးမျဖစ္ခဲ့တာကိုလည္း ေတြ႔ခဲ့ရပါတယ္။

ကြင္းလယ္ညာေတာင္ပံေနရာ

ဆိုးလ္ရွားက ၄-၃-၃ ကစားကြက္အသုံးျပဳမယ္ဆိုရင္ ဖာနန္ဒက္စ္ဟာ ကြင္းလယ္ ၃ ဦးတန္းမွာ ညာေတာင္ပံေနရာကေန ကစားရဖို႔ရွိပါတယ္။ ဒါဆိုရင္သူဟာ တိုက္စစ္မွဴ း ၃ ဦးရဲ႕ေနာက္ကေန လိုက္ပါရမယ္႔အျပင္ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ခံစစ္ကေနတက္လာမယ္႔ ဘစ္ဆာကာ တို႔လိုလ်င္ျမန္တဲ႔သူေတြနဲ႔ တြဲဖက္ရမွာျဖစ္လို႔ တိုက္စစ္ပိုင္းထိေရာက္ႏိုင္ပါတယ္။ ဒီကစားကြက္သာက်င့္သုံးမယ္ဆိုရင္ အရင္ကတည္းက ကြင္းလယ္ဘယ္အစြန္မွာကစားလိုတဲ႔ ေပါ့ဂ္ဘာအတြက္လည္း အဆင္ေျပမွာျဖစ္လို႔ မန္ယူရဲ႕ေတာင္ပံႏွစ္ဖက္စလုံးအသက္ ၀င္လာမယ္လို႔ ဆိုၾကပါတယ္။

တိုက္စစ္မွဴ း ၃ ဦးေနာက္ကေနကစားရမယ္႔ေနရာ

ေနာက္ထပ္ျဖစ္ႏိုင္ေခ်ရွိတဲ႔ ကစားကြက္ကေတာ႔ ၄-၂-၁-၃ ပုံစံျဖစ္ၿပီး တိုက္စစ္မွဴ း ၃ ဦးရဲ႕ေနာက္ကေန ဖာနန္ဒက္စ္လိုက္ပါကစားရမွာျဖစ္ပါတယ္။ ဒါဟာ တိုက္စစ္မွဴ း ၃ ဦးဆီ တစ္ဦးမဟုတ္တစ္ဦးကို ေဘာလုံးေပးပို႔ႏိုင္မွာျဖစ္လို႔ ခံစစ္ပိတ္ကစားတဲ႔အသင္းေတြနဲ႔ေတြ႔ရင္ အဆင္ေျပႏိုင္မယ္႔ ပုံစံျဖစ္ပါတယ္။ ဒါေပမယ္႔လည္း အားနည္းခ်က္ျဖစ္လာႏိုင္တာက ကြင္းလယ္ဗဟိုနဲ႔ျပန္ခ်ိတ္ရင္ ဟန္ခ်က္မညီမႈေတြျဖစ္လာႏိုင္တယ္လို႔ သုံးသပ္ၾကပါတယ္။