ဘန်လေကိုရှုံးတဲ့ ယူနိုက်တက်ပွဲစဉ်က သတိပြုမိတဲ့အချက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အိမ်ကွင်းမှာနှစ်ဂိုးဂိုးမရှိရလဒ်နဲ့ မျက်နှာပျက်စရာကောင်းလောက်အောင်ခြေစွမ်းမကောင်းခဲ့တဲ့ ယူနိုက်တက်နဲ့ဘန်လေပွဲစဉ်က မပြောမပြီး၊မတီးမမြည်တဲ့ အချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။ ယူနိုက်တက်တို့ဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို မာရှယ်၊ ဂျိမ်းစ်၊ မာတာတို့နဲ့ ပွဲထွက်လာခဲ့ပြီးတော့ ကွင်းလယ်နေရာမှာ မာတစ်၊ ဖရက်ဒ်၊ ပါရဲရားတို့ကို အသုံးပြုခဲ့ပါတယ်။

photo internet

ခံစစ်ပိုင်းမှာတော့ ဝမ်ဘစ်ဆာကာ၊ ဖီးလ်ဂျုံးစ်၊မက်ဂွားယား၊ဝီလီယမ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ ဘန်လေအသင်းကိုဘောလုံးပိုင်ဆိုင်မှု (၇၀)ရာခိုင်နှုန်းလောက်အထိအသာစီးရယူပြီးတော့ ကစားနိုင်ခဲ့ပေမယ့် ဘဲဥကွဲအောင်မလုပ်နိုင်ခဲ့ပါဘူး။ မိမိအိမ်ကွင်းမှာယူနိုက်တက်က မဦးဆောင်နိုင်ခဲ့ပေမယ့် ဧည့်သည် ဘန်လေအသင်းကတော့ ပြတ်ပြတ်သားသားကို အနိုင်ယူခဲ့ပါတယ်။ဦးဆောင်ဂိုးကို ပြစ်ဒဏ်ဘော ကနေတစ်ဆင့်ပွဲကစားချိန်(၃၈)မိနစ်မှာ ခရစ်ဝုဒ်က သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

photo internet

ဒုတိယပိုင်းမှာတော့ နည်းပြဆိုးလ်ရှားတစ်ယောက် လူငယ်ကစားသမားလေး မေဆင်ဂရင်းဝုဒ်ကို ထုတ်သုံးခဲ့ပါတယ်။ ရက်ရှ်ဖို့နေရာမှာအစားထိုးသုံးသင့်တယ်ဆိုပြီးသတင်းထွက်တဲ့အဲဒီလူငယ်လေးကို နည်းပြဆိုးလ်ရှားတစ်ယောက် မျှော်လင့်ချက်ကြီးစွာနဲ့လူစားထိုးကစားစေခဲ့တာပါ။ ဒါပေမယ့် ဆိုးလ်ရှားရဲ့အိပ်မက်တွေအကောင်အထည်မပေါ်ခဲ့ပါဘူး။ ပွဲကစားချိန်(၅၅)မိနစ်မှာဘန်လေအသင်းက ဂျေး ရိုဒရီဂွက် ကပဲ ဒုတိယမြောက်ဂိုးကိုသွင်းယူသွားခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ လင်ဂတ်၊လုခ်ရှောတို့ကို အားကိုးခဲ့ပေမယ့် ရလဒ်က ဘာမှမပြောင်းလဲခဲ့ပါဘူး။

photo internet

ဘန်လေအသင်းဟာ တန်းဆင်းဇုန် ကနေ လွတ်မြောက် နိုင်ရေး အတွက် အားထုတ် နေတဲ့ အသင်း ဖြစ်ပါတယ် ။ ဒါပေမယ့် လက်စတာ ၊ ယူနိုက်တက်အသင်းတွေကိုဆက်တိုက် အနိုင် ယူပြီး တန်းဆင်းဇုန် နဲ့ အလှမ်း ဝေးရာ ကို တက်လှမ်း နိုင်ခဲ့ပါပြီ။ ဘန်လေနဲ့ပြောင်းပြန်ကတော့ ယူနိုက်တက်ပါ။ လီဗာပူး နဲ့ ဘန်လေ တို့ကို နှစ်ပွဲဆက် ရှုံးနိမ့် သွားခဲ့တာကြောင့် ယူနိုက်တက်နည်းပြဆိုးလ်ရှားတစ်ယောက် ကြီးမားတဲ့ ဖိအား တွေအောက် ပြန်လည် ကျရောက် ခဲ့ရ ပါပြီ ။ အနာဂတ်ကိုမျှော်မှန်းပြီး စီမံကိန်းကြီးကြီးဆွဲထားတယ်ဆိုတဲ့ နည်းပြဆိုးလ်ရှားတစ်ယောက် စီမံကိန်းပျက်ပြီး အောင်ဖျာလိပ်၊အထုတ်ပြင်ရကိန်းရှိနေပါတယ်။

photo internet

ယူနိုက်တက်အတွက်ဒဏ်ရာရကစားသမားအခြေအနေဟာလည်း ကြီးမားတဲ့ဆုံးရှုံးမှုတွေကိုဖြစ်စေပါတယ်။ ကစားသမားအသစ်တွေခေါ်ပြီးအစားထိုးအသုံးပြုသင့်တယ်ဆိုတဲ့ အကြံပေးချက်တွေကို ထိထိရောက်ရောက် မလုပ်ဆောင်တဲ့ရလဒ်ဟာ အားပေးတဲ့ ပရိသတ်အင်အားကိုတောင်လျှော့ကျလာစေပါတယ်။ ပေ့ါဂ်ဘာ၊ တော်မီနေး၊ရက်ရှ်ဖို့လ်တို့ကိုအနားပေးထားရတာဟာ အတိုး၊အလျှော့လုပ်လို့မရတဲ့ကိစ္စဖြစ်ပေမယ့် လိုအပ်တဲ့ကစားသမားကိုအစားထိုးအသုံးမပြုဘူးဆိုရင်တော့ ဒီထက်ပိုဆိုးတဲ့အနေအထားနဲ့ယူနိုက်တက်တို့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ဒါကြောင့်ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်ကိုကောင်းကောင်းအသုံးချသင့် တဲ့အခြေအနေကိုရောက်နေပါပြီ။ ယူနိုက်တက်ဘုတ်အဖွဲ့နဲ့နည်းပြတို့ဆက်လက် တွေဝေစဉ်းစားနေမယ် ဆိုရင်တော့ အိမ်ကွင်းပဲဖြစ်ဖြစ်၊အဝေးကွင်းပဲဖြစ်ဖြစ် ရလဒ်ကောင်းမှာမဟုတ်တော့ပါဘူး။

photo internet

အသင်းသားအသစ်ကို အားကိုးရမယ့်အနေအထားရှိတဲ့အပြင် ရှိပြီးသား ကစားသမားတွေကလည်း အဆင့်တက်၊ခြေစွမ်းကောင်းအောင်လုပ်ဖို့လိုပါတယ်။ ဒဏ်ရာရကစားသမားနေရာတွေမှာ သူတို့ဟာ အားကိုးထိုက်တဲ့သူတွေဖြစ်အောင်ကြိုးစားရမှာဖြစ်ပါတယ်။ အခုအချိန်မှာ မာရှယ်ဟာတခြားသူတွေထက် ပိုပြီးကြိုးစားရုန်းကန်သင့်တဲ့အနေအထားပါ။ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ မပါဝင်နိုင်ခဲ့တဲ့ ပွဲစဉ် 2 ပွဲမှာ ဂိုး လုံးဝ မသွင်း နိုင်ခဲ့ သလို မာရှယ် ဟာလည်း အပိုင် အခွင့်အရေး တွေကို လွဲချော် ခဲ့ရ ပါတယ်။

photo internet

တစ်စိုက်မတ်မတ်အားပေးလာတဲ့ ပရိသတ်မျက်နှာကိုလည်းယူနိုက်တက်တို့တစ်ချက်ထောက်ရှုသင့်နေပါပြီ။ နှစ်သစ်မှာ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေကို အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲ အထိ လာရောက် ကြည့်ရှု အားပေးသူ အင်အား သိသိသာသာ နည်းပါးလာနေပါတယ်။ ထိုင်ခုံလွတ်တွေများနေတဲ့ ကွင်းရဲ့အနာဂတ်အနေအထားဟာ အနုတ်လက္ခဏာပါပဲ။ အခုပွဲစဉ်မှာဆိုရင် ပရိသတ်တွေရဲ့ဆန္ဒပြမှုက ပိုလို့တောင် ဆိုးပါတယ်။ ယူနိုက်တက်တို့ အိမ်ကွင်း မှာတောင် မျက်နှာပျက်အောင် လုပ်ဆောင်နေကြတာကြောင့် အားပေးတဲ့ပရိသတ်တွေဟာ ပွဲမပြီးခင်မှာပဲ ကွင်းအတွင်းကနေ ထွက်ခွာခဲ့ကြပါတယ်။ ကစားချိန် 10 မိနစ်ဝန်းကျင်လောက်ကျန်သေး ပေမယ့်လည်း ယူနိုက်တက်ရဲ့ခြေစွမ်းကိုစိတ်ပျက်လာကြပြီး၊ မယုံကြည်တော့တာကြောင့် ယူနိုက်တက်ကိုအားပေးတဲ့ပရိသတ်တွေဟာ စိတ်ပျက်လက်ပျက်နဲ့ကွင်းထဲက ထွက်ခွာသွားကြပါတယ်။

photo internet

ဘန်လေအသင်းအကြောင်းပြောရရင်တော့ လက်စတာ နဲ့ ယူနိုက်တက် တို့ကို နှစ်ပွဲဆက် အနိုင်ယူနိုင်ခဲ့ပြီး၊ အခုအခါ ဘန်လေအသင်းဟာ ရမှတ် 30 နဲ့ တန်းဆင်းဇုန် အထက် 7 မှတ် အကွာ မှာ ရပ်တည် နေခဲ့ ပါပြီ ။ ဘန်လေဟာ ယူနိုက်တက် ကို အိုးလ် ထရပ်ဖို့ဒ် မှာ အခုလိုအနိုင် ရရှိ ခဲ့တာဟာ 58 နှစ် အကြာ မှ ပြန်လည် အနိုင် ရခြင်း ဖြစ်ပါတယ်။ ဘန်လေဟာယူနိုက်တက်ကို နောက်ဆုံး အကြိမ် အနိုင်ရတာကတော့ 2009 ခုနှစ် တုန်းက အိမ်ကွင်း မှာ အနိုင် ရခဲ့ ဖူးတာပဲ ဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားတစ်ယောက်အမှားတွေကို အမြန်ဆုံး အမှန်ပြင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ဘန္ေလကိုရႈံးတဲ့ ယူႏိုက္တက္ပြဲစဥ္က သတိျပဳမိတဲ့အခ်က္မ်ား

အိမ္ကြင္းမွာႏွစ္ဂိုးဂိုးမရွိရလဒ္နဲ႔ မ်က္ႏွာပ်က္စရာေကာင္းေလာက္ေအာင္ေျခစြမ္းမေကာင္းခဲ့တဲ့ ယူႏိုက္တက္နဲ႔ဘန္ေလပြဲစဥ္က မေျပာမၿပီး၊မတီးမျမည္တဲ့ အခ်က္ေတြကို တင္ဆက္ေပးလိုက္ပါတယ္။ ယူႏိုက္တက္တို႔ဟာ အသင္းရဲ႕တိုက္စစ္ပိုင္းကို မာရွယ္၊ ဂ်ိမ္းစ္၊ မာတာတို႔နဲ႔ ပြဲထြက္လာခဲ့ၿပီးေတာ့ ကြင္းလယ္ေနရာမွာ မာတစ္၊ ဖရက္ဒ္၊ ပါရဲရားတို႔ကို အသုံးျပဳခဲ့ပါတယ္။ ခံစစ္ပိုင္းမွာေတာ့ ဝမ္ဘစ္ဆာကာ၊ ဖီးလ္ဂ်ဳံးစ္၊မက္ဂြားယား၊ဝီလီယမ္တို႔နဲ႔ ပြဲထြက္လာခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ပထမပိုင္းမွာ ဘန္ေလအသင္းကိုေဘာလုံးပိုင္ဆိုင္မႈ (၇၀)ရာခိုင္ႏႈန္းေလာက္အထိအသာစီးရယူၿပီးေတာ့ ကစားႏိုင္ခဲ့ေပမယ့္ ဘဲဥကြဲေအာင္မလုပ္ႏိုင္ခဲ့ပါဘူး။ မိမိအိမ္ကြင္းမွာယူႏိုက္တက္က မဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဧည့္သည္ ဘန္ေလအသင္းကေတာ့ ျပတ္ျပတ္သားသားကို အႏိုင္ယူခဲ့ပါတယ္။ဦးေဆာင္ဂိုးကို ျပစ္ဒဏ္ေဘာ ကေနတစ္ဆင့္ပြဲကစားခ်ိန္(၃၈)မိနစ္မွာ ခရစ္ဝုဒ္က သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ နည္းျပဆိုးလ္ရွားတစ္ေယာက္ လူငယ္ကစားသမားေလး ေမဆင္ဂရင္းဝုဒ္ကို ထုတ္သုံးခဲ့ပါတယ္။ ရက္ရွ္ဖို႔ေနရာမွာအစားထိုးသုံးသင့္တယ္ဆိုၿပီးသတင္းထြက္တဲ့အဲဒီလူငယ္ေလးကို နည္းျပဆိုးလ္ရွားတစ္ေယာက္ ေမွ်ာ္လင့္ခ်က္ႀကီးစြာနဲ႔လူစားထိုးကစားေစခဲ့တာပါ။ ဒါေပမယ့္ ဆိုးလ္ရွားရဲ႕အိပ္မက္ေတြအေကာင္အထည္မေပၚခဲ့ပါဘူး။ ပြဲကစားခ်ိန္(၅၅)မိနစ္မွာဘန္ေလအသင္းက ေဂ်း ႐ိုဒရီဂြက္ ကပဲ ဒုတိယေျမာက္ဂိုးကိုသြင္းယူသြားခဲ့ပါတယ္။ ယူႏိုက္တက္အေနနဲ႔ လင္ဂတ္၊လုခ္ေရွာတို႔ကို အားကိုးခဲ့ေပမယ့္ ရလဒ္က ဘာမွမေျပာင္းလဲခဲ့ပါဘူး။
ဘန္ေလအသင္းဟာ တန္းဆင္းဇုန္ ကေန လြတ္ေျမာက္ ႏိုင္ေရး အတြက္ အားထုတ္ ေနတဲ့ အသင္း ျဖစ္ပါတယ္ ။ ဒါေပမယ့္ လက္စတာ ၊ ယူႏိုက္တက္အသင္းေတြကိုဆက္တိုက္ အႏိုင္ ယူၿပီး တန္းဆင္းဇုန္ နဲ႔ အလွမ္း ေဝးရာ ကို တက္လွမ္း ႏိုင္ခဲ့ပါၿပီ။ ဘန္ေလနဲ႔ေျပာင္းျပန္ကေတာ့ ယူႏိုက္တက္ပါ။ လီဗာပူး နဲ႔ ဘန္ေလ တို႔ကို ႏွစ္ပြဲဆက္ ရႈံးနိမ့္ သြားခဲ့တာေၾကာင့္ ယူႏိုက္တက္နည္းျပဆိုးလ္ရွားတစ္ေယာက္ ႀကီးမားတဲ့ ဖိအား ေတြေအာက္ ျပန္လည္ က်ေရာက္ ခဲ့ရ ပါၿပီ ။ အနာဂတ္ကိုေမွ်ာ္မွန္းၿပီး စီမံကိန္းႀကီးႀကီးဆြဲထားတယ္ဆိုတဲ့ နည္းျပဆိုးလ္ရွားတစ္ေယာက္ စီမံကိန္းပ်က္ၿပီး ေအာင္ဖ်ာလိပ္၊အထုတ္ျပင္ရကိန္းရွိေနပါတယ္။
ယူႏိုက္တက္အတြက္ဒဏ္ရာရကစားသမားအေျခအေနဟာလည္း ႀကီးမားတဲ့ဆုံးရႈံးမႈေတြကိုျဖစ္ေစပါတယ္။ ကစားသမားအသစ္ေတြေခၚၿပီးအစားထိုးအသုံးျပဳသင့္တယ္ဆိုတဲ့ အႀကံေပးခ်က္ေတြကို ထိထိေရာက္ေရာက္ မလုပ္ေဆာင္တဲ့ရလဒ္ဟာ အားေပးတဲ့ ပရိသတ္အင္အားကိုေတာင္ေလွ်ာ့က်လာေစပါတယ္။ ေပ့ါဂ္ဘာ၊ ေတာ္မီေနး၊ရက္ရွ္ဖို႔လ္တို႔ကိုအနားေပးထားရတာဟာ အတိုး၊အေလွ်ာ့လုပ္လို႔မရတဲ့ကိစၥျဖစ္ေပမယ့္ လိုအပ္တဲ့ကစားသမားကိုအစားထိုးအသုံးမျပဳဘူးဆိုရင္ေတာ့ ဒီထက္ပိုဆိုးတဲ့အေနအထားနဲ႔ယူႏိုက္တက္တို႔ ရင္ဆိုင္ရဖြယ္ရွိေနပါတယ္။ ဒါေၾကာင့္ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ကိုေကာင္းေကာင္းအသုံးခ်သင့္ တဲ့အေျခအေနကိုေရာက္ေနပါၿပီ။ ယူႏိုက္တက္ဘုတ္အဖြဲ႕နဲ႔နည္းျပတို႔ဆက္လက္ ေတြေဝစဥ္းစားေနမယ္ ဆိုရင္ေတာ့ အိမ္ကြင္းပဲျဖစ္ျဖစ္၊အေဝးကြင္းပဲျဖစ္ျဖစ္ ရလဒ္ေကာင္းမွာမဟုတ္ေတာ့ပါဘူး။

အသင္းသားအသစ္ကို အားကိုးရမယ့္အေနအထားရွိတဲ့အျပင္ ရွိၿပီးသား ကစားသမားေတြကလည္း အဆင့္တက္၊ေျခစြမ္းေကာင္းေအာင္လုပ္ဖို႔လိုပါတယ္။ ဒဏ္ရာရကစားသမားေနရာေတြမွာ သူတို႔ဟာ အားကိုးထိုက္တဲ့သူေတြျဖစ္ေအာင္ႀကိဳးစားရမွာျဖစ္ပါတယ္။ အခုအခ်ိန္မွာ မာရွယ္ဟာတျခားသူေတြထက္ ပိုၿပီးႀကိဳးစား႐ုန္းကန္သင့္တဲ့အေနအထားပါ။ ယူႏိုက္တက္ဟာ ရက္ရွ္ဖို႔ မပါဝင္ႏိုင္ခဲ့တဲ့ ပြဲစဥ္ 2 ပြဲမွာ ဂိုး လုံးဝ မသြင္း ႏိုင္ခဲ့ သလို မာရွယ္ ဟာလည္း အပိုင္ အခြင့္အေရး ေတြကို လြဲေခ်ာ္ ခဲ့ရ ပါတယ္။
တစ္စိုက္မတ္မတ္အားေပးလာတဲ့ ပရိသတ္မ်က္ႏွာကိုလည္းယူႏိုက္တက္တို႔တစ္ခ်က္ေထာက္ရႈသင့္ေနပါၿပီ။ ႏွစ္သစ္မွာ ယူႏိုက္တက္အသင္းရဲ႕ ပြဲစဥ္ေတြကို အိုးလ္ထရပ္ဖို႔ဒ္ ကြင္းထဲ အထိ လာေရာက္ ၾကည့္ရႈ အားေပးသူ အင္အား သိသိသာသာ နည္းပါးလာေနပါတယ္။ ထိုင္ခုံလြတ္ေတြမ်ားေနတဲ့ ကြင္းရဲ႕အနာဂတ္အေနအထားဟာ အႏုတ္လကၡဏာပါပဲ။ အခုပြဲစဥ္မွာဆိုရင္ ပရိသတ္ေတြရဲ႕ဆႏၵျပမႈက ပိုလို႔ေတာင္ ဆိုးပါတယ္။ ယူႏိုက္တက္တို႔ အိမ္ကြင္း မွာေတာင္ မ်က္ႏွာပ်က္ေအာင္ လုပ္ေဆာင္ေနၾကတာေၾကာင့္ အားေပးတဲ့ပရိသတ္ေတြဟာ ပြဲမၿပီးခင္မွာပဲ ကြင္းအတြင္းကေန ထြက္ခြာခဲ့ၾကပါတယ္။ ကစားခ်ိန္ 10 မိနစ္ဝန္းက်င္ေလာက္က်န္ေသး ေပမယ့္လည္း ယူႏိုက္တက္ရဲ႕ေျခစြမ္းကိုစိတ္ပ်က္လာၾကၿပီး၊ မယုံၾကည္ေတာ့တာေၾကာင့္ ယူႏိုက္တက္ကိုအားေပးတဲ့ပရိသတ္ေတြဟာ စိတ္ပ်က္လက္ပ်က္နဲ႔ကြင္းထဲက ထြက္ခြာသြားၾကပါတယ္။

ဘန္ေလအသင္းအေၾကာင္းေျပာရရင္ေတာ့ လက္စတာ နဲ႔ ယူႏိုက္တက္ တို႔ကို ႏွစ္ပြဲဆက္ အႏိုင္ယူႏိုင္ခဲ့ၿပီး၊ အခုအခါ ဘန္ေလအသင္းဟာ ရမွတ္ 30 နဲ႔ တန္းဆင္းဇုန္ အထက္ 7 မွတ္ အကြာ မွာ ရပ္တည္ ေနခဲ့ ပါၿပီ ။ ဘန္ေလဟာ ယူႏိုက္တက္ ကို အိုးလ္ ထရပ္ဖို႔ဒ္ မွာ အခုလိုအႏိုင္ ရရွိ ခဲ့တာဟာ 58 ႏွစ္ အၾကာ မွ ျပန္လည္ အႏိုင္ ရျခင္း ျဖစ္ပါတယ္။ ဘန္ေလဟာယူႏိုက္တက္ကို ေနာက္ဆုံး အႀကိမ္ အႏိုင္ရတာကေတာ့ 2009 ခုႏွစ္ တုန္းက အိမ္ကြင္း မွာ အႏိုင္ ရခဲ့ ဖူးတာပဲ ျဖစ္ပါတယ္။ နည္းျပဆိုးလ္ရွားတစ္ေယာက္အမွားေတြကို အျမန္ဆုံးအမွန္ျပင္ႏိုင္ပါေစလို႔ဆႏၵျပဳပါတယ္။