ဘန်ဒီဘိခ်အတွက် သတိပေးချက်ဖြစ်လာတဲ့ ဆိုးလ်ရှားရဲ့ ပွဲထွက်စာရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းရဲ့ရွှေရောင်ဆံပင်ပိုင်ရှင်ကွင်းလယ်ကစားသမားလေး ဘန်ဒီဘိခ်ဟာ အသင်းမှာ ပွဲထွက်ခွင့်ရဖို့ကို ရုန်းကန်နေရပါတယ်။

ပြီး ခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ အိုင်းယက်စ်အသင်းကနေ မန်ချက်စတာကိုပြောင်းရွှေ့ခဲ့ပြီး ၂ရာသီကြာမြင့်ခဲ့ပေမယ့် အရန်ကစားသမားအဖြစ်သာ အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့ရပါတယ်။

အခုနှစ်မှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာမယ်ဆိုတဲ့ အသံတွေထွက်ခဲ့ပေမယ့် ဘန်ဒီဘိခ်တစ်ယောက်က‌တော့ မန်ချက်စတာမှာပဲပျော်ရွှင်နေဆဲပါ။

ရာသီအသစ်မှာ ပွဲထွက်ခွင့်ရဖို့အတွက်လည်း ကိုယ်ကာယလေ့ကျင့်ခန်းတွေကို အပီလုပ်ထားတာပါ။

အခုအထိ နှစ်ပွဲကစားပြီးချိန်ထိ ဘန်ဒီဘိခ် တစ်ယောက် မျက်နှာ သာ ပေးမခံရသေးပါဘူး။

နည်းပြ ဆိုးလ်ရှားကတော့ပွဲထွက် ကစားသမားကိစ္စကို အခုလိုမျိုး ပြောထားပါတယ်။

နည်းပြ ဆိုးလ်ရှားက သူတို့တွေဟာ မာရှယ်ကို ပွဲထွက် ကစားခွင့် ပေးချင်ခဲ့ပြီး တိုက်စစ်မှူး နှစ်ဦးထားကာ ကစားစေလိုခဲ့ကြတဲ့ အတွက် ဒီကစားသမား စာရင်းကို ပွဲထုတ်ခဲ့ရတာ ဖြစ်ကြောင်း ရှင်းပြပါတယ်။

” ကျွန်တော်တို့ အန်သိုနီကို ပွဲထွက်စေလိုခဲ့ပြီး တိုက်စစ်မှူး နှစ်ဦး ကစားစေချင်ခဲ့ကြပါတယ်။

အန်သိုနီကို တိုက်စစ်ပိုင်း ဘယ်ဖက် အခြမ်းမှာ ကစားစေပြီး မေဆွန်ကို ညာဖက် အခြမ်းမှာ ကစားစေလိုခဲ့ကြ ပါတယ် ”

” မေဆွန်ဟာ အရမ်းကောင်းတဲ့ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ ပါတယ်။

သူဟာ အကောင်းဆုံး ရက်စွဲ ၊ ပွဲစဉ် တစ်ပွဲကို မပိုင်ဆိုင် နိုင်ခဲ့ပါဘူး။

ဒါပေမယ့် အသင်းရဲ့ သွင်းဂိုးနဲ့တော့ ပါဝင် ပတ်သက်ပြသွားနိုင်ခဲ့ ပါတယ် ”

”ဂျေဒန် ဝင်လာပြီး 10 ၊ 15 မိနစ် အတွင်း တကယ့်ကို ကောင်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒါပေမယ့် အဲဒီနောက် တစ်သင်းလုံး ကစားပုံ ကျသွားခဲ့ကြရ ပါတယ်။

နောက်ဆုံး 15မိနစ်မှာ ကျွန်တော်တို့ ထိုက်သင့်သလောက် မကောင်းခဲ့ကြပါဘူး ” လို့ဆိုးလ်ရှားက ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






