ဘန်ဒီဘိခ်ကို ဘယ်နေရာမှာ သုံးရမလဲဆိုတာ အခုထိ နားမလည်နိုင်သေးတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

FA တွေက RS တွေ အကြောင်းကိုမသိသလို၊ ဆိုးလ်ရှားကလည်း ဘန်ဒီဘိခ်ကို ဘယ်နေရာမှာ သုံးရမလဲဆိုတာ အခုအထိ နားမလည်နိုင်သေးပါဘူး။

ဈေးတန်တန်နဲ့ ရလို့သာ နာမည်ရှိကစားသမားတစ်ယောက်ကို ပြယုဂ်အတွက် ခေါ်ယူလိုက်ဟန်တူပါတယ်။

နည်းပြဆိုးလ်ရှားအနေနဲ့ ဘန်ဒီဘိခ် အား ခေါ်ယူပေးခဲ့တဲ့ ဘုတ်အဖွဲ့၏လုပ်ရပ်ကို အသိအမှတ်ပြုထောက်ခံခဲ့သော်လည်း

တကယ့်လက်တွေ့တွင်မူ ဘန်ဒီဘိခ်အားခေါ်ယူပေးရန် ဆိုးလ်ရှားမှဘုတ်အဖွဲ့ထံဖိအားပေးတောင်းဆိုခဲ့တယ်ဆိုတဲ့ စကားများမှာ အတုအယောင်များသာ ဖြစ်နိုင်ပါတယ်။

ဘန်ဒီဘိခ်ကို အပြောင်းအရွှေ့ဈေးကွက်တွင် “သာမန်ထက်လျော့နည်းသောလျှော့ဈေးဖြင့်ရနိုင်မည်” ဟူတဲ့အချက်က ယူနိုက်တက်ဘုတ်အဖွဲ့ကိုဆွဲဆောင်ခဲ့ခြင်းပင်ဖြစ်ပါတယ်။

ပေါင်သန်း(၄၀)မှာ ယူနိုက်တက်လို အသင်းတစ်သင်းအဖို့ လျှော့ဈေးဟုပင်ဆိုရမှာ ဖြစ်ပါတယ်။

တစ်ဖက်တွင် မြို့ခံပြိုင်ဘက်မန်စီးတီးမှာ အဆိုပါသန်း(၄၀)တန်ဈေးနှုန်းဖြင့် Nathan Ake ကို အသင့်သုံးအရန်ခံစစ်မှူးအဖြစ်ခေါ်ယူခဲ့ပါတယ်။

အဲဒီ အနေအထားကို ကြည့်မယ်ဆိုရင် ပေါင်သန်း(၄၀)ဆိုတဲ့ တန်ကြေးကို ဘုတ်အဖွဲ့က လျှော့ဈေးလို့ သတ်မှတ်တာ ဖြစ်နိုင်ပါတယ်။

ပေါ့ဘာဟာ ပြစ်ဒဏ်ကြောင့် ရော အခု ဒဏ်ရာပြဿနာ ကြောင့်ပါ မပါဝင်နိုင်သေးတဲ့အပြင် ၊ ဖရက်ဒ်ဟာလည်း ဝက်ဖိုဒ့်အသင်းနဲ့ပွဲစဉ်မှာ

ပါဝင်နိုင်ဖို့မသေချာတဲ့အခြေအနေတစ်ခုမှာတော့ စနေနေ့မှာယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်ဟာ ဘန်ဒီဘိခ်အတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဘန်ဒီဘိခ် ကတော့ အခုလာမယ့်ပွဲစဉ်များအတွင်း ယူနိုက်တက် လူစာရင်းမှာ ပါဝင်ခွင့်မရဘဲ ပွဲထွက်ခွင့် ဆက်လက် ဆုံးရှုံးနေပါက ဇန်နဝါရီအပြောင်းအရွေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာသွားဖို့ ရာခိုင်နှုန်းများနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘန္ဒီဘိခ္ကို ဘယ္​ေနရာမွာ သုံးရမလဲဆိုတာ အခုထိ နားမလည္ႏိုင္​ေသးတဲ့ ဆိုးလ္ရွား

FA ေတြက RS ေတြ အေၾကာင္းကိုမသိသလို၊ ဆိုးလ္ရွားကလည္း ဘန္ဒီဘိခ္ကို ဘယ္ေနရာမွာ သုံးရမလဲဆိုတာ အခုအထိ နားမလည္ႏိုင္ေသးပါဘူး။ ​​​ေစ်းတန္တန္နဲ႔ ရလို႔သာ နာမည္ရွိကစားသမားတစ္​ေယာက္ကို ျပယုဂ္အတြက္ ​ေခၚယူလိုက္ဟန္တူပါတယ္။

နည္းျပဆိုးလ္ရွားအေနနဲ႔ ဘန္ဒီဘိခ္ အား ေခၚယူေပးခဲ့တဲ့ ဘုတ္အဖြဲ႕၏လုပ္ရပ္ကို အသိအမွတ္ျပဳေထာက္ခံခဲ့ေသာ္လည္း တကယ့္လက္ေတြ႕တြင္မူ ဘန္ဒီဘိခ္အားေခၚယူေပးရန္ ဆိုးလ္ရွားမွဘုတ္အဖြဲ႕ထံဖိအားေပးေတာင္းဆိုခဲ့တယ္ဆိုတဲ့ စကားမ်ားမွာ အတုအေယာင္မ်ားသာ ျဖစ္ႏိုင္ပါတယ္။

ဘန္ဒီဘိခ္ကို အေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ “သာမန္ထက္ေလ်ာ့နည္းေသာေလွ်ာ့ေဈးျဖင့္ရႏိုင္မည္” ဟူတဲ့အခ်က္က ယူႏိုက္တက္ဘုတ္အဖြဲ႕ကိုဆြဲေဆာင္ခဲ့ျခင္းပင္ျဖစ္ပါတယ္။

ေပါင္သန္း(၄၀)မွာ ယူႏိုက္တက္လို အသင္းတစ္သင္းအဖို႔ ေလွ်ာ့ေဈးဟုပင္ဆိုရမွာ ျဖစ္ပါတယ္။ တစ္ဖက္တြင္ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးမွာ အဆိုပါသန္း(၄၀)တန္ေဈးႏႈန္းျဖင့္ Nathan Ake ကို အသင့္သုံးအရန္ခံစစ္မႉးအျဖစ္ေခၚယူခဲ့ပါတယ္။အဲဒီ အ​ေနအထားကို ၾကည့္မယ္ဆိုရင္ ေပါင္သန္း(၄၀)ဆိုတဲ့ တန္ေၾကးကို ဘုတ္အဖြဲ႕က ေလွ်ာ့ေဈးလို႔ သတ္မွတ္တာ ျဖစ္ႏိုင္ပါတယ္။

ေပါ့ဘာဟာ ျပစ္ဒဏ္ေၾကာင့္ ​ေရာ အခု ဒဏ္ရာျပႆနာ ​ေၾကာင့္ပါ မပါဝင္ႏိုင္ေသးတဲ့အျပင္ ၊ ဖရက္ဒ္ဟာလည္း ဝက္ဖိုဒ့္အသင္းနဲ႔ပြဲစဥ္မွာ ပါဝင္ႏိုင္ဖို႔မေသခ်ာတဲ့အေျခအေနတစ္ခုမွာေတာ့ စေနေန႔မွာယွဥ္ၿပိဳင္ကစားရမယ့္ ပြဲစဥ္ဟာ ဘန္ဒီဘိခ္အတြက္ အခြင့္အေရးတစ္ခု ျဖစ္လာႏိုင္ပါတယ္။

ဘန္ဒီဘိခ္ ကေတာ့ အခုလာမယ့္ပြဲစဥ္မ်ားအတြင္း ယူႏိုက္တက္ လူစာရင္းမွာ ပါဝင္ခြင့္မရဘဲ ပြဲထြက္ခြင့္ ဆက္လက္ ဆုံးရႈံးေနပါက ဇန္နဝါရီအေျပာင္းအေ႐ြ႕မွာ ယူႏိုက္တက္ကေန ထြက္ခြာသြားဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။