ဘန်ဇီးမားရဲ့အဖွင့်ဂိုးအတွက် အလှပဆုံးဖန်တီးပေးခဲ့တဲ့ ဂါရတ်ဘေးလ်ရဲ့ Banana Assist

Photo Credit

Photo Credit

ရီးရဲလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ စနေညက ဂရန်နာဒါကို ၄-၂ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး ဘန်ဇီးမား အဖွင့်ဂိုးသွင်းယူနိုင်ရေးအတွက် အံ့အားသင့်စရာကောင်းတဲ့ဖန်တီးမှုပြုလုပ်ရင်း သူ့ရဲ့တန်ဖိုးကို ထပ်မံသက်သေပြသွားပါတယ်။

Photo Credit

အသက် ၃၀အရွယ်ရှိ ဝေးလ်လက်ရွေးစင် ဂါရတ်ဘေးလ်ဟာ ညာတောင်ပံမှာ ဘောလုံးရရှိလာပြီးနောက် ဆွဲပြေးလာကာ ဂိုးဧရိယာဘယ်ဘက်နားမှာရှိနေတဲ့ ဘန်ဇီးမားဆီ ဝေ့ဝိုက်ပေးပို့ခဲ့တာဖြစ်ပြီး ဘန်ဇီးမားကလည်း ဂိုးသမားနဲ့တစ်ယောက်ချင်းအနေအထားမှာ ဘယ်ခြေနဲ့ အသာအယာပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

Photo Credit

ဘေးလ်ဟာ ခြေခုံအပြင်ဘက်နဲ့ Twist ထည့်ကာ ပြောင်းပြန်ဝေ့ဝိုက်ပေးပို့လိုက်တာဖြစ်ပြီး ဂရန်နာဒါနောက်ခံလူ ၃ယောက်ရှေ့ကနေ ဖြတ်သွားတာဖြစ်ပေမယ့် ပြိုင်ဘက်တွေဘယ်လိုမှယူလို့မရအောင် မာယာတွေအပြည့်နဲ့ ဘန်ဇီးမားဆီ တည့်တည့်ရောက်သွားတာပါ။

Photo Credit

အဲဒီနောက်မှာတော့ ပရိသတ်တွေလည်း ဂါရတ်ဘေးလ်ရဲ့ဖန်တီးနိုင်မှုကို လူမှုမီဒီယာမှာ အသီးသီးချီးကျူးသွားခဲ့ပြီး ကမ္ဘာ့အဆင့်ဂိုးဖန်တီးမှုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ”ကောင်းလိုက်တဲ့ဂိုးဖန်တီးမှု။ ခြေခုံအပြင်ဘက်နဲ့ Twist ထည့်ပြီး ဖန်တီးပေးလိုက်တာပဲ”

Photo Credit

”ဂါရတ်ဘေးလ်ရဲ့ ကမ္ဘာ့အဆင့်ဂိုးဖန်တီးမှုပါ”။ ”ဂါရတ်ဘေးလ်ရဲ့ဂိုးဖန်တီးမှုကို ကြည့်လိုက်တာနဲ့ ဂေါ့ဖ်ကစားနည်းကို သူဘယ်လောက်လေ့လာထားလဲဆိုတာ ထင်ရှားပေါ်လွင်စေပါတယ်”။ ”ဘန်ဇီးမားအတွက် နောက်ထပ်တစ်ဂိုးဖြစ်ပေမယ့် ဂါရတ်ဘေးလ်ရဲ့ဂိုးဖန်တီးမှုက ကမ္ဘာ့အဆင့်ပဲ”။ ”ဒါက ဘေးလ်ရဲ့ဂိုးဖန်တီးမှုပါ။ တကယ့်အနုပညာလက်ရာတစ်ခုပါပဲ”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။

Photo Credit

ရီးရဲလ်ဟာ အဲဒီပွဲမှာ ၃ဂိုးပြတ်ဦးဆောင်နေရာကနေ ၃-၂ ဂိုးဖြစ်သွားပေမယ့် ပွဲပြီးခါနီးမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က အသင်းအတွက် စတုတ္ထမြောက်ဂိုးသွင်းယူခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက်ကို ဂိုးပြတ်အနိုင်ယူကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

ဘန္ဇီးမားရဲ႕အဖြင့္ဂိုးအတြက္ အလွပဆုံးဖန္တီးေပးခဲ့တဲ့ ဂါရတ္ေဘးလ္ရဲ႕ Banana Assist

ရီးရဲလ္ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ဟာ စေနညက ဂရန္နာဒါကို ၄-၂ ဂိုးနဲ႔အႏိုင္ရရွိခဲ့တဲ့ပြဲမွာ တုိက္စစ္မွဴး ဘန္ဇီးမား အဖြင့္ဂိုးသြင္းယူႏုိင္ေရးအတြက္ အံ့အားသင့္စရာေကာင္းတဲ့ဖန္တီးမႈျပဳလုပ္ရင္း သူ႕ရဲ႕တန္ဖိုးကို ထပ္မံသက္ေသျပသြားပါတယ္။
အသက္ ၃၀အရြယ္ရွိ ေ၀းလ္လက္ေရြးစင္ ဂါရတ္ေဘးလ္ဟာ ညာေတာင္ပံမွာ ေဘာလုံးရရွိလာၿပီးေနာက္ ဆြဲေျပးလာကာ ဂိုးဧရိယာဘယ္ဘက္နားမွာရွိေနတဲ့ ဘန္ဇီးမားဆီ ေ၀့၀ုိက္ေပးပို႔ခဲ့တာျဖစ္ၿပီး ဘန္ဇီးမားကလည္း ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းအေနအထားမွာ ဘယ္ေျခနဲ႔ အသာအယာပိတ္သြင္းခဲ့တာျဖစ္ပါတယ္။
ေဘးလ္ဟာ ေျခခုံအျပင္ဘက္နဲ႔ Twist ထည့္ကာ ေျပာင္းျပန္ေ၀့၀ုိက္ေပးပုိ႔လုိက္တာျဖစ္ၿပီး ဂရန္နာဒါေနာက္ခံလူ ၃ေယာက္ေရွ႕ကေန ျဖတ္သြားတာျဖစ္ေပမယ့္ ၿပိဳင္ဘက္ေတြဘယ္လုိမွယူလုိ႔မရေအာင္ မာယာေတြအျပည့္နဲ႔ ဘန္ဇီးမားဆီ တည့္တည့္ေရာက္သြားတာပါ။
အဲဒီေနာက္မွာေတာ့ ပရိသတ္ေတြလည္း ဂါရတ္ေဘးလ္ရဲ႕ဖန္တီးႏိုင္မႈကို လူမႈမီဒီယာမွာ အသီးသီးခ်ီးက်ဴးသြားခဲ့ၿပီး ကမၻာ့အဆင့္ဂိုးဖန္တီးမႈအျဖစ္ သတ္မွတ္ခဲ့ၾကပါတယ္။ ”ေကာင္းလုိက္တဲ့ဂိုးဖန္တီးမႈ။ ေျခခုံအျပင္ဘက္နဲ႔ Twist ထည့္ၿပီး ဖန္တီးေပးလုိက္တာပဲ”
”ဂါရတ္ေဘးလ္ရဲ႕ ကမၻာ့အဆင့္ဂိုးဖန္တီးမႈပါ”။ ”ဂါရတ္ေဘးလ္ရဲ႕ဂုိးဖန္တီးမႈကို ၾကည့္လုိက္တာနဲ႔ ေဂါ့ဖ္ကစားနည္းကို သူဘယ္ေလာက္ေလ့လာထားလဲဆုိတာ ထင္ရွားေပၚလြင္ေစပါတယ္”။ ”ဘန္ဇီးမားအတြက္ ေနာက္ထပ္တစ္ဂိုးျဖစ္ေပမယ့္ ဂါရတ္ေဘးလ္ရဲ႕ဂိုးဖန္တီးမႈက ကမၻာ့အဆင့္ပဲ”။ ”ဒါက ေဘးလ္ရဲ႕ဂိုးဖန္တီးမႈပါ။ တကယ့္အႏုပညာလက္ရာတစ္ခုပါပဲ”လုိ႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။
ရီးရဲလ္ဟာ အဲဒီပြဲမွာ ၃ဂိုးျပတ္ဦးေဆာင္ေနရာကေန ၃-၂ ဂိုးျဖစ္သြားေပမယ့္ ပြဲၿပီးခါနီးမွာ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္က အသင္းအတြက္ စတုတၳေျမာက္ဂိုးသြင္းယူခဲ့ၿပီး အနီးကပ္ဆုံးၿပိဳင္ဘက္ကို ဂိုးျပတ္အႏိုင္ယူကာ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။