
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဥရောပထိပ်သီးကလပ်တွေဟာ သူတို့ရဲ့အဓိက,ကစားသမားတေွကို လွယ်လွယ်ကူကူနဲ့လက်မလွှတ်ရအောင် စာချုပ်ထဲမှာမြင့်မားတဲ့ပမာဏနဲ့လျော်ကြေးတွေ သတ်မှတ်လေ့ရှိပြီး တစ်ခါတလေကျရင်လည်း ပြိုင်ဘက်ကလပ်တွေက အဲဒီပမာဏအတိုင်းပေးပြီးတော့ ခေါ်ယူတာမျိုးတွေရှိတတ်ပါတယ်။
ဥပမာ-၂၀၁၇ ခုနှစ်တုန်းက PSG အသင်းဟာ ဘာစီလိုနာအသင်းရဲ့နာမည်ကျော်တိုက်စစ်မှူးနေမာကို စာချုပ်လျော်ကြေးဖြစ်တဲ့ ယူရို(၂၂၂)သန်းအထိပေးပြီးတော့ ခေါ်ယူခဲ့တာက အကောင်းဆုံးသာဓကပါပဲ။
အခုလက်ရှိ ဘောလုံးသမားတွေထဲမှာ ကလပ်အသင်းက စာချုပ်လျော်ကြေးပမာဏအများကြီးသတ်မှတ်ထားတဲ့သူတွေရှိသလို စာချုပ်လျော်ကြေးမသတ်မှတ်ဘဲ စာချုပ်ချုပ်ဆိုထားသူတွေလည်းရှိပါတယ်။
ပြီးခဲ့တဲ့နွေရာသီတုန်းက မန်စီးတီးကိုပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြခဲ့တဲ့ စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းဟာ အသင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်ထဲမှာ စာချုပ်လျော်ကြေးသတ်မှတ်ချက်မပါဝင်တာကြောင့် စပါးအသင်းဟာ ဟယ်ရီကိန်းအတွက် ကြိုက်ကြေးရမှရောင်းချမယ့်အခွင့်အရေးရှိနေတာဖြစ်ပါတယ်။
နာမည်ကျော်ဘောလုံးသမားတွေအတွက် ကလပ်အသင်းတွေက စာချုပ်လျော်ကြေးယူရိုသန်းနဲ့ချီတဲ့ပမာဏတွေသတ်မှတ်လေ့ရှိပေမယ့် ရီးယဲလ်တိုက်စစ်မှူးဘန်ဇီမာရဲ့စာချုပ်လျော်ကြေးက မယုံနိုင်လောက်အောင် ယူရို(၁)ဘီလီယံအထိသတ်မှတ်ခံထားရတာပါ။
ပြီးခဲ့တဲ့သြဂုတ်လတုန်းက ရီးယဲလ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိစာချုပ်သက်တမ်းတိုးခဲ့တဲ့ ဘန်ဇီမာကို အခုကာလအတွင်းခေါ်ချင်တယ်ဆိုတဲ့အသင်းတွေဟာ စာချုပ်လျော်ကြေးအဖြစ် ယူရို(၁)ဘီလီယံအထိပေးရမှာဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးလောကမှာ ဘန်ဇီမာပြီးရင် စာချုပ်လျော်ကြေးအများဆုံးဖြစ်နေတာက ဒီရာသီမှ ရီးယဲလ်အသင်းဆီအလွတ်နဲ့ပြောင်းရွှေ့ခဲ့တဲ့နောက်ခံလူ အလာဘာဖြစ်ပြီး သူ့စာချုပ်လျော်ကြေးက ယူရိုသန်း(၈၅၀)အထိရှိနေပါတယ်။
အခုလောလောဆယ် အက်သလက်တီကိုအသင်းမှာကစားနေတဲ့ ဘာစီလိုနာကစားသမားဟောင်းဂရစ်ဇ်မန်းရဲ့စာချုပ်လျော်ကြေးကလည်း ယူရိုသန်း(၈၀၀)အထိရှိနေပြီး ကမ္ဘာပေါ်မှာ စာချုပ်လျော်ကြေးအများဆုံးသတ်မှတ်ခံထားရတဲ့ကစားသမားအများစုက လာလီဂါကလပ်တွေကဖြစ်နေတာဟာ အ့ံအားသင့်စရာပါပဲ။
ပရီးမီးယားလိဂ်မှာ စာချုပ်လျော်ကြေးအများဆုံးကစားသမားအဖြစ်ရပ်တည်နေတဲ့ မန်စီးတီးကွင်းလယ်လူဒီဘရိုင်းနားရဲ့ လျော်ကြေးပမာဏက ယူရိုသန်း(၂၅၀)သာရှိသလို မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ရဲ့ စာချုပ်လျော်ကြေးက ယူရိုသန်း(၁၀၀)သာရှိနေတာပါ။
ဘောလုံးလောကရဲ့ထိပ်သီးကစားသမားတွေဖြစ်တဲ့ နေမာ၊ မက်ဆီ၊ ဘာပေတို့ကတော့ အသင်းနဲ့ချုပ်ဆိုထားတဲ့အထဲမှာ စာချုပ်လျော်ကြေးမပါဘဲ မက်ဆီဟာ ဘာစီလိုနာအသင်းမှာကစားခဲ့တုန်းက စာချုပ်လျော်ကြေးယူရိုသန်း(၇၀၀)သတ်မှတ်ခံခဲ့ရပေမယ့်
ဘာစီလိုနာအသင်းနဲ့စာချုပ်သက်တမ်းကုန်သွားတဲ့အတွက် PSG အသင်းကို အလွတ်နဲ့ပြောင်းရွှေ့ခဲ့တာကြောင့် ဘာစီလိုနာအသင်း ငွေကြေးပိုင်းအရ ဆုံးရှုံးနစ်နာမှုကြီးမားခဲ့ရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဘန္ဇီမာကို ေခၚခ်င္တဲ့အသင္းေတြ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ို(၁)ဘီလီယံေပးရမယ္ . . .
ဥေရာပထိပ္သီးကလပ္ေတြဟာ သူတို႔ရဲ႕အဓိက,ကစားသမားေတြကို လြယ္လြယ္ကူကူနဲ႔လက္မလႊတ္ရေအာင္ စာခ်ဳပ္ထဲမွာျမင့္မားတဲ့ပမာဏနဲ႔ေလ်ာ္ေၾကးေတြ သတ္မွတ္ေလ့ရွိၿပီး တစ္ခါတေလက်ရင္လည္း ၿပိဳင္ဘက္ကလပ္ေတြက အဲဒီပမာဏအတိုင္းေပးၿပီးေတာ့ ေခၚယူတာမ်ိဳးေတြရွိတတ္ပါတယ္။ ဥပမာ-၂၀၁၇ ခုႏွစ္တုန္းက PSG အသင္းဟာ ဘာစီလိုနာအသင္းရဲ႕နာမည္ေက်ာ္တိုက္စစ္မႉးေနမာကို စာခ်ဳပ္ေလ်ာ္ေၾကးျဖစ္တဲ့ ယူ႐ို(၂၂၂)သန္းအထိေပးၿပီးေတာ့ ေခၚယူခဲ့တာက အေကာင္းဆုံးသာဓကပါပဲ။
အခုလက္ရွိ ေဘာလုံးသမားေတြထဲမွာ ကလပ္အသင္းက စာခ်ဳပ္ေလ်ာ္ေၾကးပမာဏအမ်ားႀကီးသတ္မွတ္ထားတဲ့သူေတြရွိသလို စာခ်ဳပ္ေလ်ာ္ေၾကးမသတ္မွတ္ဘဲ စာခ်ဳပ္ခ်ဳပ္ဆိုထားသူေတြလည္းရွိပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက မန္စီးတီးကိုေျပာင္းေ႐ႊ႕ဖို႔ ဆႏၵျပင္းျပခဲ့တဲ့ စပါးအသင္းတိုက္စစ္မႉးဟယ္ရီကိန္းဟာ အသင္းနဲ႔ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကးသတ္မွတ္ခ်က္မပါဝင္တာေၾကာင့္ စပါးအသင္းဟာ ဟယ္ရီကိန္းအတြက္ ႀကိဳက္ေၾကးရမွေရာင္းခ်မယ့္အခြင့္အေရးရွိေနတာျဖစ္ပါတယ္။ နာမည္ေက်ာ္ေဘာလုံးသမားေတြအတြက္ ကလပ္အသင္းေတြက စာခ်ဳပ္ေလ်ာ္ေၾကးယူ႐ိုသန္းနဲ႔ခ်ီတဲ့ပမာဏေတြသတ္မွတ္ေလ့ရွိေပမယ့္ ရီးယဲလ္တိုက္စစ္မႉးဘန္ဇီမာရဲ႕စာခ်ဳပ္ေလ်ာ္ေၾကးက မယုံႏိုင္ေလာက္ေအာင္ ယူ႐ို(၁)ဘီလီယံအထိသတ္မွတ္ခံထားရတာပါ။
ၿပီးခဲ့တဲ့ၾသဂုတ္လတုန္းက ရီးယဲလ္အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ ဘန္ဇီမာကို အခုကာလအတြင္းေခၚခ်င္တယ္ဆိုတဲ့အသင္းေတြဟာ စာခ်ဳပ္ေလ်ာ္ေၾကးအျဖစ္ ယူ႐ို(၁)ဘီလီယံအထိေပးရမွာျဖစ္ပါတယ္။ ကမာၻ႔ေဘာလုံးေလာကမွာ ဘန္ဇီမာၿပီးရင္ စာခ်ဳပ္ေလ်ာ္ေၾကးအမ်ားဆုံးျဖစ္ေနတာက ဒီရာသီမွ ရီးယဲလ္အသင္းဆီအလြတ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့တဲ့ေနာက္ခံလူ အလာဘာျဖစ္ၿပီး သူ႔စာခ်ဳပ္ေလ်ာ္ေၾကးက ယူ႐ိုသန္း(၈၅၀)အထိရွိေနပါတယ္။ အခုေလာေလာဆယ္ အက္သလက္တီကိုအသင္းမွာကစားေနတဲ့ ဘာစီလိုနာကစားသမားေဟာင္းဂရစ္ဇ္မန္းရဲ႕စာခ်ဳပ္ေလ်ာ္ေၾကးကလည္း ယူ႐ိုသန္း(၈၀၀)အထိရွိေနၿပီး ကမာၻေပၚမွာ စာခ်ဳပ္ေလ်ာ္ေၾကးအမ်ားဆုံးသတ္မွတ္ခံထားရတဲ့ကစားသမားအမ်ားစုက လာလီဂါကလပ္ေတြကျဖစ္ေနတာဟာ အ့ံအားသင့္စရာပါပဲ။
ပရီးမီးယားလိဂ္မွာ စာခ်ဳပ္ေလ်ာ္ေၾကးအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနတဲ့ မန္စီးတီးကြင္းလယ္လူဒီဘ႐ိုင္းနားရဲ႕ ေလ်ာ္ေၾကးပမာဏက ယူ႐ိုသန္း(၂၅၀)သာရွိသလို မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးက ယူ႐ိုသန္း(၁၀၀)သာရွိေနတာပါ။ ေဘာလုံးေလာကရဲ႕ထိပ္သီးကစားသမားေတြျဖစ္တဲ့ ေနမာ၊ မက္ဆီ၊ ဘာေပတို႔ကေတာ့ အသင္းနဲ႔ခ်ဳပ္ဆိုထားတဲ့အထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကးမပါဘဲ မက္ဆီဟာ ဘာစီလိုနာအသင္းမွာကစားခဲ့တုန္းက စာခ်ဳပ္ေလ်ာ္ေၾကးယူ႐ိုသန္း(၇၀၀)သတ္မွတ္ခံခဲ့ရေပမယ့္ ဘာစီလိုနာအသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္သြားတဲ့အတြက္ PSG အသင္းကို အလြတ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့တာေၾကာင့္ ဘာစီလိုနာအသင္း ေငြေၾကးပိုင္းအရ ဆုံးရႈံးနစ္နာမႈႀကီးမားခဲ့ရပါတယ္။