ဘန္ေလနဲ႔ပြဲမွာ တစ္ကုိယ္ေကာင္းဆန္မႈအတြက္ ဆာလာကို ေဒါသထြက္ခဲ့တဲ့ မာနီ

photo-sportbible

photo-reuters

လီဗာပူးဟာ ဘန္ေလကို ၃ ဂိုးျပတ္နဲ႔ သာသာယာယာအႏိုင္ရခဲ့ေပမယ့္ အဓိကကစားသမားႏွစ္ေယာက္ၾကားမွာ မလိုလားအပ္တဲ့ျပသနာတစ္ခုျဖစ္သြားခဲ့ပါတယ္။ ပြဲၿပီးဖုိ႔ ၆ မိနစ္အလုိမွာ လူစားလဲခံရခဲ့ရၿပီးေနာက္ လီဗာပူးတုိက္စစ္မႈးမာနီဟာ အရန္ခုံတန္းမွာ ေဒါသတႀကီးနဲ႔ေအာ္ဟစ္ေနခဲ့တာပါ။ ဒါေပမဲ့ မာနီဟာ သူ႔ကိုလူစားလဲခဲ့တဲ့ နည္းျပကေလာ့ပ္ရဲ႕ဆုံးျဖတ္ခ်က္ထက္ အဲဒီမတိုင္ခင္ ကြင္းထဲက အျဖစ္အပ်က္အတြက္ ေဒါသထြက္ခဲ့တာပါ။

photo-reuters

ဖာမီႏိုရဲ႕ဂိုးနဲ႔ ၃ ဂိုးျပတ္ျဖစ္သြားၿပီး မၾကာခင္မွာပဲ လီဗာပူးဟာ ၄ ဂိုးျပတ္ထပ္ျဖစ္ႏိုင္မယ့္အခြင့္အေရးမ်ိဳးရခဲ့တာပါ။ ဆာလာက ေဘာလုံးကို ဂိုးဆီဆြဲယူလာခဲ့တာျဖစ္ၿပီး ၁၈ ကုိက္စည္းထဲမွာ အပိုင္ပိတ္လုိ႔ရမယ့္ အသင္းေဖာ္မာနီကို ေဘာလုံးေပးပို႔ဖို႔ထက္ ကိုယ္ကုိယ္တိုင္ကန္သြင္းဖို႔ လုပ္ခဲ့တာပါ။ ဒါေပမဲ့ အဲဒါဟာ အလကားျဖစ္သြားၿပီးေနာက္ ဆာလာရဲ႕တစ္ကိုယ္ေကာင္းဆန္မႈအတြက္ မာနီဟာ အေတာ္ေလးစိတ္ပ်က္သြားပုံရပါတယ္။ သိပ္မၾကာခင္မွာပဲ လူစားလဲခံရေတာ့ မာနီဟာ ေဒါသေပါက္ကြဲခဲ့ၿပီး အဲဒီဆီနီေဂါသားကို နည္းျပကေလာ့ပ္က ထိန္းဖို႔လုပ္ခဲ့ေပမယ့္ အခ်ည္းႏွီးသာျဖစ္ကာ အရန္ခုံတန္းမွာလည္း ဆက္လက္ေပါက္ကြဲခဲ့လို႔ အသင္းေဖာ္ေတြျဖစ္တဲ့ ဖာမီႏို၊ဂိုမက္ဇ္နဲ႔မီလ္နာတို႔က ဖ်န္ေျဖေပးခဲ့ရပါတယ္။

photo-reuters

အဲဒီပြဲမွာ မာနီနဲ႔ ဖာမီႏိုတို႔ဟာ တစ္ဂိုးစီသြင္းႏိုင္ခဲ့ၾကေပမယ့္ ဆာလာကေတာ့ ဂိုးမရခဲ့ပါဘူး။ ဒါေၾကာင့္လည္း အဲဒီအီဂ်စ္သားဟာ ပြဲခ်ိန္ေႏွာင္းပိုင္းမွာ လူေပးပို႔ထက္ ကန္သြင္းဖုိ႔ေတြလုပ္ဖို႔ပဲ ႀကိဳစားခဲ့တာပါ။ ဆုိရွယ္မီဒီယာေပၚက လီဗာပူးပရိသတ္ေတြကလည္း အဲဒီျဖစ္ရပ္မွာ မာနီဘက္က ရပ္တည္ခဲ့ၾကပါတယ္။ လီဗာပူးနည္းျပကေလာ့ပ္ကေတာ့ ဘာမွႀကီးႀကီးမားမားျပသနာမဟုတ္ေၾကာင္း၊ အ၀တ္အစားလဲခန္းထဲမွာ ေဆြးေႏြးအေျဖရွာလုိ႔ရတဲ့တစ္စုံတစ္ခုသာျဖစ္ေၾကာင္း ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။

[Unicode]

လီဗာပူးဟာ ဘန်လေကို ၃ ဂိုးပြတ်နဲ့ သာသာယာယာအနိုင်ရခဲ့ပေမယ့် အဓိကကစားသမားနှစ်ယောက်ကြားမှာ မလိုလားအပ်တဲ့ပြသနာတစ်ခုဖြစ်သွားခဲ့ပါတယ်။ ပွဲပြီးဖို့ ၆ မိနစ်အလိုမှာ လူစားလဲခံရခဲ့ရပြီးနောက် လီဗာပူးတိုက်စစ်မှုးမာနီဟာ အရန်ခုံတန်းမှာ ဒေါသတကြီးနဲ့အော်ဟစ်နေခဲ့တာပါ။ ဒါပေမဲ့ မာနီဟာ သူ့ကိုလူစားလဲခဲ့တဲ့ နည်းပြကလော့ပ်ရဲ့ဆုံးဖြတ်ချက်ထက် အဲဒီမတိုင်ခင် ကွင်းထဲက အဖြစ်အပျက်အတွက် ဒေါသထွက်ခဲ့တာပါ။

ဖာမီနိုရဲ့ဂိုးနဲ့ ၃ ဂိုးပြတ်ဖြစ်သွားပြီး မကြာခင်မှာပဲ လီဗာပူးဟာ ၄ ဂိုးပြတ်ထပ်ဖြစ်နိုင်မယ့်အခွင့်အရေးမျိုးရခဲ့တာပါ။ ဆာလာက ဘောလုံးကို ဂိုးဆီဆွဲယူလာခဲ့တာဖြစ်ပြီး ၁၈ ကိုက်စည်းထဲမှာ အပိုင်ပိတ်လို့ရမယ့် အသင်းဖော်မာနီကို ဘောလုံးပေးပို့ဖို့ထက် ကိုယ်ကိုယ်တိုင်ကန်သွင်းဖို့ လုပ်ခဲ့တာပါ။ ဒါပေမဲ့ အဲဒါဟာ အလကားဖြစ်သွားပြီးနောက် ဆာလာရဲ့တစ်ကိုယ်ကောင်းဆန်မှုအတွက် မာနီဟာ အတော်လေးစိတ်ပျက်သွားပုံရပါတယ်။ သိပ်မကြာခင်မှာပဲ လူစားလဲခံရတော့ မာနီဟာ ဒေါသပေါက်ကွဲခဲ့ပြီး အဲဒီဆီနီဂေါသားကို နည်းပြကလော့ပ်က ထိန်းဖို့လုပ်ခဲ့ပေမယ့် အချည်းနှီးသာဖြစ်ကာ အရန်ခုံတန်းမှာလည်း ဆက်လက်ပေါက်ကွဲခဲ့လို့ အသင်းဖော်တွေဖြစ်တဲ့ ဖာမီနို၊ဂိုမက်ဇ်နဲ့မီလ်နာတို့က ဖျန်ဖြေပေးခဲ့ရပါတယ်။

အဲဒီပွဲမှာ မာနီနဲ့ ဖာမီနိုတို့ဟာ တစ်ဂိုးစီသွင်းနိုင်ခဲ့ကြပေမယ့် ဆာလာကတော့ ဂိုးမရခဲ့ပါဘူး။ ဒါကြောင့်လည်း အဲဒီအီဂျစ်သားဟာ ပွဲချိန်နှောင်းပိုင်းမှာ လူပေးပို့ထက် ကန်သွင်းဖို့တွေလုပ်ဖို့ပဲ ကြိုစားခဲ့တာပါ။ ဆိုရှယ်မီဒီယာပေါ်က လီဗာပူးပရိသတ်တွေကလည်း အဲဒီဖြစ်ရပ်မှာ မာနီဘက်က ရပ်တည်ခဲ့ကြပါတယ်။ လီဗာပူးနည်းပြကလော့ပ်ကတော့ ဘာမှကြီးကြီးမားမားပြသနာမဟုတ်ကြောင်း၊ အဝတ်အစားလဲခန်းထဲမှာ ဆွေးနွေးအဖြေရှာလို့ရတဲ့တစ်စုံတစ်ခုသာဖြစ်ကြောင်း ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။