ဘဏ္ဍာရေးအခက်အခဲကြောင့် လေ့ကျင့်ရေးကွင်းမှာ မလိုအပ်ဘဲမီးတွေမဖွင့်ဖို့၊ တခြားအသုံးအဆောင်ပစ္စည်းတွေကို မသုံးဖို့ ဘာစီလိုနာ ညွှန်ကြားထား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကြွေးမြီပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့အသုံးစရိတ်ပမာဏကို လျှော့ချနိုင်ဖို့အတွက် လေ့ကျင့်ရေးကွင်းမှာ မလိုအပ်ဘဲ လျှပ်စစ်မီးအသုံးမပြုဖို့၊ အသင်းရဲ့တခြားအသုံးအဆောင်ပစ္စည်းတွေကို အကန့်အသတ်နဲ့သာအသုံးပြုဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း နာမည်ကျော်ကစားသမားမက်ဆီအပါအဝင် ကစားသမားတော်တော်များများနဲ့ လမ်းခွဲခဲ့ပေမယ့် အသင်းဘဏ္ဍာရေးအခြေအနေက တည်ငြိမ်မှုမရှိလာဘဲ အခုလောလောဆယ်ကြွေးမြီပမာဏာက ပေါင်(၁.၅)ဘီလီယံအထိရှိနေတာပါ။

ပြီးခဲ့တဲ့လတုန်းကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘာစီလိုနာဥက္ကဌလာပေါ်တာက ဥက္ကဌဟောင်းဘာတိုမူတာဝန်ယူခဲ့တဲ့သက်တမ်းတစ်လျှောက် စီမံခန့်ခွဲမှုအမှားတွေကြောင့် ကလပ်အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေက ဆိုးဆိုးရွားရွားကို ဆုံးရှုံးနစ်နာမှုတွေဖြစ်ခဲ့ရတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အခုအချိန်မှာတော့ ဘာစီလိုနာအသင်းဟာ အသင်းအသုံးစရိတ်ပမာဏကို လျှော့ချနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံအသုံးပြုနေပြီး နောက်ဆုံး လျှပ်စစ်မီးတွေကိုတောင် အကန့်အသတ်နဲ့သုံးရတဲ့အထိဖြစ်နေပါပြီ။

အဲဒါနဲ့ပတ်သက်လို့ ဘာစီလိုနာကစားသမားသစ်အဂွဲရိုးက “မန်စီးတီးအသင်းမှာတုန်းက ကျွန်တော်တို့ဟာ လေ့ကျင့်ခန်းမစခင် တစ်နာရီခွဲလောက်အလိုမှာ လေ့ကျင့်ရေးကွင်းကို ရောက်နေကြပါပြီ။

ဒီမှာတော့ ကစားသမားတွေဟာ မိနစ်(၃၀)လောက်အလိုမှ လေ့ကျင့်ရေးကွင်းကို ရောက်လာကြတာပါ။

ကျွန်တော်က လေ့ကျင့်ရေးကွင်းကို တစ်နာရီလောက်ကြိုရောက်ပြီး Gym ကစားတဲ့နေရာကို ဘယ်လိုသွားရလဲ၊ ဘယ်နေရာမှာ ဘာရှိလဲဆိုတာ လျှောက်ကြည့်မယ်လို့ တွေးထားတာပါ။

ဒါပေမဲ့ ထင်သလိုမဟုတ်ခဲ့ပါဘူး။

လေ့ကျင့်ရေးကွင်းကို ရောက်တဲ့အချိန်မှာ မီးတွေတောင် မဖွင့်ထားသေးပါဘူး။

မန်စီးတီးမှာတုန်းကနဲ့ တော်တော်လေးကွဲပြားပါတယ်”လို့ ဆိုခဲ့ပါတယ်။

အဂွဲရိုးဟာ အခုလောလောဆယ် ခြေသလုံးဒဏ်ရာပြဿနာကြောင့် (၁၀)ပတ်ကြာအနားယူရမှာဖြစ်ပေမယ့် သူကတော့ ဘာစီလိုနာအသင်းကို အရင်လို ဥရောပထိပ်တန်းအဆင့်ပြန်ရောက်အောင် ကူညီပေးသွားမယ်လို့ ကတိပေးပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘ႑ာေရးအခက္အခဲေၾကာင့္ ေလ့က်င့္ေရးကြင္းမွာ မလိုအပ္ဘဲမီးေတြမဖြင့္ဖို႔၊ တျခားအသုံးအေဆာင္ပစၥည္းေတြကို မသုံးဖို႔ ဘာစီလိုနာ ၫႊန္ၾကားထား

ေႂကြးၿမီျပႆနာေတြနဲ႔ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာအသင္းဟာ အသင္းရဲ႕အသုံးစရိတ္ပမာဏကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ေလ့က်င့္ေရးကြင္းမွာ မလိုအပ္ဘဲ လွ်ပ္စစ္မီးအသုံးမျပဳဖို႔၊ အသင္းရဲ႕တျခားအသုံးအေဆာင္ပစၥည္းေတြကို အကန႔္အသတ္နဲ႔သာအသုံးျပဳဖို႔ ၫႊန္ၾကားခ်က္ထုတ္ျပန္ထားပါတယ္။ ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း နာမည္ေက်ာ္ကစားသမားမက္ဆီအပါအဝင္ ကစားသမားေတာ္ေတာ္မ်ားမ်ားနဲ႔ လမ္းခြဲခဲ့ေပမယ့္ အသင္းဘ႑ာေရးအေျခအေနက တည္ၿငိမ္မႈမရွိလာဘဲ အခုေလာေလာဆယ္ေႂကြးၿမီပမာဏာက ေပါင္(၁.၅)ဘီလီယံအထိရွိေနတာပါ။

ၿပီးခဲ့တဲ့လတုန္းကျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဘာစီလိုနာဥကၠဌလာေပၚတာက ဥကၠဌေဟာင္းဘာတိုမူတာဝန္ယူခဲ့တဲ့သက္တမ္းတစ္ေလွ်ာက္ စီမံခန႔္ခြဲမႈအမွားေတြေၾကာင့္ ကလပ္အသင္းရဲ႕ ဘ႑ာေရးအေျခအေနက ဆိုးဆိုး႐ြား႐ြားကို ဆုံးရႈံးနစ္နာမႈေတြျဖစ္ခဲ့ရတယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ဘာစီလိုနာအသင္းဟာ အသင္းအသုံးစရိတ္ပမာဏကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ နည္းလမ္းေပါင္းစုံအသုံးျပဳေနၿပီး ေနာက္ဆုံး လွ်ပ္စစ္မီးေတြကိုေတာင္ အကန႔္အသတ္နဲ႔သုံးရတဲ့အထိျဖစ္ေနပါၿပီ။

အဲဒါနဲ႔ပတ္သက္လို႔ ဘာစီလိုနာကစားသမားသစ္အဂြဲ႐ိုးက “မန္စီးတီးအသင္းမွာတုန္းက ကြၽန္ေတာ္တို႔ဟာ ေလ့က်င့္ခန္းမစခင္ တစ္နာရီခြဲေလာက္အလိုမွာ ေလ့က်င့္ေရးကြင္းကို ေရာက္ေနၾကပါၿပီ။ ဒီမွာေတာ့ ကစားသမားေတြဟာ မိနစ္(၃၀)ေလာက္အလိုမွ ေလ့က်င့္ေရးကြင္းကို ေရာက္လာၾကတာပါ။ ကြၽန္ေတာ္က ေလ့က်င့္ေရးကြင္းကို တစ္နာရီေလာက္ႀကိဳေရာက္ၿပီး Gym ကစားတဲ့ေနရာကို ဘယ္လိုသြားရလဲ၊ ဘယ္ေနရာမွာ ဘာရွိလဲဆိုတာ ေလွ်ာက္ၾကည့္မယ္လို႔ ေတြးထားတာပါ။ ဒါေပမဲ့ ထင္သလိုမဟုတ္ခဲ့ပါဘူး။

ေလ့က်င့္ေရးကြင္းကို ေရာက္တဲ့အခ်ိန္မွာ မီးေတြေတာင္ မဖြင့္ထားေသးပါဘူး။ မန္စီးတီးမွာတုန္းကနဲ႔ ေတာ္ေတာ္ေလးကြဲျပားပါတယ္”လို႔ ဆိုခဲ့ပါတယ္။ အဂြဲ႐ိုးဟာ အခုေလာေလာဆယ္ ေျခသလုံးဒဏ္ရာျပႆနာေၾကာင့္ (၁၀)ပတ္ၾကာအနားယူရမွာျဖစ္ေပမယ့္ သူကေတာ့ ဘာစီလိုနာအသင္းကို အရင္လို ဥေရာပထိပ္တန္းအဆင့္ျပန္ေရာက္ေအာင္ ကူညီေပးသြားမယ္လို႔ ကတိေပးေျပာဆိုခဲ့ပါတယ္။