

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီစေဖို့အတွက်ပေါင် ၁၆၈ သန်းလိုအပ်နေတယ်လို့သိရပါတယ်။ ရီးရဲလ်ဟာ လက်ရှိဘဏ္ဍာရေးနှစ်အတွက် ဒီပမာဏကိုလိုအပ်နေတာဖြစ်ပြီး ကစားသမားတွေရောင်းချမှုကနေငွေရှာဖို့ ကြိုးစားရလိမ့်မယ်လို့ မာကာသတင်းစာကြီးကဖော်ပြလိုက်ပါတယ်။
ရီးရဲလ်ဟာ ပြီးခဲ့တဲ့နွေရာသီက ဈေးကွက်ထဲမှာကစားသမားသစ်ခေါ်ယူမှုအများဆုံးအသင်းထဲမှာပါဝင်ခဲ့တာပါ။ အဲဒီတုန်းကနည်းပြ ဇီဒန်းအတွက် ဟာဇက်၊ လူကာဂျိုဗစ်၊ မီလီတာအို၊ ရိုဒရိုင်ဂို နဲ့ ဖာလန်းမန်ဒီတို့ကို ခေါ်ယူခဲ့ပြီး ဒီအတွက်လည်းပေါင်သန်း ၃၀၀ နီးပါးအထိကုန်ကျခဲ့ရပါတယ်။

နွေရာသီဈေးကွက်ထဲမှာ ရီးရဲလ်ဟာ ကစားသမားသစ်ခေါ်ယူမှုအများဆုံးဖြစ်ခဲ့သလို ထွက်ခွာရတဲ့သူလည်းများပြားခဲ့ပြီး မားကို့စ်လိုရန်တီ၊ ကေလာနာဗက်စ်၊ ကိုဗာဆစ်နဲ့ သီယိုဟာနန်ဒက်ဇ်တို့ လမ်းခွဲခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်ရဲ့အသုံးစားရိတ်ဟာ သူတို့ရတာထက်အများကြီးပိုနေလို့ ဝင်ငွေနဲ့ထွက်ငွေမျှတအောင် လုပ်နေရတယ်လို့ မာကာ ကဖော်ပြသွားခဲ့တာပါ။

ဒါကြောင့်လည်း ရီးရဲလ်ဟာလာမယ့်ဆောင်းရာသီဈေးကွက်ထဲမှာ ကစားသမားအချို့ကိုရောင်းချရမယ့်အပြင် လစာမြင့်မားတဲ့သူတွေကိုလည်း ထွက်ခွာခိုင်းပြီး စည်းမျဉ်းကိုက်ညီအောင်လုပ်ဖို့ လိုနေပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ လာလီဂါနဲ့ ယူအီးအက်ဖ်အေတို့ရဲ့ အရေးယူမှုနဲ့ ကြုံတွေ့ရမှာဖြစ်ပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့လစာအမြင့်ဆုံးသူတွေဖြစ်တဲ့ ဂါရတ်ဘေးလ်နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကို အသင်းပြောင်းစေဖို့ကြိုးစားလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ရီးရဲလ်မှာ ပုံမှန်နေရာမရသူတွေဖြစ်ပြီး ဘေးလ်ဆိုရင် နည်းပြဇီဒန်းနဲ့ပါ အဆင်မပြေဖြစ်နေ လို့သူတို့ထွက်သွားရင် ရီးရဲလ်ဟာ လစာအသုံးစားရိတ်ကိုတော့ အများကြီးလျှော့ချနိုင်ဖို့ ရှိနေပါတယ်။

Zawgyi
ဘ႑ာေရးစည္းမ်ဥ္းနဲ႔ ကိုက္ညီဖို႔ ရီးရဲလ္မက္ဒရစ္ေပါင္ ၁၆၈ သန္းလိုအပ္ေန
ရီးရဲလ္မက္ဒရစ္အသင္းဟာ ဘ႑ာေရးစည္းမ်ဥ္းနဲ႔ ကိုက္ညီေစဖို႔အတြက္ေပါင္ ၁၆၈ သန္းလိုအပ္ေနတယ္လို႔သိရပါတယ္။ ရီးရဲလ္ဟာ လက္ရွိဘ႑ာေရးႏွစ္အတြက္ ဒီပမာဏကိုလိုအပ္ေနတာျဖစ္ၿပီး ကစားသမားေတြေရာင္းခ်မႈကေနေငြရွာဖို႔ ႀကိဳးစားရလိမ့္မယ္လို႔ မာကာသတင္းစာႀကီးကေဖာ္ျပလိုက္ပါတယ္။
ရီးရဲလ္ဟာ ၿပီးခဲ့တဲ႔ေႏြရာသီက ေစ်းကြက္ထဲမွာကစားသမားသစ္ေခၚယူမႈအမ်ားဆုံးအသင္းထဲမွာပါ၀င္ခဲ့တာပါ။ အဲဒီတုန္းကနည္းျပ ဇီဒန္းအတြက္ ဟာဇက္၊ လူကာဂ်ဳိဗစ္၊ မီလီတာအို၊ ရိုဒရိုင္ဂို နဲ႔ ဖာလန္းမန္ဒီတို႔ကို ေခၚယူခဲ့ၿပီး ဒီအတြက္လည္းေပါင္သန္း ၃၀၀ နီးပါးအထိကုန္က်ခဲ့ရပါတယ္။
ေႏြရာသီေစ်းကြက္ထဲမွာ ရီးရဲလ္ဟာ ကစားသမားသစ္ေခၚယူမႈအမ်ားဆုံးျဖစ္ခဲ့သလို ထြက္ခြာရတဲ႔သူလည္းမ်ားျပားခဲ့ၿပီး မားကို႔စ္လိုရန္တီ၊ ေကလာနာဗက္စ္၊ ကိုဗာဆစ္နဲ႔ သီယိုဟာနန္ဒက္ဇ္တို႔ လမ္းခြဲခဲ့ၾကရပါတယ္။ ဒါေပမယ္႔လည္း ရီးရဲလ္ရဲ႕အသုံးစားရိတ္ဟာ သူတို႔ရတာထက္အမ်ားႀကီးပိုေနလို႔ ၀င္ေငြနဲ႔ထြက္ေငြမွ်တေအာင္ လုပ္ေနရတယ္လို႔ မာကာ ကေဖာ္ျပသြားခဲ့တာပါ။
ဒါေၾကာင့္လည္း ရီးရဲလ္ဟာလာမယ္႔ေဆာင္းရာသီေစ်းကြက္ထဲမွာ ကစားသမားအခ်ဳိ႕ကိုေရာင္းခ်ရမယ္႔အျပင္ လစာျမင့္မားတဲ႔သူေတြကိုလည္း ထြက္ခြာခိုင္းၿပီး စည္းမ်ဥ္းကိုက္ညီေအာင္လုပ္ဖို႔ လိုေနပါတယ္။ ဒီလိုမွမဟုတ္ရင္ေတာ႔ လာလီဂါနဲ႔ ယူအီးအက္ဖ္ေအတို႔ရဲ႕ အေရးယူမႈနဲ႔ ႀကံဳေတြ႔ရမွာျဖစ္ပါတယ္။
ဒါေၾကာင့္ ရီးရဲလ္မက္ဒရစ္ဟာ အသင္းရဲ႕လစာအျမင့္ဆုံးသူေတြျဖစ္တဲ႔ ဂါရတ္ေဘးလ္နဲ႔ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္တို႔ကို အသင္းေျပာင္းေစဖို႔ႀကိဳးစားလိမ့္မယ္လို႔ ခန္႔မွန္းေနၾကပါတယ္။ သူတို႔ႏွစ္ဦးစလုံးဟာ ရီးရဲလ္မွာ ပုံမွန္ေနရာမရသူေတြျဖစ္ၿပီး ေဘးလ္ဆိုရင္ နည္းျပဇီဒန္းနဲ႔ပါ အဆင္မေျပျဖစ္ေန လို႔သူတို႔ထြက္သြားရင္ ရီးရဲလ္ဟာ လစာအသုံးစားရိတ္ကိုေတာ႔ အမ်ားႀကီးေလွ်ာ႔ခ်ႏိုင္ဖို႔ ရွိေနပါတယ္။