ဘစ်ဆာကာဟာ တစ်ဦးချင်းရင်ဆိုင်တွေ့မှုမှာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူလို့ လုခ်ရှောချီးကျူး

photo-gettyimages

photo-gettyimages

မန်ယူနောက်ခံလူလုခ်ရှောဟာ အသင်းဖော်ဖြစ်တဲ့ဘစ်ဆာကာကို တစ်ဦးချင်းရင်ဆိုင်တွေ့မှုမှာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူလို့ ချီးကျူးခဲ့သလို ၂၀၁၉-၂၀ ရာသီအတွက် မန်ယူတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရမယ့်သူလို့လည်း ထောက်ခံလိုက်ပါတယ်။ ဘစ်ဆာကာဟာ ပဲလေ့စ်က နောက်ဆုံးရာသီမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အခုရာသီမစခင်မှာပဲ အိုးလ်ထရက်ဖို့ဒ်ကို ပေါင်သန်း ၅၀ နဲ့ ရောက်လာခဲ့တာပါ။

photo-gettyimages

အသက် ၂၂ နှစ်အရွယ် အဲဒီအင်္ဂလန်အစွန်နောက်ခံလူဟာ မန်ယူက သူ့ရဲ့ပထမဆုံးရာသီမှာပဲ နည်းပြဆိုးလ်ရှားရဲ့ပွဲထွက်စာရင်းမှာ အခိုင်အမာနေရာယူနိုင်ခဲ့ပြီး ပြိုင်ပွဲအရပ်ရပ် စုစုပေါင်း ၃၄ ပွဲကစားခွင့်ရရှိထားပါတယ်။ ညာနောက်ခံနေရာကဆိုပေမယ့် ဘစ်ဆာကာဟာ အရင်က အခြေအနေဆိုးခဲ့တဲ့မန်ယူခံစစ်ကို ပြန်လည်အားကောင်းစေနိုင်ခဲ့ပြီး အထူးသဖြင့် ပြိုင်ဘက်တိုက်စစ်ကစားသမားတွေဟာ သူနဲ့ တစ်ယောက်ချင်းရင်ဆိုင်တွေ့မှုတွေမှာ မကျော်နိုင်ဖြစ်ခဲ့ကြပါတယ်။

photo-gettyimages

ဒါကြောင့်လည်း လုခ်ရှောက”ကျွန်တော့်အတွက်ကတော့ ဘစ်ဆာကာဟာ ဒီရာသီမှာ ခြေစွမ်းအတည်ငြိမ်ဆုံးကစားသမားပါပဲ။ သူဟာ ကစားခဲ့တဲ့ပွဲစဉ် ၁၀ ပွဲတိုင်းမှာ ၈ ပွဲကောင်းခဲ့ပြီး အချိန်တိုင်းမှာလည်း နေရာမှန်ရှိခဲ့ပါတယ်။ ကျွန်တော့်အတွက်ကတော့ သူဟာ တစ်ဦးချင်းရင်ဆိုင်တွေ့ရာမှာ ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံလူဖြစ်ပါတယ်။ ဘယ်သူကမှ သူ့ကို မကျော်နိုင်ပါဘူး။ အဲဒီနေရာမှာ သူတကယ်တိုးတက်လာခဲ့သလို တိုက်စစ်ပိုင်းမှာလည်း တိုးတက်မှုရှိလာပါတယ်။ သူဟာ ကျွန်တော်တို့အတွက် သိပ်ကောင်းတဲ့ခေါ်ယူမှုဖြစ်ခဲ့ပါတယ်”လို့ မန်ယူအသင်းဝက်ဘ်ဆိုဒ်ကို ပြောကြားခဲ့တာပါ။

[Zawgyi]

ဘစ္ဆာကာဟာ တစ္ဦးခ်င္းရင္ဆိုင္ေတြ႕မႈမွာ ကမာၻ႔အေကာင္းဆုံးေနာက္ခံလူလုိ႔ လုခ္ေရွာခ်ီးက်ဴး

မန္ယူေနာက္ခံလူလုခ္ေရွာဟာ အသင္းေဖာ္ျဖစ္တဲ့ဘစ္ဆာကာကို တစ္ဦးခ်င္းရင္ဆိုင္ေတြ႕မႈမွာ ကမာၻ႔အေကာင္းဆုံးေနာက္ခံလူလို႔ ခ်ီးက်ဴးခဲ့သလုိ ၂၀၁၉-၂၀ ရာသီအတြက္ မန္ယူတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရမယ့္သူလုိ႔လည္း ေထာက္ခံလုိက္ပါတယ္။ ဘစ္ဆာကာဟာ ပဲေလ့စ္က ေနာက္ဆုံးရာသီမွာ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး အခုရာသီမစခင္မွာပဲ အုိးလ္ထရက္ဖုိ႔ဒ္ကို ေပါင္သန္း ၅၀ နဲ႔ ေရာက္လာခဲ့တာပါ။

အသက္ ၂၂ ႏွစ္အရြယ္ အဲဒီအဂၤလန္အစြန္ေနာက္ခံလူဟာ မန္ယူက သူ႔ရဲ႕ပထမဆုံးရာသီမွာပဲ နည္းျပဆုိးလ္ရွားရဲ႕ပြဲထြက္စာရင္းမွာ အခိုင္အမာေနရာယူႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲအရပ္ရပ္ စုစုေပါင္း ၃၄ ပြဲကစားခြင့္ရရွိထားပါတယ္။ ညာေနာက္ခံေနရာကဆုိေပမယ့္ ဘစ္ဆာကာဟာ အရင္က အေျခအေနဆိုးခဲ့တဲ့မန္ယူခံစစ္ကို ျပန္လည္အားေကာင္းေစႏိုင္ခဲ့ၿပီး အထူးသျဖင့္ ၿပိဳင္ဘက္တိုက္စစ္ကစားသမားေတြဟာ သူနဲ႔ တစ္ေယာက္ခ်င္းရင္ဆိုင္ေတြ႕မႈေတြမွာ မေက်ာ္ႏိုင္ျဖစ္ခဲ့ၾကပါတယ္။

ဒါေၾကာင့္လည္း လုခ္ေရွာက”ကၽြန္ေတာ့္အတြက္ကေတာ့ ဘစ္ဆာကာဟာ ဒီရာသီမွာ ေျခစြမ္းအတည္ၿငိမ္ဆုံးကစားသမားပါပဲ။ သူဟာ ကစားခဲ့တဲ့ပြဲစဥ္ ၁၀ ပြဲတိုင္းမွာ ၈ ပြဲေကာင္းခဲ့ၿပီး အခ်ိန္တိုင္းမွာလည္း ေနရာမွန္ရွိခဲ့ပါတယ္။ ကၽြန္ေတာ့္အတြက္ကေတာ့ သူဟာ တစ္ဦးခ်င္းရင္ဆိုင္ေတြ႕ရာမွာ ကမာၻေပၚက အေကာင္းဆုံးေနာက္ခံလူျဖစ္ပါတယ္။ ဘယ္သူကမွ သူ႔ကို မေက်ာ္ႏိုင္ပါဘူး။ အဲဒီေနရာမွာ သူတကယ္တိုးတက္လာခဲ့သလို တိုက္စစ္ပိုင္းမွာလည္း တိုးတက္မႈရွိလာပါတယ္။ သူဟာ ကၽြန္ေတာ္တို႔အတြက္ သိပ္ေကာင္းတဲ့ေခၚယူမႈျဖစ္ခဲ့ပါတယ္”လို႔ မန္ယူအသင္း၀က္ဘ္ဆိုဒ္ကို ေျပာၾကားခဲ့တာပါ။