ဘစ်ဆာကာကြောင့် မန်ယူရဲ့အခြားတိုက်စစ်မှူးတွေ ခြေစွမ်းပျောက်သွားခဲ့တာလား?

photo internet

မန်ယူအသင်းဟာ ဝမ်ဘစ်ဆာကာကို ပဲလေ့ကနေ ပေါင် 55 သန်းနဲ့ခေါ်ယူခဲ့ပြီးမှာတော့ ခံစစ်ပိုင်းအတွက် အထိုက်အလျောက်စိတ်ချရတဲ့အနေအထားဖြစ်သွားပါတယ်။ ဝမ်ဘစ်ဆာကာဟာ ပဲလေ့မှာလိုပဲ မန်ယူမှာခြေစွမ်းကို ထိန်းနိုင်တဲ့အခြေအနေရှိပါတယ်။ တိုက်စစ်အတွက်သိပ်မဟုတ်ပေမယ့် ခံစစ်အတွက်ကတော့ ထိုးဖောက်ရခက်တဲ့အနေအထားရှိသူဖြစ်ပါတယ်။

photo internet

တစ်ဖက်မှာသူကခြေစွမ်းကောင်းနေတာကြောင့် အခြားအသင်းဖော်တွေအတွက်ခြေစွမ်းမြှုပ်နိုင်တဲ့ အနေအထားရှိမလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုရင်အချို့သုံးသပ်သူတွေက ဘစ်ဆာကာအသင်းကို ရောက်လာတာဟာ ရက်ဖို့ဒ်၊မာရှယ်တို့ကို ခြေစွမ်းပျောက်စေတယ်လို့ သုံးသပ်ကြလို့ဖြစ်ပါတယ်။

photo internet

“ကျွန်တော် မန်ယူအသင်းက ကစားသမားတွေနဲ့စကားပြောဖြစ်ပါတယ်။ ပြန်ကြားရတာကတော့ အခုရာသီမှာ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ဝမ်ဘစ်ဆာကာကို ဘယ်ကစားသမားမှမကျော်နိုင်သေးဘူးဆိုတဲ့ သတင်းစကားပါ”လို့ ဖလက်ချာက နော်ဝေးသတင်းဌာနကိုပြောပါတယ်။ အသက် 22 နှစ်အရွယ် ဝမ်ဘစ်ဆာကာဟာ မန်စီးတီးအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ရာနှုန်းပြည့်ဖျက်ထုတ်နိုင်မှု၊ (၇)ကြိမ်ရှင်းထုတ်နိုင်မှု၊ ဖြတ်တင်ဘောတားဆီးနိုင်မှု (၄)ကြိမ်၊ ဟန့်တားနိုင်မှု(၃)ကြိမ်၊ လမ်းကြောင်းကိုရပ်တန့်နိုင်မှု (၂)ကြိမ်တို့လုပ်ဆောင်နိုင်ခဲ့ပါတယ်။

photo internet

“သူက စွမ်းဆောင်ရည်ကောင်းတဲ့ နောက်တန်းသမားပါပဲ၊ နည်းစနစ်ပိုင်းတွေ ပိုကောင်းလာတာနဲ့အမျှ ကစားပွဲကို ပိုကောင်းတဲ့အနေအထားတစ်ခုအထိ ထပ်ပြီးလုပ်ဆောင်ပေးနိုင်ပါမယ်။ မန်ယူအသင်းအတွက် တစ်ခုခုပုံဖော်ပေးနိုင်တဲ့ကစားသမားပါ”လို့ ဖလက်ချာက ပြောပါတယ်။ နည်းပြဆိုးလ်ရှားကတော့ “ကျွန်တော့်ဆီမှာရှိတဲ့လူငယ်ကစားသမားတွေဟာ ကျွန်တော်လိုချင်တဲ့ပုံစံအနေအထား အတိုင်းကစားနိုင်ကြသလို၊ အသင်းအတွက်လည်း အတွဲညီညီ အားဖြည့်ပေးနိုင်ကြပါတယ်။ လေ့ကျင့်ကွင်းမှာတင် နောက်ခံစစ်ကို တိုက်စစ်မှူးတွေကျော်ဖို့ခက်ပါတယ်”လို့ ပြောပါတယ်။

photo internet

(Zawgyi Version)

ဘစ္ဆာကာေၾကာင့္ မန္ယူရဲ႕အျခားတိုက္စစ္မွဴးေတြ ေျခစြမ္းေပ်ာက္သြားခဲ့တာလား?

မန္ယူအသင္းဟာ ၀မ္ဘစ္ဆာကာကို ပဲေလ့ကေန ေပါင္ 55 သန္းနဲ႔ေခၚယူခဲ့ၿပီးမွာေတာ့ ခံစစ္ပိုင္းအတြက္ အထိုက္အေလ်ာက္စိတ္ခ်ရတဲ့အေနအထားျဖစ္သြားပါတယ္။ ၀မ္ဘစ္ဆာကာဟာ ပဲေလ့မွာလုိပဲ မန္ယူမွာေျခစြမ္းကို ထိန္းႏိုင္တဲ့အေျခအေနရိွပါတယ္။ တိုက္စစ္အတြက္သိပ္မဟုတ္ေပမယ့္ ခံစစ္အတြက္ကေတာ့ ထုိးေဖာက္ရခက္တဲ့အေနအထားရိွသူျဖစ္ပါတယ္။

တစ္ဖက္မွာသူကေျခစြမ္းေကာင္းေနတာေၾကာင့္ အျခားအသင္းေဖာ္ေတြအတြက္ေျခစြမ္းျမွဳပ္ႏိုင္တဲ့ အေနအထားရိွမလားဆုိတာ စဥ္းစားစရာျဖစ္လာပါတယ္။ ဘာေၾကာင့္လဲဆုိရင္အခ်ဳိ႕သုံးသပ္သူေတြက ဘစ္ဆာကာအသင္းကို ေရာက္လာတာဟာ ရက္ဖို႔ဒ္၊မာရွယ္တို႔ကို ေျခစြမ္းေပ်ာက္ေစတယ္လို႔ သုံးသပ္ၾကလို႔ျဖစ္ပါတယ္။

“ကၽြန္ေတာ္ မန္ယူအသင္းက ကစားသမားေတြနဲ႔စကားေျပာျဖစ္ပါတယ္။ ျပန္ၾကားရတာကေတာ့ အခုရာသီမွာ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ၀မ္ဘစ္ဆာကာကို ဘယ္ကစားသမားမွမေက်ာ္ႏိုင္ေသးဘူးဆိုတဲ့ သတင္းစကားပါ”လို႔ ဖလက္ခ်ာက ေနာ္ေ၀းသတင္းဌာနကိုေျပာပါတယ္။ အသက္ 22 ႏွစ္အရြယ္ ၀မ္ဘစ္ဆာကာဟာ မန္စီးတီးအသင္းနဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ ရာႏႈန္းျပည့္ဖ်က္ထုတ္ႏိုင္မႈ၊ (၇)ၾကိမ္ရွင္းထုတ္ႏိုင္မႈ၊ ျဖတ္တင္ေဘာတားဆီးႏိုင္မႈ (၄)ၾကိမ္၊ ဟန္႔တားႏိုင္မႈ(၃)ၾကိမ္၊ လမ္းေၾကာင္းကိုရပ္တန္႔ႏုိင္မႈ (၂)ၾကိမ္တို႔လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

“သူက စြမ္းေဆာင္ရည္ေကာင္းတဲ့ ေနာက္တန္းသမားပါပဲ၊ နည္းစနစ္ပိုင္းေတြ ပိုေကာင္းလာတာနဲ႔အမွ် ကစားပြဲကို ပိုေကာင္းတဲ့အေနအထားတစ္ခုအထိ ထပ္ၿပီးလုပ္ေဆာင္ေပးႏိုင္ပါမယ္။ မန္ယူအသင္းအတြက္ တစ္ခုခုပံုေဖာ္ေပးႏိုင္တဲ့ကစားသမားပါ”လို႔ ဖလက္ခ်ာက ေျပာပါတယ္။ နည္းျပဆုိးလ္ရွားကေတာ့ “ကၽြန္ေတာ့္ဆီမွာရိွတဲ့လူငယ္ကစားသမားေတြဟာ ကၽြန္ေတာ္လုိခ်င္တဲ့ပုံစံအေနအထား အတိုင္းကစားႏိုင္ၾကသလုိ၊ အသင္းအတြက္လည္း အတြဲညီညီ အားျဖည့္ေပးႏိုင္ၾကပါတယ္။ ေလ့က်င့္ကြင္းမွာတင္ ေနာက္ခံစစ္ကို တိုက္စစ္မွဴးေတြေက်ာ္ဖို႔ခက္ပါတယ္”လို႔ ေျပာပါတယ္။