ဘင်ဖီကာနဲ့ ပွဲစဥ်မှာ တစ်ကိုယ်တော် စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့တဲ့ အာဆင်နယ် ကြယ်ပွင့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာကာယိုဆာကာ ဟာ အာဆင်နယ်က ဘင်ဖီကာကို ( ၃ – ၂ ) အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ‌ြေခစွမ်းပြကစားသွားခဲ့ပြီး သူ့ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းတွေက ပရိသတ်တွေအတွက် ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ ဆာကာဟာ ဒီရာသီ အာဆင်နယ်အသင်းရဲ့ ယုံကြည်အားထားရတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်လာပြီး ကြာသပတေးနေ့က ပွဲစဥ်မှာလည်း ဂိုးဖန်တီးမှု ( ၂ ) ကြိမ်ပြုလုပ်ခဲ့ပါတယ်။

အသက် ( ၁၉ ) နှစ်အရွယ် ကစားသမားရဲ့ ပေးပို့မှုမှတဆင့် အူဘာမီယန်းက အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် အာဆင်နယ်အသင်းက ကီရန် တီယာနေးရဲ့ ခေျပဂိုးမတိုင်မီ ( ၂ -၁ ) ရှုံးနိမ့်နေခဲ့ပါတယ်။ မီခဲ အာတီတာရဲ့ အသင်းက နှစ်ကျော့ပေါင်း ဂိုးရလာဒ် ( ၃ -၃ ) အနေအထားရောက်ရှိခဲ့ပေမယ့် အဝေးဂိုးစည်းမျဥ်းကြောင့် နောက်တစ်ဆင့် တက်ရောက်နိုင်မယ့်အခွင့်အရေးကို ဆက်လက်ပိုင်ဆိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် ပွဲကစားချိန် ( ၈၇ ) မိနစ်မှာတော့ ဆာကာရဲ့ လှပတဲ့ ဖြတ်တင်ပေးပို့မှုကနေ အူဘာမီယန်းက အိမ်ရှင်အသင်းအတွက် အနိုင်ဂိုး သွင်းယူေပးခဲ့ပြီး ပွဲအပြီးမှာ အာဆင်နယ်အသင်းက ( ၂ ) ေကျာ့ေပါင်းရလာဒ် ( ၄ – ၃ ) နဲ့ ေနာက်တစ်ဆင့် တက်ေရာက်သွားခဲ့ပါတယ်။ ဆာကာအနေနဲ့ ဂိုးဖန်တီးပေးပို့နိုင်ရုံသာမက ပွဲစဥ်တစ်လျှောက် ခြေစွမ်းပြသခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့ ထိုက်တန်တယ်ဆိုတာ သက်သေပြသွားခဲ့ပါတယ်။

ဘောလုံးပေးပို့မှု ( ၉၂ ) ရာခိုင်နှုန်းထိ တိကျမှုရှိခဲ့ပြီး ဘောလုံးပြန်လည် ဆယ်ယူမှု ( ၂ ) ကြိမ်၊ ဂိုးကန်သွင်းမှု ( ၂ ) ကြိမ် ၊ နှင့် အခွင့်အရေး ဖန်တီမှု ( ၂ ) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ အာဆင်နယ် ကွင်းလယ်ကစားသမားဟောင်း ဖာဘရီဂတ်ကလည်း ဘာကာယို ဆာကာ ရဲ့ ခြေစွမ်းအပေါ် သဘောကျ နှစ်သက်လျက်ရှိပြီး သူ့ရဲ့ တွယ်တာစာမျက်နှာမှတစ်ဆင့် ယခုလို မှတ်ချက်ပေးသွားခဲ့ပါတယ်။

“ ဆာကာက ကစားသမားကောင်းပါ ။ အသက်အရွယ်နဲ့ မလိုက်တဲ့ ရင့်ကျက်မှု နှင့် ဉာဏ်စွမ်း ဉာဏ်စကို ပိုင်ဆိုင်ထားပါတယ်။ Game Changer ပါ။”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘင္ဖီကာနဲ႔ ပြဲစဥ္မွာ တစ္ကိုယ္ေတာ္ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသခဲ့တဲ့ အာဆင္နယ္ ၾကယ္ပြင့္

ဘာကာယိုဆာကာ ဟာ အာဆင္နယ္က ဘင္ဖီကာကို ( ၃ – ၂ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ရပ္အေနနဲ႔ ‌ျေခစြမ္းျပကစားသြားခဲ့ၿပီး သူ႔ရဲ႕ တစ္ဦးခ်င္းစြမ္းေဆာင္ရည္ေကာင္းေတြက ပရိသတ္ေတြအတြက္ ေက်နပ္စရာ ျဖစ္ခဲ့ပါတယ္။

ဆာကာဟာ ဒီရာသီ အာဆင္နယ္အသင္းရဲ႕ ယုံၾကည္အားထားရတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္လာၿပီး ၾကာသပေတးေန႔က ပြဲစဥ္မွာလည္း ဂိုးဖန္တီးမႈ ( ၂ ) ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။ အသက္ ( ၁၉ ) ႏွစ္အ႐ြယ္ ကစားသမားရဲ႕ ေပးပို႔မႈမွတဆင့္ အူဘာမီယန္းက အာဆင္နယ္အတြက္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ပါတယ္။ အဲ့ဒီေနာက္ အာဆင္နယ္အသင္းက ကီရန္ တီယာေနးရဲ႕ ေခ်ပဂိုးမတိုင္မီ ( ၂ -၁ ) ရႈံးနိမ့္ေနခဲ့ပါတယ္။

မီခဲ အာတီတာရဲ႕ အသင္းက ႏွစ္ေက်ာ့ေပါင္း ဂိုးရလာဒ္ ( ၃ -၃ ) အေနအထားေရာက္ရွိခဲ့ေပမယ့္ အေဝးဂိုးစည္းမ်ဥ္းေၾကာင့္ ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္မယ့္အခြင့္အေရးကို ဆက္လက္ပိုင္ဆိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ပြဲကစားခ်ိန္ ( ၈၇ ) မိနစ္မွာေတာ့ ဆာကာရဲ႕ လွပတဲ့ ျဖတ္တင္ေပးပို႔မႈကေန အူဘာမီယန္းက အိမ္ရွင္အသင္းအတြက္ အႏိုင္ဂိုး သြင္းယူေပးခဲ့ၿပီး ပြဲအၿပီးမွာ အာဆင္နယ္အသင္းက ( ၂ ) ေက်ာ့ေပါင္းရလာဒ္ ( ၄ – ၃ ) နဲ႔ ေနာက္တစ္ဆင့္ တက္ေရာက္သြားခဲ့ပါတယ္။

ဆာကာအေနနဲ႔ ဂိုးဖန္တီးေပးပို႔ႏိုင္႐ုံသာမက ပြဲစဥ္တစ္ေလွ်ာက္ ေျခစြမ္းျပသခဲ့ၿပီး ပုံမွန္ပြဲထြက္ခြင့္ ရရွိဖို႔ ထိုက္တန္တယ္ဆိုတာ သက္ေသျပသြားခဲ့ပါတယ္။ ေဘာလုံးေပးပို႔မႈ ( ၉၂ ) ရာခိုင္ႏႈန္းထိ တိက်မႈရွိခဲ့ၿပီး ေဘာလုံးျပန္လည္ ဆယ္ယူမႈ ( ၂ ) ႀကိမ္၊ ဂိုးကန္သြင္းမႈ ( ၂ ) ႀကိမ္ ၊ ႏွင့္ အခြင့္အေရး ဖန္တီမႈ ( ၂ ) ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

အာဆင္နယ္ ကြင္းလယ္ကစားသမားေဟာင္း ဖာဘရီဂတ္ကလည္း ဘာကာယို ဆာကာ ရဲ႕ ေျခစြမ္းအေပၚ သေဘာက် ႏွစ္သက္လ်က္ရွိၿပီး သူ႔ရဲ႕ တြယ္တာစာမ်က္ႏွာမွတစ္ဆင့္ ယခုလို မွတ္ခ်က္ေပးသြားခဲ့ပါတယ္။  “ ဆာကာက ကစားသမားေကာင္းပါ ။ အသက္အ႐ြယ္နဲ႔ မလိုက္တဲ့ ရင့္က်က္မႈ ႏွင့္ ဉာဏ္စြမ္း ဉာဏ္စကို ပိုင္ဆိုင္ထားပါတယ္။ Game Changer ပါ။”