ဘင်ဖီကာနဲ့ပွဲက အိန်ဂျယ်ဂိုမက်ဇ်ရဲ့ ၄၅ မိနစ် စွမ်းဆောင်ရည်က ပေါ့ဂ်ဘာရဲ့ ပရီးမီးယားလိဂ် ၆ ပွဲ စွမ်းဆောင်နှုန်းထက် သာလွန်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ဒီရာသီအစမှာ ကစားသမားအချို့ကို အငှားချခဲ့တာတွေရှိသလို ပြောင်းရွှေ့ခွင့်ပေးခဲ့တာတွေလည်း ရှိပါတယ်။ တာဟစ်ချောင်ကို ဝါဒါဘရီမင် အသင်းဆီကို အငှားချထားခဲ့သလို စာချုပ်သက်တမ်းတိုးချုပ်ဆိုဖို့ ညှိနှိုင်းခဲ့ရာမှာ အဆင်မပြေခဲ့တဲ့ အိန်ဂျယ်ဂိုမက်ဇ်ကို လည်း အသင်းကထွက်ခွာခွင့်ပေးခဲ့ပါတယ်။ အိန်ဂျယ်ဂိုမက်ဇ်ကလည်း လိုင်လီအသင်းကို သွားရောက်ခဲ့ပါတယ်။

ခြေစွမ်းအလားအလာကောင်းပေမယ့် စီနီယာအသင်းကြီးမှာ နေရာရဖို့ကတော်ရုံခြေစွမ်းကောင်းတာလောက်နဲ့ မလုံလောက်ပါဘူး။ ဂရင်းဝုဒ်နဲ့အတူ မန်ယူရဲ့ငယ်မွေးခြံပေါက်ကစားသမားတွေဖြစ်ကြတဲ့ သူတို့နှစ်ဦးဟာ ဒီရာသီမှာတော့ မန်ယူကနေ အသီးသီးထွက်ခွာသွားခဲ့ကြပါတယ်။

ကစားသမားတစ်ဦး ကို အသင်းမှာနေရာမပေးနိုင်တဲ့အချိန်မှာ သူ ပွဲထွက်ခွင့်ရမယ့်အသင်းကို အငှားချ တာဟာ ကစားသမားရဲ့ခြေစွမ်းကို ပိုပြီးတိုးတက်ရာရောက်ပါတယ်။ ယူနိုက်တက်မှာ စာချုပ်သက်တမ်းတိုးဖို့ ညှိနှိုင်းရာမှာ အဆင်မပြေခဲ့တဲ့ အိန်ဂျယ်ဂိုမက်ဇ်ဟာ လိုင်လီကိုပြောင်းရွှေ့ခဲ့ပေမယ့် သူဟာ လိုင်လီမှာလည်း ပွဲထွက်ခွင့်မရနိုင်တာကြောင့် ဘိုအာဗစ္စတာမှာ အငှားသွားရောက်ကစားနေရပါတယ်။ အိန်ဂျယ်ဂိုမက်ဇ်အတွက်ကတော့ ဒီအငှားသွားရောက်ကစားခဲ့တဲ့ အကျိုးဆက်ကတော့ ခြေစွမ်းတွေပြသနေပြီး သူ့စွမ်းဆောင်ရည်ကို မီဒီယာတွေက ချီးကျူးနေကြပါတယ်။

အိန် ဂျယ်ဂိုမက်ဇ်ဟာ ကွင်းလယ်တိုက်စစ်ကစားတဲ့သူဖြစ်ပြီး အသက် ၂၀ ရှိသေးသလို သူ့ရဲ့ခန္ဒာကိုယ်ကလည်း ထွားကျိုင်းမနေဘဲ အရပ်ကလည်း ၅ ပေ၊ ၃ လက်မပဲ ရှိ ပါတယ်။ ဒီလိုလူငယ်ကစားသမားတစ်ဦးနဲ့ လူကောင်သေးတဲ့ ဂိုမက်ဇ်ကို ဘိုအာ ဗစ္စတာအသင်းက ကျောနံပါတ် ၁၀ ကို ယုံယုံကြည်ကြည် ဘာလို့ပေးခဲ့လဲဆိုတာ ပြီးခဲ့တဲ့ ဘင်ဖီကာနဲ့ပွဲက သက်သေပါပဲ။

ဘင်ဖီကာနဲ့ပွဲ ပထမပိုင်းမှာ အိန်ဂျယ်ဂို မက်ဇ်ရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းခဲ့ပြီး မှတ်တမ်းတွေအရ ပြိုင်ဘက်အ သင်းကို ထိရောက်တဲ့ထိုးဖောက်မှုတွေပြုလုပ်နိုင်ခဲ့သလို ကိုယ်တိုင်လည်း ပင်နယ်တီက တစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ပထမပိုင်း ၄၅ မိနစ်စွမ်းဆောင်ရည်က ပရီးမီးယားလိဂ်မှာ ပေါ့ဂ်ဘာ ၆ ပွဲ စွမ်းဆောင်ရည်ထက် ပိုပြီးသာလွန်ကောင်းမွန် ခဲ့တာကို တွေ့ရမှာပါ။ ဂိုမက်ဇ်ဟာ ပေါ်တူဂီလိဂ် ၄ ပွဲကစားပြီးတဲ့အချိန်မှာ ကိုယ် တိုင် ၂ ဂိုးသွင်းထားသလို ၄ ဂိုးအထိ ဖန်တီးပေးထားတာကြောင့် လက်ရှိမန်ယူ ကွင်းလယ်မှာ စွမ်းဆောင်ရည်ကျဆင်းပြီး စိတ်မပါသလိုဖြစ်နေတဲ့ ပေါ့ဂ်ဘာနဲ့နှိုင်း ယှဉ်ပြီး ပရိသတ်တွေက ဝေဖန်နေကြတာပါ။
ဘင်ဖီကာလို အသင်းကြီးနဲ့ပွဲမှာ အိန်ဂျယ်ဂိုမက်ဇ်ဟာ ရှိန်မနေဘဲ လူငယ်ကစားသမားတစ်ဦးရဲ့ခြေစွမ်းထက်ပိုတဲ့ စွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့ပြီး ပေါ်တူဂီလိဂ်ရောက်ရောက်ချင်း စကစားခဲ့တဲ့ နာစီယွန်နယ်နဲ့ပွဲမှာလည်း ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပရိသတ်တွေအတွက် အမှတ်ရစရာဖြစ်ခဲ့တာကတော့ မိုရီနီစီနဲ့ပွဲမှာ ကွင်းလယ်စက်ဝိုင်းသာသာကနေ ပြိုင်ဘက်ဂိုးပေါက်ထဲကို လှလှပပကန်ထည့်သွင်းသွားတဲ့ ဂိုးပါပဲ။

ပေါ့ဂ်ဘာလို ကမ္ဘာ့ဖလားရထားပြီး World Class ဖြစ်တဲ့ ကစားသမားနဲ့ ပျမ်းမျှအခြေအနေချင်း မယှဉ်နိုင်ပေမယ့် လက်ရှိခြေစွမ်းအရတော့ ဂိုမက်ဇ်ဟာ ပေါ့ဂ်ဘာကို နောက်ကောက်ချနိုင်ခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘင္ဖီကာနဲ႔ပြဲက အိန္ဂ်ယ္ဂိုမက္ဇ္ရဲ႕ ၄၅ မိနစ္ စြမ္းေဆာင္ရည္က ေပါ့ဂ္ဘာရဲ႕ ပရီးမီးယားလိဂ္ ၆ ပြဲ စြမ္းေဆာင္ႏႈန္းထက္ သာလြန္ေန

မန္ယူအသင္းဟာ ဒီရာသီအစမွာ ကစားသမားအခ်ိဳ႕ကို အငွားခ်ခဲ့တာေတြရွိသလို ေျပာင္းေ႐ႊ႕ခြင့္ေပးခဲ့တာေတြလည္း ရွိပါတယ္။ တာဟစ္ေခ်ာင္ကို ဝါဒါဘရီမင္ အသင္းဆီကို အငွားခ်ထားခဲ့သလို စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုဖို႕ ညွိႏႈိင္းခဲ့ရာမွာ အဆင္မေျပခဲ့တဲ့ အိန္ဂ်ယ္ဂိုမက္ဇ္ကို လည္း အသင္းကထြက္ခြာခြင့္ေပးခဲ့ပါတယ္။ အိန္ဂ်ယ္ဂိုမက္ဇ္ကလည္း လိုင္လီအသင္းကို သြားေရာက္ခဲ့ပါတယ္။ ေျခစြမ္းအလားအလာေကာင္းေပမယ့္ စီနီယာအသင္းၾကီးမွာ ေနရာရဖို႕ကေတာ္ရံုေျခစြမ္းေကာင္းတာေလာက္နဲ႕ မလံုေလာက္ပါဘူး။

ဂရင္းဝုဒ္နဲ႕အတူ မန္ယူရဲ႕ငယ္ေမြးၿခံေပါက္ကစားသမားေတြျဖစ္ၾကတဲ့ သူတို႕ႏွစ္ဦးဟာ ဒီရာသီမွာေတာ့ မန္ယူကေန အသီးသီးထြက္ခြာသြားခဲ့ၾကပါတယ္။ ကစားသမားတစ္ဦး ကို အသင္းမွာေနရာမေပးႏိုင္တဲ့အခ်ိန္မွာ သူ ပြဲထြက္ခြင့္ရမယ့္အသင္းကို အငွားခ် တာဟာ ကစားသမားရဲ႕ေျခစြမ္းကို ပိုၿပီးတိုးတက္ရာေရာက္ပါတယ္။ ယူႏိုက္တက္မွာ စာခ်ဳပ္သက္တမ္းတိုးဖို႔ ညႇိႏႈိင္းရာမွာ အဆင္မေျပခဲ့တဲ့ အိန္ဂ်ယ္ဂိုမက္ဇ္ဟာ လိုင္လီကိုေျပာင္းေရႊ႕ခဲ့ေပမယ့္ သူဟာ လိုင္လီမွာလည္း ပြဲထြက္ခြင့္မရႏိုင္တာေၾကာင့္ ဘိုအာဗစၥတာမွာ အငွားသြားေရာက္ကစားေနရပါတယ္။ အိန္ဂ်ယ္ဂိုမက္ဇ္အတြက္ကေတာ့ ဒီအငွားသြားေရာက္ကစားခဲ့တဲ့ အက်ိဳးဆက္ကေတာ့ ေျခစြမ္းေတြျပသေနၿပီး သူ႕စြမ္းေဆာင္ရည္ကို မီဒီယာေတြက ခ်ီးက်ဴးေနၾကပါတယ္။

အိန္ ဂ်ယ္ဂိုမက္ဇ္ဟာ ကြင္းလယ္တိုက္စစ္ကစားတဲ့သူျဖစ္ၿပီး အသက္ ၂၀ ရွိေသးသလို သူ႔ရဲ႕ခႏၵာကိုယ္ကလည္း ထြားက်ိဳင္းမေနဘဲ အရပ္ကလည္း ၅ ေပ၊ ၃ လက္မပဲ ရွိ ပါတယ္။ ဒီလိုလူငယ္ကစားသမားတစ္ဦးနဲ႔ လူေကာင္ေသးတဲ့ ဂိုမက္ဇ္ကို ဘိုအာ ဗစၥတာအသင္းက ေက်ာနံပါတ္ ၁၀ ကို ယုံယုံၾကည္ၾကည္ ဘာလို႔ေပးခဲ့လဲဆိုတာ ၿပီးခဲ့တဲ့ ဘင္ဖီကာနဲ႔ပြဲက သက္ေသပါပဲ။

ဘင္ဖီကာနဲ႔ပြဲ ပထမပိုင္းမွာ အိန္ဂ်ယ္ဂို မက္ဇ္ရဲ႕စြမ္းေဆာင္ရည္က အရမ္းေကာင္းခဲ့ၿပီး မွတ္တမ္းေတြအရ ၿပိဳင္ဘက္အ သင္းကို ထိေရာက္တဲ့ထိုးေဖာက္မႈေတြျပဳလုပ္ႏိုင္ခဲ့သလို ကိုယ္တိုင္လည္း ပင္နယ္တီက တစ္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

သူ႔ရဲ႕ ပထမပိုင္း ၄၅ မိနစ္စြမ္းေဆာင္ရည္က ပရီးမီးယားလိဂ္မွာ ေပါ့ဂ္ဘာ ၆ ပြဲ စြမ္းေဆာင္ရည္ထက္ ပိုၿပီးသာလြန္ေကာင္းမြန္ ခဲ့တာကို ေတြ႕ရမွာပါ။ ဂိုမက္ဇ္ဟာ ေပၚတူဂီလိဂ္ ၄ ပြဲကစားၿပီးတဲ့အခ်ိန္မွာ ကိုယ္ တိုင္ ၂ ဂိုးသြင္းထားသလို ၄ ဂိုးအထိ ဖန္တီးေပးထားတာေၾကာင့္ လက္ရွိမန္ယူ ကြင္းလယ္မွာ စြမ္းေဆာင္ရည္က်ဆင္းၿပီး စိတ္မပါသလိုျဖစ္ေနတဲ့ ေပါ့ဂ္ဘာနဲ႔ႏႈိင္း ယွဥ္ၿပီး ပရိသတ္ေတြက ေဝဖန္ေနၾကတာပါ။
ဘင္ဖီကာလို အသင္းႀကီးနဲ႔ပြဲမွာ အိန္ဂ်ယ္ဂိုမက္ဇ္ဟာ ရွိန္မေနဘဲ လူငယ္ကစားသမားတစ္ဦးရဲ႕ေျခစြမ္းထက္ပိုတဲ့ စြမ္းေဆာင္ရည္မ်ိဳးျပသႏိုင္ခဲ့ၿပီး ေပၚတူဂီလိဂ္ေရာက္ေရာက္ခ်င္း စကစားခဲ့တဲ့ နာစီယြန္နယ္နဲ႔ပြဲမွာလည္း ၃ ဂိုး ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ပရိသတ္ေတြအတြက္ အမွတ္ရစရာျဖစ္ခဲ့တာကေတာ့ မိုရီနီစီနဲ႔ပြဲမွာ ကြင္းလယ္စက္ဝိုင္းသာသာကေန ၿပိဳင္ဘက္ဂိုးေပါက္ထဲကို လွလွပပကန္ထည့္သြင္းသြားတဲ့ ဂိုးပါပဲ။

ေပါ့ဂ္ဘာလို ကမာၻ႔ဖလားရထားၿပီး World Class ျဖစ္တဲ့ ကစားသမားနဲ႔ ပ်မ္းမွ်အေျခအေနခ်င္း မယွဥ္ႏိုင္ေပမယ့္ လက္ရွိေျခစြမ္းအရေတာ့ ဂိုမက္ဇ္ဟာ ေပါ့ဂ္ဘာကို ေနာက္ေကာက္ခ်ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။