
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ကီရင် ဘင်ဇီးမားဟာ ရီးရဲမက်ဒရစ်က မာယော့ကာကို ( ၆-၁ ) အနိုင်ရခဲ့တဲ့ပွဲစဥ်အတွင်း အဓိက ကစားသမားတစ်ဦးအနေနဲ့ ပါဝင်ခဲ့ပြီး ဒီရာသီ လာလီဂါ ( ၆ ) ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ( ၁၅ ) ကြိမ်ထိ ပြုလုပ်ထားနိုင်တာတွေ့ရပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ အသင်းအတွက် ပြည်တွင်းအမှတ်ပေးပြိုင်ပွဲ သွင်းဂိုး ( ၂၀၀ ) ပြည့်ခဲ့ပြီး ဒုတိယပိုင်း အဆုံးသတ်မှုနဲ့အတူ ဆန်တီယေဂို ဘာနေဗျူးမှာ ထူးချွန်ပြောင်မေြာက်တဲ့ legacy တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။
ရီးရဲမက်ဒရစ်ဟာ လက်ရှိမှာ အက်သလက်တီကို မက်ဒရစ်ကို ကျော်ဖြတ်ပြီး လာလီဂါ အမှတ်ပေးဇယားအဆင့် ( ၁ ) နေရာမှာ ရပ်တည်နေပြီး လက်ရှိအချိန်ထိ ရှံုးပွဲမရှိ မှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။
ဘင်ဇီမားရဲ့ ၁၅ ဂိုး ပါဝင်ပတ်သက်မှု ( ၈ ဂိုး နှင့် ၇ ကြိမ် ဖန်တီးမှု ) ဟာ ယခုဆယ်စုနှစ်အတွင်း လာလီဂါပြိုင်ပွဲမှာ ( ၆ ) ပွဲကစားပြီးချိန် ကစားသမားတစ်ဦးရဲ့ အများဆုံး စွမ်းဆောင်နိုင်မှုဖြစ်ပါတယ်။
ဒါ့အပြင် ရီးရဲမက်ဒရစ်ဟာလည်း ( ၁၉၈၇ -၈၈ ) ရာသီကစပြီး ( ၆ ) ပွဲကစားရာမှာ သွင်းဂိုးအများဆုံး ( ၂၁ ဂိုး) ရယူနိုင်တဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ထားပါတယ်။
ရီးရဲမက်ဒရစ်နည်းပြ ကားလို့စ် အန်ဆလော့တီကလည်း ဘင်ဇီးမားနဲ့ ပတ်သက်ပြီး “ သူ သွင်းဂိုးများစွာ ရယူထားနိုင်တဲ့အချက်က နောက်မှာ အသင်းနဲ့ အချိတ်အဆက်မိမိ ကစားပြီး ဂိုးဖန်တီးမှုတေွ ပြုလုပ်ပေးလေ့ရှိတဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကို မေ့လျော့စေပါတယ်။
သူက ဂိုးပဲသွင်းတဲ့ တိုက်စစ်မှူးမဟုတ်ပါဘူး။ နေရာတိုင်းမှာ ပြီးပြည့်စုံနေတဲ့သူပါ။”လို့ ဆိုခဲ့ပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ လက်ရှိမှာ လူငယ်ကစားသမားတွေနဲ့ အကူးအပြောင်းကာလကို ရင်ဆိုင်နေရပေမယ့် ဘင်ဇီးမားရဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ အမှတ်ပေးချန်ပီယံဆုအတွက် အလားအလာကောင်းတဲ့ အသင်းအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။
နောက်ပြီး အန်ဆလော့တီရဲ့ ကွင်းတွင်းစီမံခန့်ခွဲမှု အရည်အချင်းတွေကြောင့် လူငယ်ကစားသမားတွေဖြစ်တဲ့ ဗင်နီးဆီးယပ် ဂျူနီယာ နှင် ရိုဒရီဂိုတို့ရဲ့ ခြေစွမ်းတွေကလည်း သိသိသာသာ တိုးတက်လာပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဘင္ဇီမားရဲ႕ ေျခစြမ္းျပမႈနဲ႔အတူ လာလီဂါခ်န္ပီယံဆု ရယူဖို႔အသင့္ရွိေၾကာင္း သက္ေသျပခဲ့တဲ့ ရီးရဲမက္ဒရစ္အသင္း
ကီရင္ ဘင္ဇီးမားဟာ ရီးရဲမက္ဒရစ္က မာေယာ့ကာကို ( ၆-၁ ) အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း အဓိက ကစားသမားတစ္ဦးအေနနဲ႔ ပါဝင္ခဲ့ၿပီး ဒီရာသီ လာလီဂါ ( ၆ ) ပြဲမွာ ဂိုးပါဝင္ပတ္သက္မႈ ( ၁၅ ) ႀကိမ္ထိ ျပဳလုပ္ထားႏိုင္တာေတြ႕ရပါတယ္။
ျပင္သစ္တိုက္စစ္မႉးဟာ အသင္းအတြက္ ျပည္တြင္းအမွတ္ေပးၿပိဳင္ပြဲ သြင္းဂိုး ( ၂၀၀ ) ျပည့္ခဲ့ၿပီး ဒုတိယပိုင္း အဆုံးသတ္မႈနဲ႔အတူ ဆန္တီေယဂို ဘာေနဗ်ဴးမွာ ထူးခြၽန္ေျပာင္ေျမာက္တဲ့ legacy တစ္ခု စိုက္ထူႏိုင္ခဲ့ပါတယ္။
ရီးရဲမက္ဒရစ္ဟာ လက္ရွိမွာ အက္သလက္တီကို မက္ဒရစ္ကို ေက်ာ္ျဖတ္ၿပီး လာလီဂါ အမွတ္ေပးဇယားအဆင့္ ( ၁ ) ေနရာမွာ ရပ္တည္ေနၿပီး လက္ရွိအခ်ိန္ထိ ရွံုးပြဲမရွိ မွတ္တမ္း ပိုင္ဆိုင္ထားပါတယ္။
ဘင္ဇီမားရဲ႕ ၁၅ ဂိုး ပါဝင္ပတ္သက္မႈ ( ၈ ဂိုး ႏွင့္ ၇ ႀကိမ္ ဖန္တီးမႈ ) ဟာ ယခုဆယ္စုႏွစ္အတြင္း လာလီဂါၿပိဳင္ပြဲမွာ ( ၆ ) ပြဲကစားၿပီးခ်ိန္ ကစားသမားတစ္ဦးရဲ႕ အမ်ားဆုံး စြမ္းေဆာင္ႏိုင္မႈျဖစ္ပါတယ္။ ဒါ့အျပင္ ရီးရဲမက္ဒရစ္ဟာလည္း ( ၁၉၈၇ -၈၈ ) ရာသီကစၿပီး ( ၆ ) ပြဲကစားရာမွာ သြင္းဂိုးအမ်ားဆုံး ( ၂၁ ဂိုး) ရယူႏိုင္တဲ့ ေဘာလုံးရာသီကို ပိုင္ဆိုင္ထားပါတယ္။
ရီးရဲမက္ဒရစ္နည္းျပ ကားလို႔စ္ အန္ဆေလာ့တီကလည္း ဘင္ဇီးမားနဲ႔ ပတ္သက္ၿပီး “ သူ သြင္းဂိုးမ်ားစြာ ရယူထားႏိုင္တဲ့အခ်က္က ေနာက္မွာ အသင္းနဲ႔ အခ်ိတ္အဆက္မိမိ ကစားၿပီး ဂိုးဖန္တီးမႈေတြ ျပဳလုပ္ေပးေလ့ရွိတဲ့ သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို ေမ့ေလ်ာ့ေစပါတယ္။ သူက ဂိုးပဲသြင္းတဲ့ တိုက္စစ္မႉးမဟုတ္ပါဘူး။ ေနရာတိုင္းမွာ ၿပီးျပည့္စုံေနတဲ့သူပါ။”လို႔ ဆိုခဲ့ပါတယ္။
ရီးရဲမက္ဒရစ္အသင္းဟာ လက္ရွိမွာ လူငယ္ကစားသမားေတြနဲ႔ အကူးအေျပာင္းကာလကို ရင္ဆိုင္ေနရေပမယ့္ ဘင္ဇီးမားရဲ႕ စြမ္းေဆာင္ရည္ေတြနဲ႔အတူ အမွတ္ေပးခ်န္ပီယံဆုအတြက္ အလားအလာေကာင္းတဲ့ အသင္းအျဖစ္ ဆက္လက္ရပ္တည္ေနပါတယ္။ ေနာက္ၿပီး အန္ဆေလာ့တီရဲ႕ ကြင္းတြင္းစီမံခန႔္ခြဲမႈ အရည္အခ်င္းေတြေၾကာင့္ လူငယ္ကစားသမားေတြျဖစ္တဲ့ ဗင္နီးဆီးယပ္ ဂ်ဴနီယာ ႏွင္ ႐ိုဒရီဂိုတို႔ရဲ႕ ေျခစြမ္းေတြကလည္း သိသိသာသာ တိုးတက္လာပါတယ္။