ဘက်ရှူယာရီဂျာစီဝတ်ပြီး ရုပ်တည်ကြီးနဲ့ ဝင်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနောက်ခံလူ ဘိုယာတာ

Photo Credit

Photo Credit

တကယ့်ကို ငိုအားထက်ရယ်အားသန်ဖြစ်ရပ်ပါပဲ။ ဘယ်လ်ဂျီယံနောက်ခံလူ ဘိုယာတာဟာ စနေညက ရုရှားနဲ့ကစားခဲ့တဲ့ယူရိုခြေစစ်ပွဲမှာ ရယ်စရာဖြစ်ရပ်အဖြစ် အသင်းဖော်တိုက်စစ်မှူး ဘက်ရှူယာရီရဲ့ဂျာစီကို မှားယွင်းဝတ်ဆင်ကစားခဲ့ပါတယ်။

Photo Credit

ဘယ်လ်ဂျီယံအသင်းဟာ အဲဒီပွဲမှာ ရုရှားကို ၁-၄ ဂိုးနဲ့အနိုင်ရခဲ့ပြီး ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ အုပ်စုပထမရဖို့ သေချာသွားခဲ့ပါတယ်။ အဲဒီပွဲမှာ လူစားဝင်တိုက်စစ်မှူး ဘက်ရှူယာရီက ပွဲချိန်အများစုမှာ အရန်ခုံတန်းရောက်နေပေမယ့် ပွဲကြည့်ပရိသတ်တွေကတော့ ဒုတိယပိုင်းပြန်အစမှာ ဘိုယာတာက ဘက်ရှူယာရီရဲ့ ကျောနံပါတ် ၂၃အင်္ကျီဝတ်ဆင်ကစားနေတာကို သတိပြုမိခဲ့ပါတယ်။

Photo Credit

အဲဒီလိုမတော်တဆမှားယွင်းမှုကို ဒုတိယပိုင်းပြန်စပြီး ၁၀မိနစ်အကြာမှာ ပွဲတာဝန်ရှိသူတွေလည်း သတိပြုမိသွားပြီး ဘိုယာတာကလည်း သူ့ဂျာစီအမှန်နဲ့ လဲလှယ်ဝတ်ဆင်ကစားခဲ့ပါတယ်။ ပွဲပြီးဖို့ ၁၃ မိနစ်အလိုမှာ လူကာကူအစား လူစားဝင်ကစားခဲ့တဲ့ ဘက်ရှူယာရီကလည်း ပွဲအပြီးမှာ လူမှုမီဒီယာကနေ အဲဒီဖြစ်ရပ်ကို နောက်ပြောင်သွားပါတယ်။

Photo Credit

ဘက်ရှူယာရီက ”ဘိုယာတာလည်း အခုမှ သူ့အိပ်မက်တွေကို လက်တွေ့လုပ်ဆောင်နိုင်ခဲ့တယ်”လို့ တွစ်တာမှာ ရေးသားခဲ့ပြီး ဆုတောင်းနေပုံ အီမိုဂျီ တစ်ခုနဲ့ ရယ်မောနေတဲ့အီမိုဂျီ ၃ခုပါ ထည့်သွင်းခဲ့ပါတယ်။ အဲဒီပွဲမှာ ဘယ်လ်ဂျီယံအသင်းက ရုရှားအသင်းအတွက် တောင့်တင်းလွန်းတဲ့ပြိုင်ဘက်အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit

သော်ဂန်ဟာဇက်က အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အစ်ကိုဖြစ်သူ အီဒင်ဟာဇက်က ပထမပိုင်းမပြီးခင် ၂ဂိုးဆက်သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာ လူကာကူက အဆုံးသတ်ဂိုးသွင်းကာ ဇီကီယာက ရုရှားက နှစ်သိမ့်ဂိုး သွင်းယူခဲ့ပါတယ်။

Photo Credit

နှစ်သင်းစလုံးက ခြေစစ်ပွဲအောင်မြင်ပြီးသားအသင်းတွေဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းက ကစားခဲ့သမျှ ၉ပွဲစလုံးအနိုင်ရရှိကာ တိုက်စစ်အားအကောင်းဆုံးအသင်းအဖြစ် ၃၄ဂိုးအထိသွင်းယူထားပါတယ်။ ရုရှားကလည်း ဘယ်လ်ဂျီယံကို အရေးနိမ့်ခဲ့တဲ့ ၂ပွဲကလွဲလို့ ကျန် ၇ပွဲစလုံးအနိုင်ရရှိထားပါတယ်။

Photo Credit

နည်းပြမာတီနက်ဇ်ဦးဆောင်တဲ့ဘယ်လ်ဂျီယံဟာ ခြေစစ်ပွဲနောက်ဆုံးပွဲအဖြစ် အင်္ဂါနေ့မှာ ဆိုက်ပရပ်စ်ကို ဧည့်ခံကစားရမှာဖြစ်ပြီး ရုရှားကလည်း အဲဒီနေ့မှာပဲ အသင်းငယ်လေးဆန်မာရီနိုနဲ့ ကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

ဘက္႐ွဴယာရီဂ်ာစီ၀တ္ၿပီး ႐ုပ္တည္ႀကီးနဲ႔ ၀င္ကစားခဲ့တဲ့ ဘယ္လ္ဂ်ီယံေနာက္ခံလူ ဘိုယာတာ

တကယ့္ကို ငိုအားထက္ရယ္အားသန္ျဖစ္ရပ္ပါပဲ။ ဘယ္လ္ဂ်ီယံေနာက္ခံလူ ဘုိယာတာဟာ စေနညက ႐ုရွားနဲ႔ကစားခဲ့တဲ့ ယူ႐ိုေျခစစ္ပြဲမွာ ရယ္စရာျဖစ္ရပ္အျဖစ္ အသင္းေဖာ္တုိက္စစ္မွဴး ဘက္႐ွဴယာရီရဲ႕ဂ်ာစီကို မွားယြင္း၀တ္ဆင္ကစားခဲ့ပါ တယ္။ ဘယ္လ္ဂ်ီယံအသင္းဟာ အဲဒီပြဲမွာ ႐ုရွားကို ၁-၄ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ယူ႐ို ၂၀၂၀ ေျခစစ္ပဲြမွာ အုပ္စုပထမရဖုိ႔ ေသ ခ်ာသြား ခဲ့ပါတယ္။ အဲဒီပဲြမွာ လူစား၀င္တုိက္စစ္မွဴး ဘက္႐ွဴယာရီက ပြဲခ်ိန္အမ်ားစုမွာ အရန္ခုံတန္းေရာက္ ေန ေပမယ့္ ပြဲၾကည့္ ပရိသတ္ေတြကေတာ့ ဒုတိယပုိင္းျပန္အစမွာ ဘုိယာတာက ဘက္႐ွဴယာရီရဲ႕ ေက်ာနံပါတ္ ၂၃အက်ႌ ဝတ္ဆင္ ကစား ေနတာကို သတိျပဳမိခဲ့ပါတယ္။

အဲဒီလုိမေတာ္တဆမွားယြင္းမႈကို ဒုတိယပိုင္းျပန္စၿပီး ၁၀မိနစ္အၾကာမွာ ပဲြတာ၀န္ရွိသူေတြလည္း သတိျပဳမိသြားၿပီး ဘုိယာတာကလည္း သူ႕ဂ်ာစီအမွန္နဲ႔ လဲလွယ္၀တ္ဆင္ကစားခဲ့ပါတယ္။ ပြဲၿပီးဖို႔ ၁၃ မိနစ္အလုိမွာ လူကာကူအစား လူစား၀င္ကစားခဲ့တဲ့ ဘက္႐ွဴယာရီကလည္း ပဲြအၿပီးမွာ လူမႈမီဒီယာကေန အဲဒီျဖစ္ရပ္ကို ေနာက္ေျပာင္သြားပါတယ္။
ဘက္႐ွဴယာရီက ”ဘုိယာတာလည္း အခုမွ သူ႕အိပ္မက္ေတြကို လက္ေတြ႕လုပ္ေဆာင္ႏုိင္ခဲ့တယ္”လုိ႔ တြစ္တာမွာ ေရးသား ခဲ့ၿပီး ဆုေတာင္းေနပုံ အီမိုဂ်ီ တစ္ခုနဲ႔ ရယ္ေမာေနတဲ့အီမိုဂ်ီ ၃ခုပါ ထည့္သြင္းခ့ဲပါတယ္။ အဲဒီပြဲမွာ ဘယ္လ္ဂ်ီယံ အသင္းက ႐ုရွားအသင္းအတြက္ ေတာင့္တင္းလြန္းတဲ့ၿပိဳင္ဘက္အျဖစ္ ေျခစြမ္းျပႏုိင္ခဲ့ပါတယ္။ ေသာ္ဂန္ဟာဇက္က အဖြင့္ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ အစ္ကုိျဖစ္သူ အီဒင္ဟာဇက္က ပထမပိုင္းမၿပီးခင္ ၂ဂိုးဆက္သြင္းယူႏုိင္ခဲ့ၿပီး ပဲြခ်ိန္ ၇၂ မိနစ္မွာ လူကာကူက အဆုံးသတ္ဂုိးသြင္းကာ ဇီကီယာက ႐ုရွားက ႏွစ္သိမ့္ဂိုး သြင္းယူခဲ့ပါတယ္။

ႏွစ္သင္းစလုံးက ေျခစစ္ပြဲေအာင္ျမင္ၿပီးသားအသင္းေတြျဖစ္ၿပီး ဘယ္လ္ဂ်ီယံအသင္းက ကစားခဲ့သမွ် ၉ပြဲစလုံးအႏိုင္ရရွိ ကာ တိုက္စစ္အားအေကာင္းဆုံးအသင္းအျဖစ္ ၃၄ဂိုးအထိသြင္းယူထားပါတယ္။ ႐ုရွားကလည္း ဘယ္လ္ဂ်ီယံကို အေရး နိမ့္ခဲ့တဲ့ ၂ပြဲကလြဲလုိ႔ က်န္ ၇ပြဲစလုံးအႏုိင္ရရွိထားပါတယ္။ နည္းျပမာတီနက္ဇ္ဦးေဆာင္တဲ့ဘယ္လ္ဂ်ီယံဟာ ေျခစစ္ပဲြ ေနာက္ဆုံးပြဲအျဖစ္ အဂၤါေန႔မွာ ဆုိက္ပရပ္စ္ကို ဧည့္ခံကစားရမွာျဖစ္ၿပီး ႐ုရွားကလည္း အဲဒီေန႔မွာပဲ အသင္းငယ္ေလး ဆန္မာရီႏုိနဲ႔ ကစားရမွာျဖစ္ပါတယ္။