ဘက်စ်ကီးရှီးယားနဲ့ ပွဲမှာ ဟက်ထရစ်ရစေမဲ့ ပင်နယ်တီကို ဖာနန်ဒက်စ်က ဘာကြောင့် ရက်ရှ်ဖို့ဒ်ကို ပေးကန်ခဲ့တာလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရူနို ဖာနန်ဒက်စ်က ရက်ရှ်ဖို့ဒ်ကို နောက်ထပ် ပင်နယ်တီကန်ခွင့် ရခဲ့ရင် ပေးကန်မယ်လို့ ကတိပြုထားတာကြောင့် ယမန်နေ့ညက ဘက်စ်ကီးရှီးယားနဲ့ ပွဲစဉ်မှာ ပေးးကန်ခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ တူရကီကလပ်ကို ၄-၁ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ နီးစပ်နေခဲ့ပြီ ဖြစ်ပါတယ်။

ပေါ်တူဂီသားဟာ ပွဲချိန်အစောပိုင်းမှာတင် ၂ဂိုးသွင်းနိုင်ခဲ့ပြီး ရက်ရှ်ဖို့ဒ်ကြောင့် ရတဲ့ ပင်နယ်တီကို ကန်သွင်းမယ်ဆိုရင် ဟက်ထရစ်ရဖို့ သေချာနေပါတယ်။

ဖာနန်ဒက်စ်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပြီးနောက် ဘောလုံးကို ယူလိုက်ပေမဲ့ သူ ဟက်ထရစ်ရမယ့်အခွင့်အရေးကို လက်လွှတ်ပြီး ပင်နယ်တီကို ရက်ရှ်ဖို့အား ပေးကန်ခဲ့ပါတယ်။

အဆိုပါ ပင်နယ်တီကိုတော့ ရက်ရှ်ဖို့ဒ်က ညာဘက်ထောင့်ထဲကို အမှားအယွင်းမရှိ ကန်သွင်းကာ တတိယဂိုးကို သွင်းယူပေးခဲ့ကာ ပွဲသိမ်းဂိုးကိုတော့ ဒန်နီရယ်ဂျိမ်းစ်က သွင်းပေးခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဖာနန်ဒက်စ်က ရက်ရှ်ဖို့ဒ်ကို ဘာကြောင့် ပင်နယ်တီကန်ခွင့်ပေးခဲ့တယ်ဆိုတာ ဖွင့်ဟသွားခဲ့ပါတယ်။

ဖာနန်ဒက်စ်က “ကစားသမားတိုင်းက ဟက်ထရစ် လိုချင်တာ သေချာတာပေါ့ဗျာ။ ဒါပေမဲ့ ပရီးမီးယားလိပွဲစဉ် ပြီးတော့ ကျွန်တော် ရက်ရှ်ဖို့ဒ်ကို နောက်တစ်ကြိမ် ရတဲ့ ပင်နယ်တီ ပေးကန်မယ်ဆိုပြီး ပြောထားခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော် သတိရတော့ သူ့ကို ပေးကန်ခဲ့ပြီး သူကလည်း ချန်ပီယံလိဂ်မှာ ထိပ်တန်း ဂိုးသွင်းရှင် (၁)ဦးဆိုတော့ ယုံကြည်မှုရဖို့ အရေးကြီးပါတယ်”

“အသင်းအတွက် ဂိုးသွင်းတာချင်းအတူတူ ဘယ်သူ ပင်နယ်တီ ကန်တယ်ဆိုတာ အရေးမကြီးပါဘူး။ ကျွန်တော်တို့ ကောင်းမွန်တဲ့ နေရာမှာ ရှိနေပေမဲ့ စိတ်အေးလို့ မရပါဘူး။

လာမယ့် ပရီးမီးယားလိဂ်ပွဲကို စဉ်းစားရမှာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ ဆောက်သန်တမ်နဲ့ပွဲမှာ နိုင်ပွဲ ရယူဖို့ ကြိုးစားရပါဦးမယ်။ အဲ့ဒီပွဲပြီးရင် ပီအစ်ဂျီနဲ့ အိမ်ကွင်းပွဲကဆက်နေတော့ လေ့ကျင့်ချိန်နဲနဲပဲရှိတဲ့ ချန်ပီယံလိဂ်ပွဲအတွက် ပြင်ဆင်ရပါဦးမယ်”လို့ ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘက္စ္ကီးရွီးယားနဲ႔ ပဲြမွာ ဟက္ထရစ္ရေစမဲ့ ပင္နယ္တီကို ဖာနန္ဒက္စ္က ဘာေၾကာင့္ ရက္ရွ္ဖို႔ဒ္ကို ေပးကန္ခဲ့တာလဲ

ဘရူႏို ဖာနန္ဒက္စ္က ရက္ရွ္ဖို႔ဒ္ကို ေနာက္ထပ္ ပင္နယ္တီကန္ခြင့္ ရခဲ့ရင္ ေပးကန္မယ္လို႔ ကတိျပဳထားတာေၾကာင့္ ယမန္ေန႔ညက ဘက္စ္ကီးရွီးယားနဲ႔ ပြဲစဥ္မွာ ေပးးကန္ခဲ့တာလို႔ ဖြင့္ဟခဲ့ပါတယ္။

ယူႏုိက္တက္အသင္းဟာ အုိးထရက္ဖို႔ဒ္မွာ တူရကီကလပ္ကို ၄-၁ဂိုးနဲ႔ အႏိုင္ရခဲ့ျပီးေနာက္ ရႈံးထြက္အဆင့္တက္ေရာက္ႏိုင္ဖို႔ နီးစပ္ေနခဲ့ျပီ ျဖစ္ပါတယ္။

ေပၚတူဂီသားဟာ ပဲြခ်ိန္အေစာပိုင္းမွာတင္ ၂ဂိုးသြင္းႏုိင္ခဲ့ျပီး ရက္ရွ္ဖို႔ဒ္ေၾကာင့္ ရတဲ့ ပင္နယ္တီကို ကန္သြင္းမယ္ဆုိရင္ ဟက္ထရစ္ရဖို႔ ေသခ်ာေနပါတယ္။

ဖာနန္ဒက္စ္က ပင္နယ္တီ သတ္မွတ္ေပးခဲ့ျပီးေနာက္ ေဘာလံုးကို ယူလိုက္ေပမဲ့ သူ ဟက္ထရစ္ရမယ့္အခြင့္အေရးကို လက္လႊတ္ၿပီး ပင္နယ္တီကို ရက္ရွ္ဖို႔အား ေပးကန္ခဲ့ပါတယ္။

အဆုိပါ ပင္နယ္တီကိုေတာ့ ရက္ရွ္ဖို႔ဒ္က ညာဘက္ေထာင့္ထဲကို အမွားအယြင္းမရွိ ကန္သြင္းကာ တတိယဂိုးကို သြင္းယူေပးခဲ့ကာ ပဲြသိမ္းဂိုးကိုေတာ့ ဒန္နီရယ္ဂ်ိမ္းစ္က သြင္းေပးခဲ့ပါတယ္။

ပဲြအျပီးမွာေတာ့ ဖာနန္ဒက္စ္က ရက္ရွ္ဖို႔ဒ္ကို ဘာေၾကာင့္ ပင္နယ္တီကန္ခြင့္ေပးခဲ့တယ္ဆုိတာ ဖြင့္ဟသြားခဲ့ပါတယ္။

ဖာနန္ဒက္စ္က “ကစားသမားတုိင္းက ဟက္ထရစ္ လိုခ်င္တာ ေသခ်ာတာေပါ့ဗ်ာ။ ဒါေပမဲ့ ပရီးမီးယားလိ္ပြဲစဥ္ ၿပီးေတာ့ ကြ်န္ေတာ္ ရက္ရွ္ဖို႔ဒ္ကို ေနာက္တစ္ၾကိမ္ ရတဲ့ ပင္နယ္တီ ေပးကန္မယ္ဆုိျပီး ေျပာထားခဲ့ပါတယ္။ ဒါေၾကာင့္ ဒီေန႔ ကြ်န္ေတာ္ သတိရေတာ့ သူ႕ကို ေပးကန္ခဲ့ျပီး သူကလည္း ခ်န္ပီယံလိဂ္မွာ ထိပ္တန္း ဂိုးသြင္းရွင္ (၁)ဦးဆိုေတာ့ ယံုၾကည္မႈရဖို႔ အေရးၾကီးပါတယ္”

“အသင္းအတြက္ ဂိုးသြင္းတာခ်င္းအတူတူ ဘယ္သူ ပင္နယ္တီ ကန္တယ္ဆုိတာ အေရးမၾကီးပါဘူး။ ကြ်န္ေတာ္တို႔ ေကာင္းမြန္တဲ့ ေနရာမွာ ရွိေနေပမဲ့ စိတ္ေအးလို႔ မရပါဘူး။ လာမယ့္ ပရီးမီးယားလိဂ္ပြဲကို စဥ္းစားရမွာ ျဖစ္ျပီး တနဂၤေႏြေန႔မွာ ေဆာက္သန္တမ္နဲ႕ပြဲမွာ ႏိုင္ပဲြ ရယူဖုိ႔ ၾကိဳးစားရပါဦးမယ္။ အဲ့ဒီပြဲၿပီးရင္ ပီအစ္ဂ်ီနဲ႕ အိမ္ကြင္းပြဲကဆက္ေနေတာ့ ေလ့က်င့္ခ်ိန္နဲနဲပဲရွိတဲ့ ခ်န္ပီယံလိဂ္ပဲြအတြက္ ျပင္ဆင္ရပါဦးမယ္”လို႔ ေျပာခဲ့ပါတယ္။