
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဆိုးလ်ရှားက ဆန်ချိုအနေနဲ့ ဘက်ခမ်းနှင့် ရော်နယ်ဒိုတို့ကဲ့သို့ပင် နိုင်ငံတကာပွဲစဉ်မှ ဖြစ်ရပ်များကြောင့် ပရိသတ်များ၏ လှောင်ပြောင်မှုကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။
ယူနိုက်တက် တောင်ပံ ကစားသမားသစ်လေး ဂျေဒန် ဆန်ချို နဲ့ အကယ်ဒမီထွက်လေး ရက်ဖိုဒ့် တို့ဟာ ပြီးခဲ့တဲ့ လတုန်းက ကစား ခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲ မှာ ပင်နယ်တီ လွဲချော် ခဲ့ကြသူတွေ ဖြစ်ပြီး အင်္ဂလန် အသင်းရဲ့ ရှုံးနိမ့်မှုမှာ အဓိက တရားခံ တွေ ဖြစ်ခဲ့ ကြပါတယ်။
သူတို့ ၂ ဦး နဲ့ အတူ ပင်နယ်တီ လွဲချော် ခဲ့တဲ့ အာဆင်နယ်လူငယ်လေး ဆာကာ ကို ဘရန့်ဖိုဒ့် ပရိသတ်တွေက နွေးထွေးစွာ ကြိုဆို ခဲ့ကြပေမယ့် ဆန်ချို ကတော့ ကွဲပြားတဲ့ အနေအထားနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။
လိဒ် ယူနိုက်တက် နဲ့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ အပတ်က ပွဲစဉ်မှာ လိဒ် ပရိသတ် အချို့ ဟာ “မင်း ကိုယ့်နိုင်ငံကို ကျရှုံးစေခဲ့တယ်” လို့ အော်ဟစ်ပြီး ရက်ဖိုဒ့် နဲ့ ဆန်ချို တို့ကို ထိုးနှက် ခဲ့တာကို တွေ့မြင် ခဲ့ရ ပါတယ်။
ယူနိုက်တက် ကစားသမားဟောင်း ဘက်ခမ်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားတွင် အနီကတ် အပြခံရပြီးနောက် ပရိသတ်များ၏ လှောင်ပြောင်ခြင်းကို ဆိုးရွားစွာ ခံခဲ့ရပါတယ်။
ထိပ်တန်းကစားသမား ရော်နယ်ဒိုဟာလည်း ယူရို-၂၀၀၄ တွင် ရွန်နေးကို အနီကတ်ထိအောင် လုပ်တယ်ဟုဆိုကာ ပရိသတ်များ၏အမုန်းကို ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမယ့် သူတို့ ၂ ယောက်စလုံးဟာ နောက်ရာသီမှာပဲ အကောင်းဆုံး ပုံစံတွေ ပြသပြီး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဘဝကို ပြန်လည် ရယူနိုင်ခဲ့ကာ အောင်မြင်မှုတွေ နဲ့ အဆုံးသတ်နိုင်ခဲ့ ကြပါတယ်။
ဒါကြောင့် ဆိုးလ်ရှား က ဆန်ချို အနေနဲ့လည်း ယူနိုက်တက် နောင်တော်ကြီး ၂ ဦးရဲ့ လမ်းစဉ်ကို လျောက်လှမ်း နိုင်ဖို့ လိုအပ်ကြောင်း ပြောဆို သွားခဲ့တာ ဖြစ်ပါတယ်။
ဆိုးလ်ရှားက “ကျွန်တော်တို့ ဒီပြဿနာကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်ပါတယ်။
ဆန်ချိုနဲ့ ရက်ဖို့ဒ်က မာကျောတဲ့စိတ်ဓာတ် ရှိပါတယ်။
ယူနိုက်တက်အနေနဲ့ ကစားသမားတွေ စိတ်ဓာတ်ခိုင်မာဖို့ လိုတယ်ဆိုတာ သိပါတယ်။
ဘက်ခမ်းကိစ္စမှာ ဖာဂူဆန် ကိုင်တွယ်သွားတာကို အတုယူရမှာပါ။
ဆန်ချိုကို ကျွန်တော်တို့ ကာကွယ်သွားပါမယ်။ ဘာမှပြဿနာမရှိပါဘူး။
အဝေးကွင်းမှာကစားရင် ရော်နယ်ဒိုနဲ့ ဘက်ခမ်းတို့ အတွေ့အကြုံအရ အခုလို လှောင်ပြောင်ခံရတာဟာ သူတို့ရဲ့ခြေစွမ်းကို ကြောက်ရွံ့လို့ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းသားတစ်ယောက်အနေနဲ့ ဒီလိုအခြေအနေမျိုးကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်”
“ဆန်ချို ကို ကျွန်တော် ပြောခဲ့ပါတယ်။ ဘက်ခမ်း ကို ကြည့်ပါ ရော်နယ်ဒို ကို ကြည့်ပါ။
သူတို့ဘယ်လိုလုပ် ခဲ့ကြတယ်ဆိုတာ ကို လေ့လာပါ။
မင်းရဲ့ နောက်မှာ ငါတို့ အားလုံး ရှိပါတယ်လို့ သူ့ကို ကျွန်တော် ပြောခဲ့ပါတယ်။
တကယ်လည်း အဲဒီအတိုင်းပဲ ကျွန်တော်တို့ ရှိနေ ပေးမှာပါ”
“အခု ဆန်ချို ဟာ ယူနိုက်တက် ကစားသမား တစ်ယောက် ဖြစ်နေပါပြီ။
သူ ဘယ်လောက် ကောင်းတယ် ဆိုတာ ၊ ဘာကြောင့် ဒီအသင်းကို ရောက်လာဖို့ ထိုက်တန်တယ် ဆိုတာကို ပြသဖို့ အကောင်းဆုံး အချိန် ပါပဲ။
ဘက်ခမ်း တို့ ရော်နယ်ဒိုတို့လိုသာ ကစားပြလိုက်ပါ။
အသံတွေ တိတ်သွားပါလိမ့်မယ်” လို့ပြောဆိုပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဘက္ခမ္း၊ ေရာ္နယ္ဒိုတို႔လို ေလွာင္ေျပာင္မႈဒဏ္ေတြကို ဆန္ခ်ိဳ ေက်ာ္လႊားရမယ္လို႔ ဆိုးလ္ရွားေျပာဆို
ဆိုးလ္ရွားက ဆန္ခ်ိဳအေနနဲ႔ ဘက္ခမ္းႏွင့္ ေရာ္နယ္ဒိုတို႔ကဲ့သို႔ပင္ ႏိုင္ငံတကာပြဲစဥ္မွ ျဖစ္ရပ္မ်ားေၾကာင့္ ပရိသတ္မ်ား၏ ေလွာင္ေျပာင္မႈကို ေက်ာ္လႊားႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာဆိုပါတယ္။
ယူႏိုက္တက္ ေတာင္ပံ ကစားသမားသစ္ေလး ေဂ်ဒန္ ဆန္ခ်ိဳ နဲ႔ အကယ္ဒမီထြက္ေလး ရက္ဖိုဒ့္ တို႔ဟာ ၿပီးခဲ့တဲ့ လတုန္းက ကစား ခဲ့တဲ့ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲ မွာ ပင္နယ္တီ လြဲေခ်ာ္ ခဲ့ၾကသူေတြ ျဖစ္ၿပီး အဂၤလန္ အသင္းရဲ႕ ရႈံးနိမ့္မႈမွာ အဓိက တရားခံ ေတြ ျဖစ္ခဲ့ ၾကပါတယ္။
သူတို႔ ၂ ဦး နဲ႔ အတူ ပင္နယ္တီ လြဲေခ်ာ္ ခဲ့တဲ့ အာဆင္နယ္လူငယ္ေလး ဆာကာ ကို ဘရန႔္ဖိုဒ့္ ပရိသတ္ေတြက ေႏြးေထြးစြာ ႀကိဳဆို ခဲ့ၾကေပမယ့္ ဆန္ခ်ိဳ ကေတာ့ ကြဲျပားတဲ့ အေနအထားနဲ႔ ႀကဳံေတြ႕ ခဲ့ရပါတယ္ ။ လိဒ္ ယူႏိုက္တက္ နဲ႔ ကစားခဲ့တဲ့ ၿပီးခဲ့တဲ့ အပတ္က ပြဲစဥ္မွာ လိဒ္ ပရိသတ္ အခ်ိဳ႕ ဟာ “မင္း ကိုယ့္ႏိုင္ငံကို က်ရႈံးေစခဲ့တယ္” လို႔ ေအာ္ဟစ္ၿပီး ရက္ဖိုဒ့္ နဲ႔ ဆန္ခ်ိဳ တို႔ကို ထိုးႏွက္ ခဲ့တာကို ေတြ႕ျမင္ ခဲ့ရ ပါတယ္ ။
ယူႏိုက္တက္ ကစားသမားေဟာင္း ဘက္ခမ္းဟာ ၁၉၉၈ ကမာၻ႔ဖလားတြင္ အနီကတ္ အျပခံရၿပီးေနာက္ ပရိသတ္မ်ား၏ ေလွာင္ေျပာင္ျခင္းကို ဆိုး႐ြားစြာ ခံခဲ့ရပါတယ္။ထိပ္တန္းကစားသမား ေရာ္နယ္ဒိုဟာလည္း ယူ႐ို-၂၀၀၄ တြင္ ႐ြန္ေနးကို အနီကတ္ထိေအာင္ လုပ္တယ္ဟုဆိုကာ ပရိသတ္မ်ား၏အမုန္းကို ရင္ဆိုင္ခဲ့ရပါတယ္။
ဒါေပမယ့္ သူတို႔ ၂ ေယာက္စလုံးဟာ ေနာက္ရာသီမွာပဲ အေကာင္းဆုံး ပုံစံေတြ ျပသၿပီး ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ကစားသမား ဘဝကို ျပန္လည္ ရယူႏိုင္ခဲ့ကာ ေအာင္ျမင္မႈေတြ နဲ႔ အဆုံးသတ္ႏိုင္ခဲ့ ၾကပါတယ္ ။ ဒါေၾကာင့္ ဆိုးလ္ရွား က ဆန္ခ်ိဳ အေနနဲ႔လည္း ယူႏိုက္တက္ ေနာင္ေတာ္ႀကီး ၂ ဦးရဲ႕ လမ္းစဥ္ကို ေလ်ာက္လွမ္း ႏိုင္ဖို႔ လိုအပ္ေၾကာင္း ေျပာဆို သြားခဲ့တာ ျဖစ္ပါတယ္ ။
ဆိုးလ္ရွားက “ကြၽန္ေတာ္တို႔ ဒီျပႆနာကို ေအးေအးေဆးေဆး ကိုင္တြယ္ႏိုင္ပါတယ္။ ဆန္ခ်ိဳနဲ႔ ရက္ဖို႔ဒ္က မာေက်ာတဲ့စိတ္ဓာတ္ ရွိပါတယ္။ ယူႏိုက္တက္အေနနဲ႔ ကစားသမားေတြ စိတ္ဓာတ္ခိုင္မာဖို႔ လိုတယ္ဆိုတာ သိပါတယ္။ ဘက္ခမ္းကိစၥမွာ ဖာဂူဆန္ ကိုင္တြယ္သြားတာကို အတုယူရမွာပါ။ ဆန္ခ်ိဳကို ကြၽန္ေတာ္တို႔ ကာကြယ္သြားပါမယ္။ ဘာမွျပႆနာမရွိပါဘူး။ အေဝးကြင္းမွာကစားရင္ ေရာ္နယ္ဒိုနဲ႔ ဘက္ခမ္းတို႔ အေတြ႕အႀကဳံအရ အခုလို ေလွာင္ေျပာင္ခံရတာဟာ သူတို႔ရဲ႕ေျခစြမ္းကို ေၾကာက္႐ြံ႕လို႔ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းသားတစ္ေယာက္အေနနဲ႔ ဒီလိုအေျခအေနမ်ိဳးကို ေက်ာ္လႊားႏိုင္မယ္လို႔ ယုံၾကည္ပါတယ္”
“ဆန္ခ်ိဳ ကို ကြၽန္ေတာ္ ေျပာခဲ့ပါတယ္။ ဘက္ခမ္း ကို ၾကည့္ပါ ေရာ္နယ္ဒို ကို ၾကည့္ပါ ။ သူတို႔ဘယ္လိုလုပ္ ခဲ့ၾကတယ္ဆိုတာ ကို ေလ့လာပါ ။ မင္းရဲ႕ ေနာက္မွာ ငါတို႔ အားလုံး ရွိပါတယ္လို႔ သူ႔ကို ကြၽန္ေတာ္ ေျပာခဲ့ပါတယ္ ။ တကယ္လည္း အဲဒီအတိုင္းပဲ ကြၽန္ေတာ္တို႔ ရွိေန ေပးမွာပါ”
“အခု ဆန္ခ်ိဳ ဟာ ယူႏိုက္တက္ ကစားသမား တစ္ေယာက္ ျဖစ္ေနပါၿပီ ။ သူ ဘယ္ေလာက္ ေကာင္းတယ္ ဆိုတာ ၊ ဘာေၾကာင့္ ဒီအသင္းကို ေရာက္လာဖို႔ ထိုက္တန္တယ္ ဆိုတာကို ျပသဖို႔ အေကာင္းဆုံး အခ်ိန္ ပါပဲ ။ဘက္ခမ္း တို႔ ေရာ္နယ္ဒိုတို႔လိုသာ ကစားျပလိုက္ပါ ။ အသံေတြ တိတ္သြားပါလိမ့္မယ္” လို႔ေျပာဆိုပါတယ္။