”ဘက်ခမ်းရဲ့အင်တာမီယာမီကို စီရော်နယ်ဒိုလည်း ရောက်လာနိုင်တာပဲ”- ဆီဗက်စတြီ

photo-goal

photo-express

အင်တာမီယာမီအသင်းနဲ့အတူ မေဂျာလိဂ်ကို ဒေးဗစ်ဘက်ခမ်းပြန်ရောက်လာတာဟာ အမေရိကန်ကို နာမည်ကြီးတွေ ရောက်ရှိလာမှုကို ပြန်လည်ခေတ်ထစေလိမ့်မှာဖြစ်ကြောင်း သူ့ရဲ့မန်ယူအသင်းဖော်ဟောင်း ဆီဗက်စတြီက ပြောကြားလိုက်ပါတယ်။ အဲဒီထဲမှာ စီရော်နယ်ဒိုလည်း ပါဝင်နိုင်ကြောင်း သူက ဆိုခဲ့တာပါ။ လက်ရှိမှာတော့ ဘက်ခမ်းတစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းဟာ ကစားထားရတဲ့မေဂျာလိဂ်နှစ်ပွဲစလုံးကို ကျဉ်းမြောင်းတဲ့ရလဒ်တွေနဲ့ ရှုံးနိမ့်ထားပါတယ်။

photo-gettyimages

၂၀၀၇ ခုနှစ်တုန်းက ဘက်ခမ်းရဲ့အယ်လ်အေဂလက်ဆီအပြောင်းအရွှေ့ကြောင့် အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲကို စိတ်ဝင်စားမှုမြင့်တက်စေခဲ့ပြီး ကာကာ၊ဟင်နရီ၊လမ်းပတ်နဲ့ပီယာလိုတို့လို နိုင်ငံတကာကြယ်ပွင့်တွေဟာ သူ့ရဲ့ခြေရာအတိုင်း လိုက်နင်းခဲ့ကြပါတယ်။ အခုလည်း အသင်းသစ်အင်တာမီယာမီက ဘက်ခမ်းရဲ့ပါဝင်ပတ်သက်မှုကြောင့် မေဂျာလိဂ်ဟာ ပိုပြီးခေါင်းထောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

photo-gettyimages

”ဘက်ခမ်းဟာ နာမည်ကြီးတွေခေါ်နိုင်အောင် သေချာပေါက်လုပ်နိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူဘယ်သူလဲဆိုတာ၊ သူဘာလုပ်နိုင်တယ်ဆိုတာနဲ့ သူ့မှာရှိတဲ့အဆက်အသွယ်တွေကြောင့်ပါ။ မကြာတော့မယ့်အနာဂါတ် အင်တာမီယာမီအသင်းမှာ အရမ်းကိုနာမည်ကြီးတဲ့သူတချို့ကို ကျွန်တော်တို့ တွေ့ရတော့မှာပါ။ စီရော်နယ်ဒိုလည်း ရောက်လာနိုင်တာပဲလေ”လို့ မေဂျာလိဂ်မှာ ကစားခဲ့ဖူးတဲ့ ဘက်ခမ်းရဲ့မန်ယူအသင်းဖော်ဟောင်းဆီဗက်စတြီက ပြောခဲ့တာပါ။ ဘက်ခမ်းကိုယ်တိုင်ကလည်း သူ့ရဲ့အင်တာမီယာမီအသင်းအတွက် မက်ဆီနဲ့စီရော်နယ်ဒိုတို့လိုကစားသမားတွေကို ပစ်မှတ်ထားနိုင်တယ်လို့ ဆိုခဲ့ဖူးပါတယ်။

[Zawgyi]

”ဘက္ခမ္းရဲ႕အင္တာမီယာမီကို စီေရာ္နယ္ဒိုလည္း ေရာက္လာႏိုင္တာပဲ”- ဆီဗက္စႀတီ

အင္တာမီယာမီအသင္းနဲ႔အတူ ေမဂ်ာလိဂ္ကို ေဒးဗစ္ဘက္ခမ္းျပန္ေရာက္လာတာဟာ အေမရိကန္ကုိ နာမည္ႀကီးေတြ ေရာက္ရွိလာမႈကို ျပန္လည္ေခတ္ထေစလိမ့္မွာျဖစ္ေၾကာင္း သူ႔ရဲ႕မန္ယူအသင္းေဖာ္ေဟာင္း ဆီဗက္စႀတီက ေျပာၾကားလုိက္ပါတယ္။ အဲဒီထဲမွာ စီေရာ္နယ္ဒိုလည္း ပါ၀င္ႏိုင္ေၾကာင္း သူက ဆိုခဲ့တာပါ။ လက္ရွိမွာေတာ့ ဘက္ခမ္းတစ္စိတ္တစ္ပိုင္း ပိုင္ဆိုင္တဲ့ အင္တာမီယာမီအသင္းဟာ ကစားထားရတဲ့ေမဂ်ာလိဂ္ႏွစ္ပြဲစလုံးကို က်ဥ္းေျမာင္းတဲ့ရလဒ္ေတြနဲ႔ ရႈံးနိမ့္ထားပါတယ္။

၂၀၀၇ ခုႏွစ္တုန္းက ဘက္ခမ္းရဲ႕အယ္လ္ေအဂလက္ဆီအေျပာင္းအေရႊ႕ေၾကာင့္ အေမရိကန္ေမဂ်ာလိဂ္ၿပိဳင္ပြဲကို စိတ္၀င္စားမႈျမင့္တက္ေစခဲ့ၿပီး ကာကာ၊ဟင္နရီ၊လမ္းပတ္နဲ႔ပီယာလုိတုိ႔လို ႏုိင္ငံတကာၾကယ္ပြင့္ေတြဟာ သူ႔ရဲ႕ေျခရာအတိုင္း လုိက္နင္းခဲ့ၾကပါတယ္။ အခုလည္း အသင္းသစ္အင္တာမီယာမီက ဘက္ခမ္းရဲ႕ပါ၀င္ပတ္သက္မႈေၾကာင့္ ေမဂ်ာလိဂ္ဟာ ပိုၿပီးေခါင္းေထာင္ႏိုင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနၾကပါတယ္။

”ဘက္ခမ္းဟာ နာမည္ႀကီးေတြေခၚႏိုင္ေအာင္ ေသခ်ာေပါက္လုပ္ႏိုင္မွာပါ။ ဘာေၾကာင့္လဲဆုိေတာ့ သူဘယ္သူလဲဆုိတာ၊ သူဘာလုပ္ႏိုင္တယ္ဆိုတာနဲ႔ သူ႔မွာရွိတဲ့အဆက္အသြယ္ေတြေၾကာင့္ပါ။ မၾကာေတာ့မယ့္အနာဂါတ္ အင္တာမီယာမီအသင္းမွာ အရမ္းကုိနာမည္ႀကီးတဲ့သူတခ်ိဳ႕ကို ကၽြန္ေတာ္တို႔ ေတြ႕ရေတာ့မွာပါ။ စီေရာ္နယ္ဒိုလည္း ေရာက္လာႏိုင္တာပဲေလ”လုိ႔ ေမဂ်ာလိဂ္မွာ ကစားခဲ့ဖူးတဲ့ ဘက္ခမ္းရဲ႕မန္ယူအသင္းေဖာ္ေဟာင္းဆီဗက္စႀတီက ေျပာခဲ့တာပါ။ ဘက္ခမ္းကိုယ္တုိင္ကလည္း သူ႔ရဲ႕အင္တာမီယာမီအသငး္အတြက္ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔လိုကစားသမားေတြကို ပစ္မွတ္ထားႏိုင္တယ္လို႔ ဆိုခဲ့ဖူးပါတယ္။