
Photo Credit ; Getty Images
Photo Credit ; Getty Images
ယူႏိုက္တက္အသင္းနဲ႔ ၇ ရာသီၾကာ ျဖတ္သန္းေနတဲ့ ကြင္းလယ္လူဟြမ္မာတာက မန္ခ်က္စတာယူႏိုက္တက္လိုအသင္းမ်ိဳးမွာ ဆက္လက္ကစားခြင့္ရေနတာက သူ႔အတြက္ အိပ္မက္တစ္ခုလိုျဖစ္ေၾကာင္း ဝန္ခံေျပာၾကားလိုက္ပါတယ္။ မာတာဟာ ဗလန္စီယာနဲ႔ ခ်ဲလ္ဆီးအသင္းေတြကို မေျပာင္းေရႊ႕မီ လူငယ္ကစားသမားဘဝကိုရီးရဲလ္မက္ဒရစ္အသင္းမွာကုန္ဆံုးခဲ့ပါတယ္။ အသက္ ၃၁ ႏွစ္အရြယ္ စပိန္သားကလက္ရွိအခ်ိန္ထိယူႏိုက္တက္လို အသင္းႀကီးတစ္သင္းရဲ႕ကစားသမားအျဖစ္ ရွိေနရတာကိုတစ္ခါတရံမွာအံ့ၾသမိတယ္လို႔ ဆိုပါတယ္။
Photo Credit
မာတာက အသင္းဂႏၳဝင္ေတြရဲ႕လမ္းစဥ္ကိုလိုက္ၿပီးယူႏိုက္တက္နဲ႔အတူမွတ္တမ္းေကာင္းေတြ ေရးထိုးႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ “ကၽြန္ေတာ္ကေလးဘဝတုန္းက ပေရာ္ဖက္ရွင္နယ္ ကစားသမားတစ္ဦး ျဖစ္ခ်င္တဲ့ ဆႏၵတစ္ခုပဲရွိခဲ့တာပါ။ ကၽြန္ေတာ့္အေဖက ေဘာလံုးၿပိဳင္ပြဲေတြမွာမကစားဖူးဘူးေလ၊ ကၽြန္ေတာ့္ရဲ႕ တစ္ခုတည္းေသာရည္ရြယ္ခ်က္က ကၽြန္ေတာ့္ေၾကာင့္ မိသားစုကဂုဏ္ယူႏိုင္ဖို႔ပါ၊ ဒီလိုနဲ႔ အခ်ိန္ေတြ တျဖည္းျဖည္းကုန္လြန္လာခဲ့တာ အခုေတာ့ ကၽြန္ေတာ္ကေဒးဗစ္ဘက္ခမ္း၊ ႐ိုင္ယန္ဂစ္၊ ေပါလ္စခိုးလ္နဲ႔ အဲရစ္ကန္တိုနာတို႔လို ဂႏၳဝင္ႀကီးေတြ ကစားခဲ့ဖူးတဲ့ ယူႏိုက္တက္ကစားသမား ျဖစ္ေနပါၿပီ”
Photo Credit
”တစ္ခါတစ္ရံမွာ ဒါကအိပ္မက္တစ္ခု၊ ဒ႑ရီတစ္ပုဒ္လို႔ေတာင္ ထင္မိပါတယ္”လို႔ မာတာက တယ္လီဂရပ္ဖ္သတင္းကိုေျပာျပပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ခဲ်လ္ဆီးအသင္းကေန ေျပာင္းေရႊ႕လာကတည္းက မာတာကအိုးထရက္ဖို႔ဒ္မွာေျခစြမ္းေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ ကစားသမားတစ္ဦးအျဖစ္ လူသိမ်ားခဲ့ပါတယ္။
Photo Credit
ဒါေပမဲ့ မာတာက အရာရာတိုင္းကမလြယ္ကူပါဘူးလို႔ ဆိုပါတယ္။ ယူႏိုက္တက္မွာရွိေနတဲ့ တစ္ေလွ်ာက္လံုး မာတာကေအာင္ျမင္မႈေတြပဲပိုင္ဆုိင္ခဲ့ရတာမဟုတ္ပါဘူး၊ အသင္းနဲ႔အတူ အက္ဖ္ေအဖလား၊ လိဂ္ဖလားနဲ႔ ယူ႐ိုပါလိဂ္ ဖလားတို႔ကို ကိုင္ေျမွာက္ႏို္င္ခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္ (ေနာက္ပိုင္းကာလေတြ)မွာေတာ့ ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ဖလားနဲ႔ အလွမ္းေဝးကြာေနခဲ့ရတယ္လို႔ မာတာကဝန္ခံေျပာၾကားသြားခဲ့ပါတယ္။
Photo Credit
Unicode
ဘက်ခမ်း၊ ကန်တိုနာ၊ ဂစ်နဲ့ ပေါလ်စခိုးလ်တို့လို ဂန္ထဝင်တွေ ကစားခဲ့ဖူးတဲ့အသင်းမှာကစားနေရတာ ဒဏ္ဍရီတစ်ခုလိုပါပဲ – မာတာ
ယူနိုက်တက်အသင်းနဲ့ ၇ ရာသီကြာ ဖြတ်သန်းနေတဲ့ ကွင်းလယ်လူဟွမ်မာတာက မန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးမှာ ဆက်လက်ကစားခွင့်ရနေတာက သူ့အတွက် အိပ်မက်တစ်ခုလိုဖြစ်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
မာတာဟာ ဗလန်စီယာနဲ့ ချဲလ်ဆီးအသင်းတွေကို မပြောင်းရွှေ့မီ လူငယ်ကစားသမားဘဝကိုရီးရဲလ်မက်ဒရစ်အသင်းမှာကုန်ဆုံးခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် စပိန်သားကလက်ရှိအချိန်ထိယူနိုက်တက်လို အသင်းကြီးတစ်သင်းရဲ့ကစားသမားအဖြစ် ရှိနေရတာကိုတစ်ခါတရံမှာအံ့သြမိတယ်လို့ ဆိုပါတယ်။
မာတာက အသင်းဂန္ထဝင်တွေရဲ့လမ်းစဉ်ကိုလိုက်ပြီးယူနိုက်တက်နဲ့အတူမှတ်တမ်းကောင်းတွေ ရေးထိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။ “ကျွန်တော်ကလေးဘဝတုန်းက ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦး ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုပဲရှိခဲ့တာပါ”
”ကျွန်တော့်အဖေက ဘောလုံးပြိုင်ပွဲတွေမှာမကစားဖူးဘူးလေ၊ ကျွန်တော့်ရဲ့ တစ်ခုတည်းသောရည်ရွယ်ချက်က ကျွန်တော့်ကြောင့် မိသားစုကဂုဏ်ယူနိုင်ဖို့ပါ၊ ဒီလိုနဲ့ အချိန်တွေ တဖြည်းဖြည်းကုန်လွန်လာခဲ့တာ အခုတော့ ကျွန်တော်ကဒေးဗစ်ဘက်ခမ်း၊ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ်နဲ့ အဲရစ်ကန်တိုနာတို့လို ဂန္ထဝင်ကြီးတွေ ကစားခဲ့ဖူးတဲ့ ယူနိုက်တက်ကစားသမား ဖြစ်နေပါပြီ”
”တစ်ခါတစ်ရံမှာ ဒါကအိပ်မက်တစ်ခု၊ ဒဏ္ဍရီတစ်ပုဒ်လို့တောင် ထင်မိပါတယ်”လို့ မာတာက တယ်လီဂရပ်ဖ်သတင်းကိုပြောပြပါတယ်။ ၂၀၁၄ ခုနှစ်မှာ ခဲျလ်ဆီးအသင်းကနေ ပြောင်းရွှေ့လာကတည်းက မာတာကအိုးထရက်ဖို့ဒ်မှာခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ဦးအဖြစ် လူသိများခဲ့ပါတယ်။
ဒါပေမဲ့ မာတာက အရာရာတိုင်းကမလွယ်ကူပါဘူးလို့ ဆိုပါတယ်။ ယူနိုက်တက်မှာရှိနေတဲ့ တစ်လျှောက်လုံး မာတာကအောင်မြင်မှုတွေပဲပိုင်ဆိုင်ခဲ့ရတာမဟုတ်ပါဘူး၊ အသင်းနဲ့အတူ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ် ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ် (နောက်ပိုင်းကာလတွေ)မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဖလားနဲ့ အလှမ်းဝေးကွာနေခဲ့ရတယ်လို့ မာတာကဝန်ခံပြောကြားသွားခဲ့ပါတယ်။