ဘက္ခမ္းရဲ႕အသင္းသစ္မွာ မက္ဆီကုိ ျမင္ေတြ႕ရေတာ့မွာလား…ေမဂ်ာလိဂ္ကို ေျပာင္းေရႊ႕ဖို႔ မက္ဆီ စဥ္းစားေနၿပီဟုဆို

Photo Credit

Photo Credit

စပိန္မွာ ထြက္ေပၚေနတဲ့သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီဟာ လာမယ့္ေႏြရာသီေစ်းကြက္အတြင္း ႏူးကမ့္အေျခစုိက္အသင္းကေန ထြက္ခြာၿပီး ေမဂ်ာလိဂ္ကို ေျပာင္းေရႊ႕ဖုိ႔ စဥ္းစားေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

Photo Credit

အသက္ ၃၂ႏွစ္အရြယ္ရွိ တုိက္စစ္မွဴး မက္ဆီဟာ စာခ်ဳပ္ထဲမွာပါ၀င္တဲ့အေျပာင္းအေရႊ႕ေစ်းႏႈန္းေၾကာင့္ အသင္းနဲ႔လမ္းခြဲဖို႔ စဥ္းစားေနတယ္လုိ႔ သိရၿပီး တျခားသတင္းေတြက ဘာစီလုိနာအသင္းအေနနဲ႔ မက္ဆီကို ကစားသမားဘ၀ကေန အနားယူခ်ိန္အထိရွိမယ့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းေတာ့မယ္လုိ႔ သိရေပမယ့္ စပိန္သတင္းစာ Mundo Deportivo ကေတာ့ မက္ဆီတစ္ေယာက္ ဘာစီလုိနာနဲ႔လက္တြဲျဖဳတ္ဖုိ႔ အသင့္ရွိေနၿပီလုိ႔ ေရးသားေဖာ္ျပခဲ့ပါတယ္။

Photo Credit

အာဂ်င္တီးနားအသင္းေခါင္းေဆာင္မက္ဆီဟာ အရင္တုန္းကလည္း အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ေဒးဗစ္ဘက္ခမ္းဦးေဆာင္တ့ဲ ေမဂ်ာလိဂ္အသင္းသစ္ အင္တာမုိင္ယာမီအသင္းကို ေျပာင္းေရႊ႕ဖုိ႔ သတင္းေတြထြက္ေပၚခဲ့ၿပီး အဲဒီအသင္းက ၂၀၂၀ ေမဂ်ာလိဂ္ၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္၀င္ေရာက္ယွဥ္ၿပိဳင္ေတာ့မွာျဖစ္ပါတယ္။

Photo Credit

ယူႏုိက္တက္ဂႏၳ၀င္ကစားသမားႀကီး ဘက္ခမ္းကလည္း မိမိအေနနဲ႔ မက္ဆီျဖစ္ျဖစ္ ေနာက္ထပ္ Ballon d’Or ၅ဆုရွင္ျဖစ္တဲ့ ေရာ္နယ္ဒိုျဖစ္ျဖစ္ ေခၚယူေရးက သူ႕အတြက္ အိပ္မက္ျဖစ္လာႏုိင္ေၾကာင္း ၿပီးခဲ့တဲ့မတ္လက ေျပာၾကားခဲ့ဖူးပါတယ္။

Photo Credit

”အားလုံးမွာ သူတုိ႔ရဲ႕ဆႏၵေတြရွိပါတယ္။ ဒါေပမဲ့ လီယိုနဲ႔ ခရစၥတီယာတို႔ ေဘာလုံးကစားေနခ်ိန္၊ သူတုိ႔ႏွစ္ေယာက္ရဲ႕ေန၀င္ခ်ိန္ေရာက္လာေတာ့မယ့္အခ်ိန္ပဲျဖစ္ျဖစ္ သူတုိ႔ရဲ႕အဆုံးသတ္ကိုေတာ့ ကၽြန္ေတာ္မျမင္ပါဘူး။ သူတုိ႔ဟာ ျမင့္မားတဲ့အဆင့္မွာ အေကာင္းဆုံးကစားေနတာျဖစ္ၿပီး လက္ရွိကလပ္ေတြကေန ထြက္ခြာဖို႔ဆုိတာ ခက္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ေစာင့္ၾကည့္ၾကတာေပါ့။ ေဘာလုံးေလာကမွာ ဘာျဖစ္လာမလဲဆိုတာ ဘယ္ေတာ့မွႀကိဳမသိႏိုင္ပါဘူး”လုိ႔ ဘက္ခမ္းက ေျပာခဲ့တာပါ။

Photo Credit

မက္ဆီရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၁ ေႏြရာသီမွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ေျခသလုံးႂကြက္သားဒဏ္ရာေၾကာင့္ ဘာစီလုိနာအသင္းရဲ႕ရာသီအစပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ဘာစီလုိနာအသင္းက ရလဒ္ေတြဆိုးရြားေနေပမယ့္ ဘရာဇီးဂႏၳ၀င္ကစားသမား ရီဗယ္ဒိုကေတာ့ မက္ဆီ ျပန္ကစားႏိုင္တဲ့အခ်ိန္က်ရင္ ဘာစီလုိနာရဲ႕ရလဒ္ဆိုးေတြလည္း အဆုံးသတ္သြားလိမ့္မယ္လုိ႔ ဆုိပါတယ္။

Photo Credit

Unicode

ဘက်ခမ်းရဲ့အသင်းသစ်မှာ မက်ဆီကို မြင်တွေ့ရတော့မှာလား…မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ မက်ဆီ စဉ်းစားနေပြီဟုဆို

စပိန်မှာ ထွက်ပေါ်နေတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ လာမယ့်နွေရာသီဈေးကွက်အတွင်း နူးကမ့်အခြေစိုက်အသင်းကနေ ထွက်ခွာပြီး မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီဖြစ်ကြောင်း သိရပါတယ်။
အသက် ၃၂နှစ်အရွယ်ရှိ တိုက်စစ်မှူး မက်ဆီဟာ စာချုပ်ထဲမှာပါဝင်တဲ့အပြောင်းအရွှေ့ဈေးနှုန်းကြောင့် အသင်းနဲ့လမ်းခွဲဖို့ စဉ်းစားနေတယ်လို့ သိရပြီး တခြားသတင်းတွေက ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီကို ကစားသမားဘဝကနေ အနားယူချိန်အထိရှိမယ့်စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းတော့မယ်လို့ သိရပေမယ့် စပိန်သတင်းစာ Mundo Deportivo ကတော့ မက်ဆီတစ်ယောက် ဘာစီလိုနာနဲ့လက်တွဲဖြုတ်ဖို့ အသင့်ရှိနေပြီလို့ ရေးသားဖော်ပြခဲ့ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာ အရင်တုန်းကလည်း အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဦးဆောင်တဲ့ မေဂျာလိဂ်အသင်းသစ် အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အဲဒီအသင်းက ၂၀၂၀ မေဂျာလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။
ယူနိုက်တက်ဂန္ထဝင်ကစားသမားကြီး ဘက်ခမ်းကလည်း မိမိအနေနဲ့ မက်ဆီဖြစ်ဖြစ် နောက်ထပ် Ballon d’Or ၅ဆုရှင်ဖြစ်တဲ့ ရော်နယ်ဒိုဖြစ်ဖြစ် ခေါ်ယူရေးက သူ့အတွက် အိပ်မက်ဖြစ်လာနိုင်ကြောင်း ပြီးခဲ့တဲ့မတ်လက ပြောကြားခဲ့ဖူးပါတယ်။
”အားလုံးမှာ သူတို့ရဲ့ဆန္ဒတွေရှိပါတယ်။ ဒါပေမဲ့ လီယိုနဲ့ ခရစ္စတီယာတို့ ဘောလုံးကစားနေချိန်၊ သူတို့နှစ်ယောက်ရဲ့နေဝင်ချိန်ရောက်လာတော့မယ့်အချိန်ပဲဖြစ်ဖြစ် သူတို့ရဲ့အဆုံးသတ်ကိုတော့ ကျွန်တော်မမြင်ပါဘူး။ သူတို့ဟာ မြင့်မားတဲ့အဆင့်မှာ အကောင်းဆုံးကစားနေတာဖြစ်ပြီး လက်ရှိကလပ်တွေကနေ ထွက်ခွာဖို့ဆိုတာ ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့။ ဘောလုံးလောကမှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်တော့မှကြိုမသိနိုင်ပါဘူး”လို့ ဘက်ခမ်းက ပြောခဲ့တာပါ။
မက်ဆီရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၁ နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ဘာစီလိုနာအသင်းရဲ့ရာသီအစပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘာစီလိုနာအသင်းက ရလဒ်တွေဆိုးရွားနေပေမယ့် ဘရာဇီးဂန္ထဝင်ကစားသမား ရီဗယ်ဒိုကတော့ မက်ဆီ ပြန်ကစားနိုင်တဲ့အချိန်ကျရင် ဘာစီလိုနာရဲ့ရလဒ်ဆိုးတွေလည်း အဆုံးသတ်သွားလိမ့်မယ်လို့ ဆိုပါတယ်။