‘ဗြိတိန်လင်းမူ Version’ အိုဝင်က ယူနိုက်တက်နိုင်မယ်လို့ခန့်မှန်းလိုက်တော့ စပါးဘက်က တစ်ကြောင်းတော့ခိုင်သွားပြီ..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့တစ်ပတ်က မန်ချက်စတာယူနိုက်တက်-လီဗာပူးလ်ပွဲမှာ လီဗာပူးလ်နိုင်မယ်လို့ ရဲရဲဝံ့ဝံ့ခန့်မှန်းခဲ့တဲ့ ဆရာကြီးမိုက်ကယ်အိုဝင်က ဒီတစ်ပတ်ပွဲစဉ်(၁၀)မှာ မန်ချက်စတာယူနိုက်တက်နိုင်ပွဲရမယ်ဆိုပြီးတော့ သုံးသပ်လိုက်ပြန်ပါပြီ။

ယူနိုက်တက်ပွဲတွေမှာ အနိုင်ပေးပြီဆိုရင် တလွဲတွေချည်းဖြစ်တတ်တဲ့ ‘ဗြိတိန်လင်းမူ Version’ အိုဝင်ရဲ့ ခန့်မှန်းချက်က နည်းနည်းတော့ကြောက်ဖို့ကောင်းပါတယ်။

အခု စပါးနဲ့ယူနိုက်တက်အသင်းတို့ပွဲကလည်း ရှုံးတဲ့နည်းပြက ရာထူးကပါအထုတ်ခံရဖို့ရှိနေတာကြောင့်

ဒီပွဲကို ‘El Sackico’ လို့ ဗြိတိန်မီဒီယာတွေက လှောင်ပြောင်နေကြပြီး နူနိုဆန်တိုရော၊ ဆိုးလ်ရှားပါ ကြိုးတန်းပေါ်လမ်းလျှောက်နေရတဲ့အချိန်ပါပဲ။

ဒါပေမဲ့ ဆရာကြီးအိုဝင်ကတော့ ယူနိုက်တက်အသင်း(၂-၁)ဂိုးနဲ့အနိုင်ရမယ်လို့ဆိုခဲ့တာကြောင့် ယူနိုက်တက်ကို အနိုင်ပေးပြီဆို အမြဲလွဲချော်တတ်တဲ့ အိုဝင်ရဲ့အရည်အချင်းကို လေးစားတဲ့အနေနဲ့

ထိုးသားတွေက စပါးအသင်းဘက်ကနေ အိမ်တိုင်ပါချွတ်ပြီးတော့ ယုံကြည်သင့်ပြီး ဘော်ဒီတစ်ကြောင်းကတော့ ခိုင်သွားပြီလို့ပဲပြောရမှာပါ။

ဒီနေ့အစောပိုင်းပွဲဖြစ်တဲ့ လက်စတာ-အာဆင်နယ်ပွဲမှာ အိုဝင်က လက်စတာအသင်းကို (၂-၁)ဂိုးနဲ့နိုင်မယ်ဆိုပြီးရွေးချယ်ထားတယ်။

လက်စတာအသင်း အိမ်ကွင်းမှာဆိုရင် ဘယ်အသင်းကိုမဆို အသေအလဲကစားတတ်တာကြောင့် ဒီပွဲမှာတော့ အိုဝင်ဘက်ကနေ ရပ်တည်လိုက်ချင်ပါတယ်။

လီဗာပူးလ်-ဘရိုက်တန်ပွဲမှာလည်း လီဗာပူးလ်က အိမ်ကွင်းမှာအခက်အခဲမရှိဘဲ (၂-၁)ဂိုးနဲ့နိုင်မယ်လို့ အိုဝင်ကဆိုပြန်တယ်။

ဒီပွဲအတွက်လည်း အိုဝင်နဲ့အမြင်မတူစရာမရှိပါဘူး။ ဆော်ဒီသန်းကြွယ်သူဌေးတွေနဲ့ ရုရှားသန်းကြွယ်သူဌေးတို့ ထိပ်တိုက်ဆုံတွေ့ကြမယ့် နယူးကာဆယ်-ချယ်လ်ဆီးပွဲမှာ ချယ်လ်ဆီးအသင်းက (၁-၀)ဂိုးနဲ့နိုင်မယ်လို့ အိုဝင်ကရွေးချယ်ပါတယ်။

သန်းကြွယ်သူဌေးတွေလက်ထဲရောက်သွားပေမယ့် ကွင်းတွမ်းစွမ်းဆောင်ရည်ပိုင်းက တပ်ပျက်သလိုဖြစ်နေတဲ့

နယူးကာဆယ် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပစ်မှတ်ထားနေတဲ့ ချယ်လ်ဆီးကို အိမ်ကွင်းမှာ ဒုက္ခပေးနိုင်ဖို့က သိပ်မဖြစ်နိုင်ဘဲ လူကာကူမပါနိုင်ရင်တော့ ခြင်္သေ့တွေအနိုင်ရဖို့ မခက်ပါဘူး။

မန်စီးတီး-ပဲလေ့စ်ပွဲမှာလည်း အိုဝင်က လူတိုင်းရွေးချယ်တဲ့အတိုင်း မန်စီးတီးကိုပဲအနိုင်ပေးထားပြီး (၃-၁)ဂိုးနဲ့နိုင်မယ်လို့ဆိုထားတာကြောင့် အိုဝင်ဘက်ကနေရပ်တည်လိုက်ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်(၉)တုန်းက (၅)ပွဲအထိမှန်တဲ့အပြင် တချို့ပွဲတွေမှာ ဂိုးရလဒ်ပါကွက်တိမှန်အောင်ခန့်မှန်းခဲ့လို့ အိုဝင်ရဲ့ အကြားအမြင်အာရုံက အထင်သေးလို့တော့မရပြန်ဘူး။

ဒါပေမဲ့ ပွဲကြီးတွေဆို ပေါက်ကရတွေခန့်မှန်းလေ့ရှိတာက အိုဝင်အတွက်နာမည်ပျက်စရာဖြစ်နေပြီး ဒီတစ်ပတ်မှာလည်း စပါး-ယူနိုက်တက်ပွဲရလဒ်အတွက် သူ့ခန့်မှန်းချက်က ထုံးစံအတိုင်လွဲဦးမလားဆိုတာစောင့်ကြည့်ရမှာပါပဲ ..

ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)အတွက် အိုဝင်ရဲ့ခန့်မှန်းချက်များ

Leicester City v Arsenal (Leicester City to win 2-1)

Watford v Southampton (Match to be drawn 1-1)

Liverpool v Brighton (Liverpool to win 2-1)

Newcastle United v Chelsea (Chelsea to win 1-0)

Manchester City v Crystal Palace (Manchester City to win 3-1)

Burnley v Brentford (Burnley to win 1-0)

Tottenham Hotspur v Manchester United (Manchester United to win 2-1)

Norwich City v Leeds United (Leeds United to win 3-1)

Aston Villa v West Ham United (Match to be drawn 1-1)

Wolves v Everton (Match to be drawn 1-1)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

‘ၿဗိတိန္လင္းမူ Version’ အိုဝင္က ယူႏိုက္တက္ႏိုင္မယ္လို႔ခန႔္မွန္းလိုက္ေတာ့ စပါးဘက္က တစ္ေၾကာင္းေတာ့ခိုင္သြားၿပီ..

ၿပီးခဲ့တဲ့တစ္ပတ္က မန္ခ်က္စတာယူႏိုက္တက္-လီဗာပူးလ္ပြဲမွာ လီဗာပူးလ္ႏိုင္မယ္လို႔ ရဲရဲဝံ့ဝံ့ခန႔္မွန္းခဲ့တဲ့ ဆရာႀကီးမိုက္ကယ္အိုဝင္က ဒီတစ္ပတ္ပြဲစဥ္(၁၀)မွာ မန္ခ်က္စတာယူႏိုက္တက္ႏိုင္ပြဲရမယ္ဆိုၿပီးေတာ့ သုံးသပ္လိုက္ျပန္ပါၿပီ။

ယူႏိုက္တက္ပြဲေတြမွာ အႏိုင္ေပးၿပီဆိုရင္ တလြဲေတြခ်ည္းျဖစ္တတ္တဲ့ ‘ၿဗိတိန္လင္းမူ Version’ အိုဝင္ရဲ႕ ခန႔္မွန္းခ်က္က နည္းနည္းေတာ့ေၾကာက္ဖို႔ေကာင္းပါတယ္။ အခု စပါးနဲ႔ယူႏိုက္တက္အသင္းတို႔ပြဲကလည္း ရႈံးတဲ့နည္းျပက ရာထူးကပါအထုတ္ခံရဖို႔ရွိေနတာေၾကာင့္ ဒီပြဲကို ‘El Sackico’ လို႔ ၿဗိတိန္မီဒီယာေတြက ေလွာင္ေျပာင္ေနၾကၿပီး ႏူႏိုဆန္တိုေရာ၊ ဆိုးလ္ရွားပါ ႀကိဳးတန္းေပၚလမ္းေလွ်ာက္ေနရတဲ့အခ်ိန္ပါပဲ။

ဒါေပမဲ့ ဆရာႀကီးအိုဝင္ကေတာ့ ယူႏိုက္တက္အသင္း(၂-၁)ဂိုးနဲ႔အႏိုင္ရမယ္လို႔ဆိုခဲ့တာေၾကာင့္ ယူႏိုက္တက္ကို အႏိုင္ေပးၿပီဆို အၿမဲလြဲေခ်ာ္တတ္တဲ့ အိုဝင္ရဲ႕အရည္အခ်င္းကို ေလးစားတဲ့အေနနဲ႔ ထိုးသားေတြက စပါးအသင္းဘက္ကေန အိမ္တိုင္ပါခြၽတ္ၿပီးေတာ့ ယုံၾကည္သင့္ၿပီး ေဘာ္ဒီတစ္ေၾကာင္းကေတာ့ ခိုင္သြားၿပီလို႔ပဲေျပာရမွာပါ။ ဒီေန႔အေစာပိုင္းပြဲျဖစ္တဲ့ လက္စတာ-အာဆင္နယ္ပြဲမွာ အိုဝင္က လက္စတာအသင္းကို (၂-၁)ဂိုးနဲ႔ႏိုင္မယ္ဆိုၿပီးေ႐ြးခ်ယ္ထားတယ္။ လက္စတာအသင္း အိမ္ကြင္းမွာဆိုရင္ ဘယ္အသင္းကိုမဆို အေသအလဲကစားတတ္တာေၾကာင့္ ဒီပြဲမွာေတာ့ အိုဝင္ဘက္ကေန ရပ္တည္လိုက္ခ်င္ပါတယ္။

လီဗာပူးလ္-ဘ႐ိုက္တန္ပြဲမွာလည္း လီဗာပူးလ္က အိမ္ကြင္းမွာအခက္အခဲမရွိဘဲ (၂-၁)ဂိုးနဲ႔ႏိုင္မယ္လို႔ အိုဝင္ကဆိုျပန္တယ္။ ဒီပြဲအတြက္လည္း အိုဝင္နဲ႔အျမင္မတူစရာမရွိပါဘူး။ ေဆာ္ဒီသန္းႂကြယ္သူေဌးေတြနဲ႔ ႐ုရွားသန္းႂကြယ္သူေဌးတို႔ ထိပ္တိုက္ဆုံေတြ႕ၾကမယ့္ နယူးကာဆယ္-ခ်ယ္လ္ဆီးပြဲမွာ ခ်ယ္လ္ဆီးအသင္းက (၁-၀)ဂိုးနဲ႔ႏိုင္မယ္လို႔ အိုဝင္ကေ႐ြးခ်ယ္ပါတယ္။

သန္းႂကြယ္သူေဌးေတြလက္ထဲေရာက္သြားေပမယ့္ ကြင္းတြမ္းစြမ္းေဆာင္ရည္ပိုင္းက တပ္ပ်က္သလိုျဖစ္ေနတဲ့ နယူးကာဆယ္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုပစ္မွတ္ထားေနတဲ့ ခ်ယ္လ္ဆီးကို အိမ္ကြင္းမွာ ဒုကၡေပးႏိုင္ဖို႔က သိပ္မျဖစ္ႏိုင္ဘဲ လူကာကူမပါႏိုင္ရင္ေတာ့ ျခေသၤ့ေတြအႏိုင္ရဖို႔ မခက္ပါဘူး။ မန္စီးတီး-ပဲေလ့စ္ပြဲမွာလည္း အိုဝင္က လူတိုင္းေ႐ြးခ်ယ္တဲ့အတိုင္း မန္စီးတီးကိုပဲအႏိုင္ေပးထားၿပီး (၃-၁)ဂိုးနဲ႔ႏိုင္မယ္လို႔ဆိုထားတာေၾကာင့္ အိုဝင္ဘက္ကေနရပ္တည္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ပြဲစဥ္(၉)တုန္းက (၅)ပြဲအထိမွန္တဲ့အျပင္ တခ်ိဳ႕ပြဲေတြမွာ ဂိုးရလဒ္ပါကြက္တိမွန္ေအာင္ခန႔္မွန္းခဲ့လို႔ အိုဝင္ရဲ႕ အၾကားအျမင္အာ႐ုံက အထင္ေသးလို႔ေတာ့မရျပန္ဘူး။ ဒါေပမဲ့ ပြဲႀကီးေတြဆို ေပါက္ကရေတြခန႔္မွန္းေလ့ရွိတာက အိုဝင္အတြက္နာမည္ပ်က္စရာျဖစ္ေနၿပီး ဒီတစ္ပတ္မွာလည္း စပါး-ယူႏိုက္တက္ပြဲရလဒ္အတြက္ သူ႔ခန႔္မွန္းခ်က္က ထုံးစံအတိုင္လြဲဦးမလားဆိုတာေစာင့္ၾကည့္ရမွာပါပဲ ..

ပရီးမီးယားလိဂ္ပြဲစဥ္(၁၀)အတြက္ အိုဝင္ရဲ႕ခန႔္မွန္းခ်က္မ်ား

Leicester City v Arsenal (Leicester City to win 2-1)

Watford v Southampton (Match to be drawn 1-1)

Liverpool v Brighton (Liverpool to win 2-1)

Newcastle United v Chelsea (Chelsea to win 1-0)

Manchester City v Crystal Palace (Manchester City to win 3-1)

Burnley v Brentford (Burnley to win 1-0)

Tottenham Hotspur v Manchester United (Manchester United to win 2-1)

Norwich City v Leeds United (Leeds United to win 3-1)

Aston Villa v West Ham United (Match to be drawn 1-1)

Wolves v Everton (Match to be drawn 1-1)