ဗြိတိန်ဘုရင်မကြီး ချီးကျူးမြှောက်စားလို့ ရက်ရှ်ဖို့ လောက်ကို ချေနိုင်တဲ့ အမ်မာရာဒူကနူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၁ တင်းနစ်ရာသီ၏ ယူအက်စ်အိုးပင်းပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲတွင် အမ်မာရာဒူကနူက ပြိုင်ဘက် လီလာဖာနန်ဒက်ဇ် (၁၉ နှစ်)အား (၆-၄၊ ၆-၃) ဖြင့်အနိုင်ရကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။

လက်ရှိကမ္ဘာ့အဆင့် (၁၅၀)တွင် ရပ်တည်နေတဲ့ ရာဒူကနူဟာ ကစားသမားဘ၀ ပထမဆုံးသောဂရင်းစလင်း အောင်မြင်မှုကိုရရှိခဲ့ပြီး ၁၉၆၈ ခုနှစ်နောက်ပိုင်း ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့တဲ့ ပထမဆုံးဗြိတိန်တင်းနစ်မယ်ဖြစ်လာပါတယ်။

ယူအက်စ် အိုးပင်း ဖိုင်နယ် ပြီးသွားတာ ၂ ရက်တောင် ရှိပြီ ဖြစ်ပေမယ့် အောင်ပွဲခံတာ တွေ ကတော့ ခုထိ အရှိန် မကျသေး ပါဘူး။

အင်္ဂလန် ရဲ့ တော်ဝင် မိသားစု က အစ အောက်ခြေ လူတန်းစားတွေ အထိ ရာဒူကနူကို ချီးကျူးနေကြပါတယ်။

၁၈ နှစ်နဲ့ နိုင်ငံ့ သူရဲကောင်း ဖြစ်လာခဲ့ရတဲ့ အမ်မာ ရာဒူကနူ အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာကိစ္စပါ။

သူမအတွက်ဝိုင်းဝန်း ချီးကျူးစာတွေ ရေးခဲ့တာလည်း တပုံတပင်ကြီးပါပဲ။

ကာယကံရှင် က အကုန်လိုက်ဖတ်ဖို့ တောင် အတော် ကြာလောက်မှာပါ။

အဲဒီထဲမှာ ဘောလုံးသမားတွေ ၊ သရုပ်ဆောင်တွေ ၊ အနုပညာရှင်တွေ ၊ အစိုးရ ဝန်ထမ်းတွေ အပြင် နိုင်ငံရဲ့ ဘုရင်မကြီး အစချီတဲ့ တော်ဝင် မိသားစုတွေပါ ပါခဲ့ပါတယ်။

ဘုရင်မကြီး ကိုယ်တိုင် တော်ဝင် အမှတ်တံဆိပ် နဲ့ ဂုဏ်ပြုစာကို ရေးသား ပေးပို့ ခဲ့တာပါ။

အမ်မာ ကတော့ အဲဒီစာကို ဘောင်ခတ်ပြီး သိမ်းထားမယ်လို့ ဆိုပါတယ်။

အင်္ဂလန် ပြန်ရောက် လာရင်လည်း CBE ဂုဏ်ထူးဆောင်ဘွဲ့ ကို ချီးမြှင့် ဖို့ စီစဉ် နေကြပါပြီ။

၁၈ နှစ် နဲ့ ဗြိတိန် ရဲ့ ဂုဏ်ထူးဆောင် ဆုကို ရရှိတော့မယ့် ကောင်မလေးဟာ ရက်ရှ်ဖို့ လောက်ကို ချေထားနိုင်ပါတယ်။

အစောပိုင်းကာလပြိုင်ပွဲကိစ္စခက်ခဲနေချိန် ရက်ရှ်ဖို့ရဲ့ အားပေးနှစ်သိမ့်မှုကို ကျေးဇူးတင် အကြောင်းပြန်ခဲ့ပေမယ့် ဒီတစ်ခေါက် ရက်ရှ်ဖို့ရဲ့ ဂုဏ်ပြုသံကိုတော့ ချက်ချင်း အကြောင်း မပြန်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ရက်ရှ်ဖို့ရဲ့ အကောင့်ကိုလည်း အမ်မာက အသိအမှတ်ပြု ဖော်လိုမလုပ်ထားဘူးလို့ သိရပါတယ်။

ယူအက်စ် အိုးပင်းမှာ ဗိုလ်စွဲ ခဲ့ အပြီးမှာ အမ်မာ ရာဒူကနူ ဟာ နာမည်ကျော် အားကစား အမှတ်တံဆိပ် Nike နဲ့ ကြေးတိုးပြီး စာချုပ်ချုပ်ရတော့မယ်လို့ သိရ ပါတယ်။

ဗိုလ်လုပွဲ မတိုင်ခင်က ပရိသတ် ၁.၂ သန်းသာ ရှိခဲ့တဲ့ သူမ ရဲ့ Instagram အကောင့်ဟာ အခုချိန် မှာတော့ ပရိသတ် ၅ သိန်း ကျော် ထပ်တိုးသွားခဲ့ ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ၿဗိတိန္ဘုရင္မႀကီး ခ်ီးက်ဴး​​ေျမႇာက္စားလို႔ ရက္ရွ္ဖို႔ ​ေလာက္ကို ​ေခ်ႏိုင္တဲ့ အမ္မာရာဒူကႏူ

၂၀၂၁ တင္းနစ္ရာသီ၏ ယူအက္စ္အိုးပင္းၿပိဳင္ပြဲ အမ်ိဳးသမီးတစ္ဦးခ်င္းဗိုလ္လုပြဲတြင္ အမ္မာရာဒူကႏူက ၿပိဳင္ဘက္ လီလာဖာနန္ဒက္ဇ္ (၁၉ ႏွစ္)အား (၆-၄၊ ၆-၃) ျဖင့္အႏိုင္ရကာ ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့တာပါ။

လက္ရွိကမာၻ႔အဆင့္ (၁၅၀)တြင္ ရပ္တည္ေနတဲ့ ရာဒူကႏူဟာ ကစားသမားဘ၀ ပထမဆုံးေသာဂရင္းစလင္း ေအာင္ျမင္မႈကိုရရွိခဲ့ၿပီး ၁၉၆၈ ခုႏွစ္ေနာက္ပိုင္း ယူအက္စ္အိုးပင္းၿပိဳင္ပြဲတြင္ ဗိုလ္စြဲခဲ့တဲ့ ပထမဆုံးၿဗိတိန္တင္းနစ္မယ္ျဖစ္လာပါတယ္။

ယူအက္စ္ အိုးပင္း ဖိုင္နယ္ ၿပီးသြားတာ ၂ ရက္ေတာင္ ရွိၿပီ ျဖစ္ေပမယ့္ ေအာင္ပြဲခံတာ ေတြ ကေတာ့ ခုထိ အရွိန္ မက်ေသး ပါဘူး။အဂၤလန္ ရဲ႕ ေတာ္ဝင္ မိသားစု က အစ ေအာက္ေျခ လူတန္းစားေတြ အထိ ရာဒူကႏူကို ခ်ီးက်ဴး​ေနၾကပါတယ္။

၁၈ ႏွစ္နဲ႔ ႏိုင္ငံ့ သူရဲေကာင္း ျဖစ္လာခဲ့ရတဲ့ အမ္မာ ရာဒူကႏူ အတြက္ေတာ့ တကယ့္ကို ဂုဏ္ယူစရာကိစၥပါ။ သူမအတြက္ဝိုင္းဝန္း ခ်ီးက်ဴးစာေတြ ေရးခဲ့တာလည္း တပုံတပင္ႀကီးပါပဲ ။ ကာယကံရွင္ က အကုန္လိုက္ဖတ္ဖို႔ ေတာင္ အေတာ္ ၾကာေလာက္မွာပါ။

အဲဒီထဲမွာ ေဘာလုံးသမားေတြ ၊ သ႐ုပ္ေဆာင္ေတြ ၊ အႏုပညာရွင္ေတြ ၊ အစိုးရ ဝန္ထမ္းေတြ အျပင္ ႏိုင္ငံရဲ႕ ဘုရင္မႀကီး အစခ်ီတဲ့ ေတာ္ဝင္ မိသားစုေတြပါ ပါခဲ့ပါတယ္။ ဘုရင္မႀကီး ကိုယ္တိုင္ ေတာ္ဝင္ အမွတ္တံဆိပ္ နဲ႔ ဂုဏ္ျပဳစာကို ေရးသား ေပးပို႔ ခဲ့တာပါ ။

အမ္မာ ကေတာ့ အဲဒီစာကို ေဘာင္ခတ္ၿပီး သိမ္းထားမယ္လို႔ ဆိုပါတယ္ ။အဂၤလန္ ျပန္ေရာက္ လာရင္လည္း CBE ဂုဏ္ထူးေဆာင္ဘြဲ႕ ကို ခ်ီးျမႇင့္ ဖို႔ စီစဥ္ ေနၾကပါၿပီ ။
၁၈ ႏွစ္ နဲ႔ ၿဗိတိန္ ရဲ႕ ဂုဏ္ထူးေဆာင္ ဆုကို ရရွိေတာ့မယ့္ ​ေကာင္မ​ေလးဟာ ရက္ရွ္ဖို႔ ​ေလာက္ကို ​​ေခ်ထားႏိုင္ပါတယ္။ အ​ေစာပိုင္းကာလၿပိဳင္ပြဲကိစၥခက္ခဲ​ေနခ်ိန္ ရက္ရွ္ဖို႔ရဲ႕ အား​ေပးႏွစ္သိမ့္မႈကို ​ေက်းဇူးတင္ အ​ေၾကာင္းျပန္ခဲ့​ေပမယ့္ ဒီတစ္​ေခါက္ ရက္ရွ္ဖို႔ရဲ႕ ဂုဏ္ျပဳသံကို​ေတာ့ ခ်က္ခ်င္း အ​ေၾကာင္း မျပန္ဘူးလို႔ သိရပါတယ္။ ဒါ့အျပင္ ရက္ရွ္ဖို႔ရဲ႕ အ​ေကာင့္ကိုလည္း အမ္မာက အသိအမွတ္ျပဳ ​ေဖာ္လိုမလုပ္ထားဘူးလို႔ သိရပါတယ္။

ယူအက္စ္ အိုးပင္းမွာ ဗိုလ္စြဲ ခဲ့ အၿပီးမွာ အမ္မာ ရာဒူကႏူ ဟာ နာမည္ေက်ာ္ အားကစား အမွတ္တံဆိပ္ Nike နဲ႔ ေၾကးတိုးၿပီး စာခ်ဳပ္ခ်ဳပ္ရေတာ့မယ္လို႔ သိရ ပါတယ္ ။
ဗိုလ္လုပြဲ မတိုင္ခင္က ပရိသတ္ ၁.၂ သန္းသာ ရွိခဲ့တဲ့ သူမ ရဲ႕ Instagram အေကာင့္ဟာ အခုခ်ိန္ မွာေတာ့ ပရိသတ္ ၅ သိန္း ေက်ာ္ ထပ္တိုးသြားခဲ့ ပါၿပီ ။