
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ယူဂန္ထဝင်ကစားသမားပေါလ်စခိုးဟာဗြိတိန်ဓာတ်ဆီအကျပ်အတည်းကြောင့်သူ့ကားကိုလမ်းဘေးမှာဂျယ်ရီပုလင်းဖြင့်ဓာတ်ဆီဝယ်ကာဖြည့်ခဲ့ရပါတယ်။
အသက်၄၆နှစ်ရှိအင်္ဂလန်လက်ရွေးစင်ဟောင်းဟာနယ်ရှိလမ်းတစ်ခုရဲ့ဘေးတွင် သူ့ရဲ့Mercedes 4MATIC ကားကိုဂျယ်ရီပုလင်းဖြင့်ဓာတ်ဆီဝယ်ကာဖြည့်ခဲ့ရတာလည်းဖြစ်ပါတယ်။
ပေါလ်စခိုးဟာသူ့ကိုအခြားသူများမှတ်မိမှာစိုးတာကြောင့်အနက်ရောင်Hoddie ဝတ်ဆင်ထားတာတွေ့ရပါတယ်။
ဗြိတိန်နိုင်ငံတွင်လူများအကြီးအကျယ်ဓာတ်ဆီအလျှင်စလိုဝယ်ယူမှုနဲ့အတူဓာတ်ဆီဆိုင်များတွင်ဓာတ်ဆီပြတ်လပ်ခြင်း၊ရောင်းချဆဲဓာတ်ဆီဆိုင်တို့တွင်ဓာတ်ဆီဖြည့်ရန်ကားတန်းရှည်ကြီးတန်းစီခြင်းတို့ပြုလုပ်နေကြပါတယ်။
တကယ်တော့ကားကိုဓာတ်ဆီဖြည့်ရာမှာယင်းသို့စိတ်မချရတဲ့အနေအထားမျိုးဖြင့်ဆီဖြည့်ပါကကားမီးပေါက်ကွဲတဲ့အထိဖြစ်နိုင်ကြောင်းမီးသတ်တပ်ဖွဲ့ဝင်တို့ကသတိပေးနေပါတယ်။
လက်ရှိအချိန်တွင်ဗြိတိန်အစိုးရဟာဓာတ်ဆီပြဿနာကိုဖြေရှင်းနိုင်ရန်အတွက်နည်းလမ်းပေါင်းစုံသုံးဖို့ကြိုးပမ်းနေပါတယ်။
ဗြိတိန်တွင်ဓာတ်ဆီပြတ်လတ်မှာဆီဘောက်ဆာကားမောင်းသူနည်းပါးခြင်း၊လူမြောက်မြားစွာတို့ မလိုအပ်ဘဲဆီကိုလိုအပ်သည်ထက်ပိုဝယ်ယူခြင်းတို့ဖြစ်ကြောင်းသိရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဗြိတိန်ရဲ့ ဓာတ်ဆီ ဂယက်ကြောင့် လမ်းဘေးမှာ ဂျယ်ရီပုလင်းနှင့် ဆီဖြည့်နေရတဲ့ သရဲနီဂန္ထ၀င်