M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အတ္တလန္တာ Vs ယန်းဘွိုင်း (အတ္တလန္တာ ၁-၃၅၊ ၃-၂၅ )
ဆွစ်ဇာလန်ချန်ပီယံယန်းဘွိုင်းဟာ အတ္တလန္တာကို ခုမှ စတင်ရင်ဆိုင်ရတာဖြစ်ပါတယ်။
ယန်းဘွိုင်းဟာ အုပ်စုအဖွင့်ပွဲမှာ မထင်မှတ်ဘဲ မန်ယူကို ၂-၁ နဲ့နိုင်ခဲ့တယ်။
မန်ယူနဲ့ပွဲတုန်းက စီရိုနယ်ဒို အဖွင့်ဂိုးသွင်းပြီ သိပ်မကြာခင် ပွဲချိန်ပထမပိုင်းမှာပဲ ဘစ်ဆာကာ အနီကတ်ထိလို့ပွဲက ပုံစံပြောင်းသွားတယ်။
၆၆ မိနစ်မှာ ချေပဂိုးသွင်းပြီး မန်ယူဘက်က လင်ဂတ် ပွဲသိမ်းခရာမှုတ်ကာနီးမှ နောက်ပြန်ပေးတာမှားလို့ ကြားဖြတ်ယူခံရပြီးသွင်းခံလိုက်ရတဲ့ဂိုးကြောင့် မန်ယူအံ့အားသင့်ဖွယ်ရှုံးခဲ့ရတယ်။
အခုရင်ဆိုင်ရမယ့် အတ္တလန္တာကတော့ သုံးရာသီဆက်အဖြစ် ချန်ပီယံလိဂ်အုပ်စုပွဲကစားရတာဖြစ်ပြီး အဖွင့်ပွဲမှာ ဗီလာရီးယဲလ်ကို အဝေးကွင်းမှာ ၂-၂ သရေကစားခဲ့တယ်။
နောက်ဆုံးစီးရီးအေပွဲမှာလည်း အင်တာကိုနိုင်ဖို့နီးစပ် ခဲ့ပြီးမှ ဒီဇီကို ဂိုးကြောင့် ၂-၂ သရေကျခဲ့တယ်။
သူတို့ဟာ ပြီးခဲ့တဲ့ နှစ်ရာသီစလုံး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။
၂၀၁၉-၂၀၂၀ ဘောလုံးရာသီက အတ္တလန္တာက အုပ်စုအဖွင့်သုံးပွဲဆက်ရှုံးခဲ့သေးပေမယ့် အဲဒီနောက်ပိုင်း ဒီနေ့အထိ ချန်ပီယံလိဂ်အုပ်စုပွဲ ၁၀ပွဲမှာ လီဗာပူးနဲ့ တစ်ပွဲသာရှုံးခဲ့လို့လည်း ယန်းဘွိုင်းကို ၁-၃၅ အရှုံးဆိုတဲ့ကြေးမျိုးပေးထားတာပါ။
ယန်းဘွိုင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ ကိုပွဲကို နှစ်သင်းစလုံး ဂိုးသွင်းတဲ့ပွဲတွေအဖြစ် စကားထားတယ်။
ဒီရာသီပြိုင်ပွဲစုံ ၁၆ ပွဲကစားထားရာမှာ တစ်ပွဲသာရှုံးထားပြီး နောက်ဆုံး ပြည်တွင်းပွဲသုံးပွဲမှာတင် ၁၅ ဂိုးသွင်းထားလို့ အဓိက ခံစစ်မှူး နှစ်ဦး ဒဏ်ရာကြောင့် မပါနိုင်တဲ့ အတ္တလန္တာဘက်ကို ဂိုးသွင်းနိုင်ပါလိမ့်မယ်။
ယန်းဘွိုင်းရဲ့ နောက်ဆုံး ၁၀ပွဲမှာ တစ်ပွဲသာ ဂိုးပေါင်း နှစ်ဂိုးရှိခဲ့တာပါပြီး ကျန်ပွဲအားလုံးက သုံးဂိုးနှစ်ပွဲနဲ့ သုံးဂိုးအထက်ဂိုးပေါင်းပွဲတွေချည်းဖြစ်ခဲ့တယ်။
အတ္တလန္တာရဲ့ ဒီရာသီ အိမ်ကွင်း သုံးပွဲမှာ နှစ်ပွဲကလည်း ဂိုးပေါင်းသုံးဂိုးရှိခဲ့တော့ ဂိုးပေါင်းအပေါ်နဲ့ ပိုစွန့်စားသင့်တယ်။
ခန့်မှန်းရလဒ် – အတ္တလန္တာ ၃-၁ ယန်းဘွိုင်း
ဇင်းနစ် Vs မယ်လ်မို (ဇင်းနစ် ၁+၅၊ ၃+၉၀)
အုပ်စုအဖွင့်ပွဲတွေကစားသွားတဲ့ခြေစွမ်းအရ ဒီနှစ်သင်းအဆင့်ချင်းကွာတာကို ထင်ထင်ရှားရှားတွေ့ရတယ်။
ဆွီဒင်ကလပ်မယ်လ်မိုဟာ ဂျူဗင်တပ်ကို သုံးဂိုးပြတ်ရှုံးတော့ တစ်ပွဲလုံး ဂိုးအခွင့်အရေးဖန်တီးနိုင်တာ မရှိ သလောက်ရှားပြီး ဂိုးကန်ချက်လည်း တစ်ကြိမ်မှ မရခဲ့ဘူး။ ဂျူဗင်တပ်ကသာ ဆက်တိုက်ဆိုသလို ဂိုးတွေ ခြိမ်းခြောက်တာခံရင်း ပွဲပြီးသွားရတယ်။
ရုရှားကလပ်ဇင်းနစ်ကတော့ လက်ရှိ ဥရောပချန်ပီယံ ချယ်လ်ဆီးကို ဘောလုံးပိုင်ဆိုင်မှု သုံးပုံ တစ်ပုံသာရတဲ့အနေအထားနဲ့ ကစားသွားရပေမယ့် ထိရောက်တဲ့ ထိုးဖောက်ခြိမ်း ခြောက်မှုတွေလုပ်နိုင်ခဲ့ပြီးမှ ၁-၀ နဲ့ကပ်ရှုံးသွားရတယ်။
ဇင်းနစ်ကစားဟန်ဟာ ရုရှားပရီးမီးယားလိဂ်မှာတော့ စွဲမက်ဖွယ်တိုက်စစ်ကစားဟန်ကို ပိုင်ဆိုင်ထားလို့ ဂိုးသွင်းဘုရင်တွေလည်း သူတို့အသင်းကပဲထွက်တာများ တယ်။
ဒီရာသီ အိမ်ကွင်းလေးပွဲစလုံးလည်း အနိုင်ရထားတော့ မယ်လ်မိုလို အိမ်ဖြည့်အသင်းကို ဇင်းနစ် နှစ်ဂိုးပြတ်လောက်နိုင်ဖို့မခက်တဲ့ပွဲအဖြစ် မြင်ပါတယ်။
ခန့်မှန်းရလဒ် – ဇင်းနစ် ၂-၀ မယ်လ်မို
ဆဲလ်ဘတ် – လိုင်လီ (ဆဲလ်ဘတ် =-၉၀၊ ၃+၇၅)
ဩစတြီးယားကလပ် ဆဲလ်ဘတ်က အုပ်စုအဖွင့်ပွဲမှာ ဆီဗီလာနဲ့ ၁-၁၊ လိုင်လီက ၀ုဖ်ဘတ်နဲ့ ၀-၀ ကစားထားကြ လို့ဒီအုပ်စုမှာ ဘယ်သူမှ သုံးမှတ်မရသေးဘဲ ရမှတ်တွေတူနေကြတယ်။
ဆဲလ်ဘတ်ဟာ ဒီရာသီပြိုင်ပွဲအသွင်း ၁၄ ပွဲကစားအပြီး ၁၃ ပွဲနိုင်၊ တစ်ပွဲသရေကစားနိုင်ခဲ့တယ်။
နောက်ဆုံးအိမ်ကွင်းလေးပွဲမှာတင် ၁၅ ဂိုးသွင်းပြီး ကက်စ်ဒေါ့ဖ်အသင်းနဲ့ပြည်တွင်းဖလားပွဲမှာ ၈-၀ နဲ့ကို နိုင်ထားတယ်။
နောက်ဆုံးချန်ပီယံလိဂ်အုပ်စုအိမ်ကွင်းငါးပွဲ စလုံးတော့ ဆဲလ်ဘတ်ဟာ နိုင်ပွဲမရခဲ့ဘူး။
လီဂူးဝမ်းချန်ပီယံဖြစ်ပေမယ့် ဒီရာသီ ခြေပျက် နေတဲ့ လိုင်လီဟာ ၀ုဖ်ဘတ်နဲ့ပွဲတုန်းက ဂိုးကန်သွင်းခွင့် ၁၇ ကြိမ်ရတယ်။
ပွဲချိန်နောက်ဆုံး မိနစ် ၃၀ ကို တစ်ယောက်အသာနဲ့ကစား ခဲ့ရပေမယ့် တစ်ဂိုးတောင်မသွင်းနိုင်ခဲ့ဘူး။
လိုင်လီဟာ နောက်ဆုံးအဝေးကွင်းငါးပွဲမှာ လေးပွဲနိုင်ပွဲပျောက်ပြီးမှ ဒီတစ်ပတ်လီဂူးဝမ်းပွဲမှာ ၂-၁နဲ့အနိုင်ပြန်ရခဲ့လို့ အဝေးကွင်းလည်း အားမကိုးထိုက်ဘူး။
ဆဲလ်ဘတ်ဟာ ပြင်သစ် ကလပ်တွေနဲ့ဥရောပပြိုင်ပွဲနောက်ဆုံး ရှစ်ပွဲမှာ လေးပွဲနိုင်ထားလို့ လိုင်လီကို အိမ်ကွင်းမှာ အနိုင်ကစားသွားနိုင် မယ်လို့ပဲ သုံးသပ်ပါတယ်။ ဂိုးပေါင်းကြေးအရဆိုရင်လည်း ဂိုးအပေါ်ပါတွဲရွေးထားသင့်တယ်။
ခန့်မှန်းရလဒ် – ဆဲလ်ဘတ် ၂-၁ လိုင်လီ
၀ုဖ်ဘတ် – ဆီဗီလာ (နံနက် ၁း၃၀) ၀ုဖ်ဘတ် =+၂၅၊ ၂-၇၀
အုပ်စု (G) မှာအဖွင့်နှစ်ပွဲစလုံးသရေကျထားလို့ အားလုံးတစ်မှတ်စီရထားကြတယ်။
ဘာစီလိုနာကစားသမား ဟောင်း ဗန်ဘွန်းမဲလ်ရဲ့ ၀ုဖ်ဘတ်ဟာ ရာသီအစဘွန်ဒက်စ်လီဂါလေးပွဲဆက်အနိုင်နဲ့ တာထွက်လှခဲ့ပေမယ့် နောက်ဆုံးနှစ်ပွဲမှာ တစ်မှတ်သာရပြီး ဒီရာသီပထမဆုံးဘွန်ဒက်စ်လီဂါရှုံးပွဲအဖြစ် စနေညက ဟော့ဖန်ဟိမ်းကို ရှုံးခဲ့တယ်။
ဒါကြောင့် ခြေစွမ်းနဲ့ရလဒ်ပိုင်းပြန်ကျလာတယ်။
ဆီဗီလာကတော့ ဒီရာသီရှုံးပွဲမရှိသေးဘဲ နောက်ဆုံး လာလီဂါပွဲမှာ အက်စ်ပန်ညိုကို နှစ်ဂိုးပြတ်နိုင်ခဲ့တယ်။
ဒီရာသီအဝေးကွင်းသုံးပွဲမှာလည်း တစ်ဂိုးပဲပေးခဲ့ရလို့ နောက်ပိုင်းပွဲတွေ သွင်းဂိုးနှုန်းအရမ်းနည်းတဲ့ ၀ုဖ်ဘတ်အိမ်ကွင်းမှာ ဆီဗီလာခံစစ်ကို ဖောက်ဖို့ ခက်ခဲမှာပ့ါ။
ဆီဗီလာရဲ့ ဥရောပပွဲစဉ်တွေမှာ နောက်ဆုံးရှုံးပွဲကြုံခဲ့ရတာက ၂၀၁၇ ခုနှစ်က စပါးတပ်မော်စကိုနဲ့ပွဲဖြစ်တာ ကြောင့် ၀ုဖ်ဘတ်ကွင်းမှာ ဆီဗီလာ ရှုံးဦးမှာမဟုတ်ဘူးလို့ပဲ မြင်မိတယ်။
လိုင်လီလိုအသင်းကိုတောင် ဂိုးကန်ခွင့် ၁၇ ကြိမ်အထိပေးခဲ့ရတဲ့ ၀ုဖ်ဘတ်မှာ ဗဟိုခံစစ်မှူး ဂျွန်ဘရွတ်ခ် လိုင်လီနဲ့ပွဲကပြစ်ဒဏ်ကြောင့် ပွဲပယ်လည်းထိ ထားလို့ ဆီဗီလာအနိုင်တောင်ရသွားနိုင်ပါတယ်။
ခန့်မှန်းရလဒ် – ၀ုဖ်ဘတ် ၀-၁ ဆီဗီလာ
ဘင်ဖီကာ – ဘာစီလိုနာ (နံနက် ၁း၃၀)
ဘာစီလိုနာ =-၂၅၊ ၃+၇၀
=-၂၅ အရှုံးဆိုတဲ့ဘာစီလိုနာရဲ့ ကြေးကဖြစ်သင့်သလား။
ဘင်ဖီကာကွင်းနောက်ဆုံးချန်ပီယံလိဂ် အဝေးကွင်းရှစ်ပွဲစလုံး ရှုံးပွဲမရှိခဲ့တဲ့စံချိန်ပိုင်ဆိုင်ထားပါလျှက် မက်ဆီမရှိတော့တဲ့ဘာစီလိုနာဟာ ဘင်ဖီကာလိုအသင်းကို ဒီလောက်ပဲ ဒဲ့နီးပါးစျေး ပေါက်တော့သလား။
ဆန်းတော့မဆန်းပါဘူး။ ဒီရာသီဘာစီလိုနာကစားနေရတဲ့အင်အားက ထိပ်သီးအဆင့်မျိုးမှာ ရှိမနေတော့တာကိုး။
လူငယ်တွေအများကြီးအားကိုးနေရတဲ့ ဘာစီလိုနာဟာ ဒီရာသီလာလီဂါမှာရှုံးပွဲမကြုံရသေး ပေမယ့် ကြေးတွေဆက်တိုက်ကျ၊ တနင်္ဂနွေညက လီဗန်တေးကို ၃-၀ နဲ့မနိုင်ခင် သုံးပွဲဆက်နိုင်ပွဲပျောက်၊
ချန်ပီယံ လိဂ်အုပ်စုအဖွင့်ပွဲ နူးကမ့်မှာ ဘိုင်ယန်ကို ဘယ်လိုမှ မခြိမ်းခြောက်နိုင်ဘဲ ၃-၀ ရှုံးခဲ့တော့ ဒီကြေးပေါက်တာလည်း မဆန်းတော့ပါဘူး။
ဒါပေမဲ့ ဘင်ဖီကာဟာ နောက်ဆုံးငါးပွဲမှာ ၁၃ ဂိုး၊ နောက်ဆုံး ၁၂ ပွဲမှာဆို ၂၅ ဂိုးအထိသွင်းထားတဲ့ အကောင်းဆုံးပုံစံရနေတဲ့အသင်းဖြစ်လို့ ဘာစီလိုနာအတွက်စိုးရိမ်စရာရှိနေတာကလည်း အမှန်။
ဘင်ဖီကာဟာ နောက်ဆုံးချန်ပီယံလိဂ်အိမ်ကွင်း ၁၀ ပွဲမှာ ကိုးပွဲဂိုးသွင်းထားတယ်။ ဘာစီလိုနာက ချန်ပီယံလိဂ်နောက်ဆုံး ခုနစ်ပွဲမှာ ငါးပွဲကို ဂိုးပေးထားရတော့ ဘင်ဖီကာ ဂိုးသွင်းနိုင်မယ့်ပွဲလို့ ထင်တယ်။
ဘာစီလိုနာရဲ့ လက်ရှိခြေကိုတော့ အားကိုးချင်စရာမရှိပေမယ့် ဘင်ဖီကာဂိုးသွင်းအားကြောင့် အောက်မကြိုက်တောင် ဂိုးပေါ်ကြိုက်ရပါလိမ့်မယ်။
ခန့်မှန်းရလဒ် – ဘင်ဖီကာ ၂-၁ ဘာစီလိုနာ
ဂျူဗင်တပ် Vs ချယ်လ်ဆီး
(ချယ်လ်ဆီး =-၅၅၊ ၂-၃၀)
ချယ်လ်ဆီးဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲ ၃၂ ပွဲမှာ သုံပွဲပဲရှုံးဖူးတယ်။
ချယ်လ်ဆီးနည်းပြ သောမတ်စ်တူချယ်ဟာ ချန်ပီယံလိဂ်ပွဲဆိုပိုပြီးခံစစ်ကို ဂရုစိုက်ကစားတတ်တယ်။
တူချယ်လက်ထက် ချန်ပီယံလိဂ်ရှစ်ပွဲကစားခဲ့ရာမှာ ပွဲတိုင်းက ဂိုးပေါင်း သုံးဂိုးအောက်ပွဲတွေချည်းပဲ။
တစ်ဂိုးထက်ပိုသွင်းနိုင်တဲ့ ပွဲကလည်း သုံးပွဲပဲရှိခဲ့တယ်။
နောက်ဆုံးပြိုင်ပွဲစုံ ၁၀ ပွဲမှာလည်း ချယ်လ်ဆီးဟာ ပေးဂိုးလေးဂိုးသာရှိလို့ ဒီပွဲလည်း အဝေးကွင်းမှာ ချယ်လ်ဆီး ဂိုးပေးရတောင် တစ်ဂိုးထက်မပိုနိုင်ဘူးလို့မြင်မိတယ်။
ဂျူဗင်တပ်ဟာ နောက်ဆုံးအမှတ်ပေးပွဲမှာ ဆမ်ဒိုးရီးယားကို ၃-၂ နဲ့နိုင်ခဲ့ပေမယ့် တိုက်စစ်မှူး ဒိုင်ဘာလာရော၊ မိုရာတာရော နှစ်ယောက်စလုံး ဒဏ်ရာတွေရသွားလို့ တန်ကြေးကြီးကြီးပေးဆပ်လိုက်ရပြီး ဒီနှစ်ယောက်စလုံး ခုပွဲမှာ မပါနိုင်တော့ဘူး။
ဒါကြောင့် ဂျူဗင်တပ်တိုက်စစ်မှာ မွိုက်စီကိန်းတစ်ဦးသာ အားထားရာရှိတော့တယ်။
ချယ်လ်ဆီးဟာ မနှစ်ကရာသီအစကစတွက်ရင် ချန်ပီယံလိဂ် ၁၄ ပွဲမှာ ၁ ပွဲသာရှုံးပြီး လေးဂိုးသာပေးခဲ့ရတယ်။ ၁၀ ပွဲနိုင်ခဲ့တာကြောင့် ဂျူဗင်တပ် ဒီလိုအခြေအနေနဲ့ ခံစစ်သာအားပြုကစားရင်း ဂိုးအနည်းပွဲဖြစ်သွားဖို့ပဲရှိပါ တယ်။
ခန့်မှန်းရလဒ် – ဂျူဗင်တပ် ၀-၁ ချယ်လ်ဆီး
ဘိုင်ယန် Vs ဒိုင်နမိုကိဗ်
(ဘိုင်ယန် ၃+၇၅၊ ၄+၅၀)
ဘာစီလိုနာကို ကြက်ကလေးငှက်ကလေးသတ်သလို အသေသတ်ပြီး ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဘိုင်ယန်အတွက် ဒိုင်နမိုကိဗ်နဲ့ပွဲဟာ ၃ ဂိုးမှနိုင်မယ်ဆိုလည်း နိုင်ချင်စရာပဲ။ ဒိုင်နမိုကိဗ်ဟာ ချန်ပီယံလိဂ်နောက်ဆုံး ၁၁ ပွဲမှာ ခုနစ်ပွဲ ကို ဂိုးမသွင်းနိုင်ခဲ့ဘူး။
ပြီးခဲ့တဲ့ ချန်ပီယံလိဂ် သုံးရာသီကိုကြည့်ရင်လည်း ဘိုင်ယန်ဟာ နိုင်ပွဲအများဆုံးအသင်း အဖြစ် ပွဲ ၂၀ နိုင်ထားပြီး ဂိုးအများဆုံးသွင်းတဲ့အသင်းအဖြစ် ၇၃ ဂိုးအထိသွင်းခဲ့တယ်။
ချန်ပီယံလိဂ် အုပ်စု အဆင့်နောက်ဆုံး အိမ်ကွင်း ၃၄ ပွဲမှာ ၃၂ ပွဲအနိုင်ရတယ်။
နောက်ဆုံးရှစ်ပွဲမှာတင် ဂိုး ၄၀ သွင်းတယ်။ နောက်ဆုံး ချန်ပီယံလိဂ် ၂၂ ပွဲမှာ သုံးဂိုးနဲ့အထက် သွင်းနိုင်တဲ့ပွဲက ၁၄ ပွဲရှိတယ်။
မနှစ်က ချန်ပီယံလိဂ်ပွဲတွေမှာ ဒိုင်နမိုကိဗ်ဟာ ဂျူဗင်တပ်ကို ၃-၀၊ ဘာစီလိုနာကို ၄-၀ ရှုံးခဲ့သေးတော့ ဒီပွဲ ဘိုင်ယန် ၃ ဂိုးဆိုတော်တော်အကျိုး များမယ့်အဖြစ်မှာ ဘိုင်ယန်မှတပါး အခြားမရှိပေါ။
ခန့်မှန်းရလဒ် – ဘိုင်ယန် ၄-၀ ဒိုင်နမိုကိဗ်
မန်ယူ Vs ဗီလာရီးယဲလ်
(မန်ယူ ၁-၅၊ ၃+၆၅)
ဒီပွဲအိုးထရက်ဖို့ဒ်အရှိန်အဝါ၊ စီရိုနယ်ဒိုအရှိန်အဝါနဲ့များ ကြေးဖွင့်လှစ်မှုက ပြင်းလွန်းနေသလဲမသိ။ ဒီလောက် ၀ရုန်းသုန်းကားမတည်မငြိမ်ဖြစ်နေတဲ့ မန်ယူက ဗီလာရီးယဲလ်လိုအသင်းကို နှစ်ဂိုးပြတ်နိုင်မှ ပျော်ရမယ့်ကြေး ဖွင့်ထားတယ်။
ဗီလာကိုရှုံးပြီးတဲ့နောက် မန်ယူဟာ နောက်ဆုံးလေးပွဲမှာ သုံးပွဲရှုံးထားပြီးပါပြီ။ ယန်းဘွိုင်းကို လည်း လင်ဂတ်မွှေလို့ရှုံးခဲ့ပြီးသား။
အုပ်စုချောင်တယ်လို့ထင်ခဲ့ရပေမယ့် ခုယန်းဘွိုင်းကို ရှုံးလိုက်ခြင်းဟာ မန်ယူကို စိုးရိမ်ရေအမှန်ရောက်သွားစေတယ်။
အတ္တလန္တာနဲ့ ဗီလာရီးယဲလ်ဆိုတာ အချဉ်အသင်းတွေမဟုတ်လို့ ဒီစကားပြောရတာပဲ။
နည်းပြ အမ်မရီရဲ့ ဗီလာရီးယဲလ်ဟာ ယူရိုပါလိဂ်ဖလားရထားတာ ပူပူနွေးနွေးပဲရှိသေးတယ်။
မေလက ယူရိုပါလိဂ် ဗိုလ်လုပွဲမှာလည်း မန်ယူကို ပင်နယ်တီ ၁၁ ဂိုးစီကန်ပြီး ဒီဂီယာမဝင်တဲ့နောက်ဆုံးပယ်နယ်တီကြောင့် ဗီလာရီးယဲလ်ယူရိုပါဖလားရခဲ့တာပါ။
ဥရောပစူပါဖလားပွဲမှာလည်း ဗီလာရီးယဲလ်ဟာ ချယ်လ်ဆီးကို သရေကစားနိုင်ပြီး ပင်နယ်တီမှ ရှုံးခဲ့တဲ့အသင်း။
ဒီရာသီ ဗီလာရီးယဲလ်ခြေစွမ်းကြည့်တော့လည်း ရှစ်ပွဲစလုံးမိနစ် ၉၀ အတွင်း ရှုံးတာတစ်ပွဲမှမရှိသေးဘူး။
ချယ်လ်ဆီး၊ အတ္တလန္တာ၊ ရီးယဲလ်၊ အက်သလက်တီကိုတို့အားလုံးကို သရေကစားထားနိုင်တယ်။
ပြီးတော့မန်ယူနဲ့နောက်ဆုံးလေးကြိမ်တွေ့ဆုံမှုမှာလည်း နှစ်ပွဲက သရေကစားခဲ့တယ်။
ဗီလာရီးယဲလ်က နောက်ဆုံးဥရောပပွဲ ၁၆ ပွဲဆက်တိုက် ရှုံးပွဲမရှိ (မိနစ် ၉၀ အတွင်း) ခဲ့ဘူး။
မန်ယူက နောက်ဆုံးချန်ပီယံလိဂ် ငါးပွဲမှာ လေးပွဲရှုံးထားတယ်။
ဒါကြောင့် ဘယ်လိုအရှိန်အဝါတွေနဲ့ မန်ယူကြေးပြင်းပြင်း ဗီလာရီးယဲလ်နဲ့ပဲ လက်တွဲသင့်တယ်ထင်ပါတယ်။
ခန့်မှန်းရလဒ် – မန်ယူ ၁-၁ ဗီလာရီးယဲလ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဗုဒ္ဓဟူးည ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲများ သုံးသပ်ချက်
(အတ္တလန္တာ ၁-၃၅၊ ၃-၂၅ )
ဇင်းနစ် Vs မယ်လ်မို
(ဇင်းနစ် ၁+၅၊ ၃+၉၀)
ဆဲလ်ဘတ် – လိုင်လီ
(ဆဲလ်ဘတ် =-၉၀၊ ၃+၇၅)
ဝုဖ်ဘတ် =+၂၅၊ ၂-၇၀
ဘာစီလိုနာ =-၂၅၊ ၃+၇၀
(ချယ်လ်ဆီး =-၅၅၊ ၂-၃၀)
(ဘိုင်ယန် ၃+၇၅၊ ၄+၅၀)
မန်ယူ Vs ဗီလာရီးယဲလ်
(မန်ယူ ၁-၅၊ ၃+၆၅)