

အင်္ဂလန်လက်ရွေးစင်ဟောင်း ဒေးဗစ်ဘက်ဟမ်းဟာ သူတည်ထောင်ထားတဲ့ အင်တာမိုင်ယာမီအသင်းအတွက် နည်းပြအဖြစ် ဗီအဲရာကို ခေါ်ယူခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဗီအဲရာ ဟာလက်ရှိမှာ လိဂ်ဂူး ၁ ကလပ် နိုက်စ်ကို တာဝန်ယူနေတာဖြစ်ပါတယ်။
ဘက်ဟမ်းက အင်တာမိုင်ယာမီကို လုပ်ငန်းရှင်အချို့နဲ့အတူ ပူးတွဲတည်ထောင်ထားတာဖြစ်ပြီး လာမယ့် မေဂျာလိဂ်ဘောလုံးရာသီသစ်မှာ စတင်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီအတွက်လည်း အတွေ့အကြုံရင့်ကျက်တဲ့ နည်းပြတွေကို အလိုရှိနေတာပါ။

အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ ဗီအဲရာ ဟာနယူးယော့ခ်စီးတီးနဲ့ မန်စီးတီးလူငယ်အကယ်ဒမီနည်းပြ အဖြစ်လည်းဆောင်ရွက်ခဲ့ဘူးသူဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ဟမ်းဟာ ဘယ်လ်ဂျီယံအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်နဲ့ ရေးဗားပလိတ်အသင်းနည်းပြ မာဆယ်လိုဂါလာဒိုကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဗီအဲရာဟာ ပြီးခဲ့တဲ့ ရာသီမှာ နိုက်စ်ကို လီဂူး ၁ မှာအဆင့် ၇ ရရှိစေခဲ့ပေမယ့် ဒီရာသီမှာတော့ ရုန်းကန်နေရပြီး အဆင့် ၁၅ ကိုရောက်နေပါတယ်။ ပြင်သစ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ဂန္ထဝင်ဖြစ်တဲ့ ဗီအဲရာကို အာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဗီအဲရာကတော့ အင်္ဂလန်ကနေ အမေရိကန်ကိုသွားရောက်နည်းပြပြီးနောက် ပြင်သစ်ကိုပြန်လာတာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး သူ့ရဲ့နောက်ထပ်ရည်မှန်းချက်က အင်္ဂလန်မှာ ပရီးမီးယားလိဂ်အသင်းတစ်ခုကို နည်းပြရေးဖြစ်တယ်လို့ ပြောကြားထားလို့ မေဂျာလိဂ်ကို ပြန်ရောက်ဖို့ မသေချာဘူးလို့ ဆိုရမှာပါ။

Zawgyi
ဗီအဲရာကို နည္းျပခန္႔အပ္ဖို႔ ေဒးဗစ္ဘက္ဟမ္း စိတ္၀င္စားေန
အဂၤလန္လက္ေရြးစင္ေဟာင္း ေဒးဗစ္ဘက္ဟမ္းဟာ သူတည္ေထာင္ထားတဲ႔ အင္တာမိုင္ယာမီအသင္းအတြက္ နည္းျပအျဖစ္ ဗီအဲရာကို ေခၚယူခန္႔အပ္ဖို႔ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ ဗီအဲရာ ဟာလက္ရွိမွာ လိဂ္ဂူး ၁ ကလပ္ ႏိုက္စ္ကို တာ၀န္ယူေနတာျဖစ္ပါတယ္။
ဘက္ဟမ္းက အင္တာမိုင္ယာမီကို လုပ္ငန္းရွင္အခ်ဳိ႕နဲ႔အတူ ပူးတြဲတည္ေထာင္ထားတာျဖစ္ၿပီး လာမယ္႔ ေမဂ်ာလိဂ္ေဘာလုံးရာသီသစ္မွာ စတင္၀င္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။ ဒီအတြက္လည္း အေတြ႔အႀကံဳရင့္က်က္တဲ႔ နည္းျပေတြကို အလုိရွိေနတာပါ။
အသက္ ၄၃ ႏွစ္ရွိၿပီျဖစ္တဲ႔ ဗီအဲရာ ဟာနယူးေယာ႔ခ္စီးတီးနဲ႔ မန္စီးတီးလူငယ္အကယ္ဒမီနည္းျပ အျဖစ္လည္းေဆာင္ရြက္ခဲ့ဘူးသူျဖစ္ပါတယ္။ ဒါ့အျပင္ ဘက္ဟမ္းဟာ ဘယ္လ္ဂ်ီယံအသင္းနည္းျပ ေရာဘတ္တိုမာတီနက္ဇ္နဲ႔ ေရးဗားပလိတ္အသင္းနည္းျပ မာဆယ္လိုဂါလာဒိုကိုလည္း ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။
ဗီအဲရာဟာ ၿပီးခဲ့တဲ႔ ရာသီမွာ ႏိုက္စ္ကို လီဂူး ၁ မွာအဆင့္ ၇ ရရွိေစခဲ့ေပမယ္႔ ဒီရာသီမွာေတာ႔ ရုန္းကန္ေနရၿပီး အဆင့္ ၁၅ ကိုေရာက္ေနပါတယ္။ ျပင္သစ္နဲ႔ အာဆင္နယ္အသင္းတို႔ရဲ႕ ဂႏၳ၀င္ျဖစ္တဲ႔ ဗီအဲရာကို အာဆင္နယ္အသင္းကလည္း ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ ဆိုပါတယ္။
ဗီအဲရာကေတာ႔ အဂၤလန္ကေန အေမရိကန္ကိုသြားေရာက္နည္းျပၿပီးေနာက္ ျပင္သစ္ကိုျပန္လာတာဟာ မွန္ကန္တဲ႔ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ၿပီး သူ႔ရဲ႕ေနာက္ထပ္ရည္မွန္းခ်က္က အဂၤလန္မွာ ပရီးမီးယားလိဂ္အသင္းတစ္ခုကို နည္းျပေရးျဖစ္တယ္လို႔ ေျပာၾကားထားလို႔ ေမဂ်ာလိဂ္ကို ျပန္ေရာက္ဖို႔ မေသခ်ာဘူးလို႔ ဆိုရမွာပါ။