ဗီလိန္မျဖစ္ဘဲ ဟီရိုးျဖစ္သြားခဲ့ရတဲ့ ဂါဘရီရယ္ဂ်ီးဆပ္

ပီရူးနဲ႔ ရင္ဆုိင္ခဲ့တဲ့ 2019 ကိုပါအေမရိကဖလားၿပိဳင္ပြဲ ဗိုလ္လုပြဲမွာ အနီကတ္နဲ႔ အထုတ္ခံခဲ့ရလို႔ ဘရာဇီးတိုက္စစ္မွဴး ဂါဘရီရယ္ဂ်ီးဆပ္ေပါက္ကြဲၿပီး ကြင္းျပင္ဘက္မွာ ငိုေၾကြးခဲ့ရပါတယ္။

ဂ်ီးဆပ္ဟာ ဘရာဇီးအတြက္ ဒုတိယဦးေဆာင္ဂိုးကို ပြဲခ်ိန္ 45 မိနစ္မွာ သြင္းယူခဲ့ေပမယ့္ ပြဲခ်ိန္ မိနစ္ 70 မွာေတာ့ ပီရူးေနာက္ခံလူ ဇမ္ဘရာႏိုနဲ႔ ေဘာလံုးယွဥ္လုရမွာ ၾကမ္းတမ္းခဲ့လို႔ ႏွစ္၀ါ တစ္နီျပခံရၿပီး ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ပထမပိုင္းအၿပီး 2-1 ဂိုးနဲ႔ ဦးေဆာင္ေနခ်ိန္မွာ ဂ်ီဆပ္ထုတ္ပယ္ခံရျခင္းဟာ တစ္ေယာက္ေလ်ာ့သြားတဲ့ ဘရာဇီးအသင္းအတြက္ အားေလ်ာ့သြားတာျဖစ္လုိ႔ 2007 ခုႏွစ္ေနာက္ပိုင္း ေ၀းကြာေနတဲ့ ကိုပါအေမရိကဖလားႀကီးကို လြဲေခ်ာ္သြားႏုိင္တဲ့အေနအထားျဖစ္လို႔ အရမ္းအႏၱရယ္မ်ားခဲ့ပါတယ္။

ဂ်ီးဆပ္ဟာ အနီကတ္ျပသခံခဲ့ရတာကိုေပါက္ကြဲခဲ့ၿပီး ကြင္းေဘးက ေရဘူးေတြကို ကန္ေက်ာက္ခဲ့သလို ကြင္းေဘးမွာရိွတဲ့ VAR ရုပ္သံျပရံုကိုလည္း ထိုးႀကိတ္ကာ ကြင္းျပင္ပမွာ သြားေရာက္ငိုေၾကြးေနခဲ့တာျဖစ္ပါတယ္။

အသက္ 22 ႏွစ္အရြယ္ ဂ်ီးဆပ္ဟာ သူ႔ရဲ႕ ပထမဆံုး ႏုိင္ငံတကာဆုဖလား ျဖစ္လုိ႔ အနီကတ္ျပသခံခဲ့ရတာကို ေပါက္ကြဲခဲ့တာျဖစ္ပါတယ္။ အကယ္၍သာ ဘရာဇီးအသင္းဟာ 2-1 နဲ႔ ဦးေဆာင္ေနရာကေန တစ္ေယာက္ေလ်ာ့သြားခဲ့လုိ႔ ပီရူးနဲ႔ 2-2 သေရက်သြားခဲ့မယ္ဆုိရင္ ဂ်ီးဆပ္ဟာ ဘရာဇီးေဘာလံုးသမုိင္းထဲ ဗီလိန္တစ္ဦးျဖစ္လာခဲ့မွာ အေသအခ်ာပါပဲ။

ပံုမွန္အားျဖင့္ေတာ့ ၿပိဳင္ပြဲတစ္ခုရဲ႕ အေရးအႀကီးဆံုးအခ်ိန္ျဖစ္တဲ့ ဗိုလ္လုပြဲမွာ အနီကတ္ျပသခံရသူေတြအမ်ားစုဟာ ဗီလိန္ျဖစ္သြားေလ့ရိွၾကပါတယ္။

ဒါေပမယ့္ ဘရာဇီးအသင္းဟာ က်န္ရိွတဲ့ ပြဲခ်ိန္မိနစ္ 20 ေက်ာ္မွာ ပီရူးကို တစ္ေယာက္ေလ်ာ့အေနအထားနဲ႔ အေကာင္းဆံုးထိန္းခ်ဳပ္ ကစားႏုိင္ခဲ့သလို ပြဲခ်ိန္ မိနစ္ 90 မွာ ရီခ်ာလီဆန္က တတိယအႏုိင္ဂိုးကို သြင္းယူခဲ့တာေၾကာင့္ ဘရာဇီးအသင္းဟာ 12 ႏွစ္ၾကာေ၀းကြာေနတဲ့ ကိုပါအေမရိကဆုဖလားကို ျပန္လည္သိမ္းပိုက္ႏုိင္ခဲ့တာပဲျဖစ္ပါတယ္။ ဂ်ီးဆပ္လည္း သူ႔ဘ၀ရဲ႕ ေအာင္ျမင္မႈမွတ္တိုင္ကို ေရးထုိးသြားႏိုင္ခဲ့ပါတယ္။

[Unicode]

ဗီလိန်မဖြစ်ဘဲ ဟီရိုးဖြစ်သွားခဲ့ရတဲ့ ဂါဘရီရယ်ဂျီးဆပ်
=========================

ပီရူးနဲ့ ရင်ဆိုင်ခဲ့တဲ့ 2019 ကိုပါအမေရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ဘရာဇီးတိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်ပေါက်ကွဲပြီး ကွင်းပြင်ဘက်မှာ ငိုကြွေးခဲ့ရပါတယ်။

ဂျီးဆပ်ဟာ ဘရာဇီးအတွက် ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် 45 မိနစ်မှာ သွင်းယူခဲ့ပေမယ့် ပွဲချိန် မိနစ် 70 မှာတော့ ပီရူးနောက်ခံလူ ဇမ်ဘရာနိုနဲ့ ဘောလုံးယှဉ်လုရမှာ ကြမ်းတမ်းခဲ့လို့ နှစ်ဝါ တစ်နီပြခံရပြီး ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ပထမပိုင်းအပြီး 2-1 ဂိုးနဲ့ ဦးဆောင်နေချိန်မှာ ဂျီဆပ်ထုတ်ပယ်ခံရခြင်းဟာ တစ်ယောက်လျော့သွားတဲ့ ဘရာဇီးအသင်းအတွက် အားလျော့သွားတာဖြစ်လို့ 2007 ခုနှစ်နောက်ပိုင်း ဝေးကွာနေတဲ့ ကိုပါအမေရိကဖလားကြီးကို လွဲချော်သွားနိုင်တဲ့အနေအထားဖြစ်လို့ အရမ်းအန္တရယ်များခဲ့ပါတယ်။

ဂျီးဆပ်ဟာ အနီကတ်ပြသခံခဲ့ရတာကိုပေါက်ကွဲခဲ့ပြီး ကွင်းဘေးက ရေဘူးတွေကို ကန်ကျောက်ခဲ့သလို ကွင်းဘေးမှာရှိတဲ့ VAR ရုပ်သံပြရုံကိုလည်း ထိုးကြိတ်ကာ ကွင်းပြင်ပမှာ သွားရောက်ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။

အသက် 22 နှစ်အရွယ် ဂျီးဆပ်ဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံတကာဆုဖလား ဖြစ်လို့ အနီကတ်ပြသခံခဲ့ရတာကို ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ အကယ်၍သာ ဘရာဇီးအသင်းဟာ 2-1 နဲ့ ဦးဆောင်နေရာကနေ တစ်ယောက်လျော့သွားခဲ့လို့ ပီရူးနဲ့ 2-2 သရေကျသွားခဲ့မယ်ဆိုရင် ဂျီးဆပ်ဟာ ဘရာဇီးဘောလုံးသမိုင်းထဲ ဗီလိန်တစ်ဦးဖြစ်လာခဲ့မှာ အသေအချာပါပဲ။

ပုံမှန်အားဖြင့်တော့ ပြိုင်ပွဲတစ်ခုရဲ့ အရေးအကြီးဆုံးအချိန်ဖြစ်တဲ့ ဗိုလ်လုပွဲမှာ အနီကတ်ပြသခံရသူတွေအများစုဟာ ဗီလိန်ဖြစ်သွားလေ့ရှိကြပါတယ်။

ဒါပေမယ့် ဘရာဇီးအသင်းဟာ ကျန်ရှိတဲ့ ပွဲချိန်မိနစ် 20 ကျော်မှာ ပီရူးကို တစ်ယောက်လျော့အနေအထားနဲ့ အကောင်းဆုံးထိန်းချုပ် ကစားနိုင်ခဲ့သလို ပွဲချိန် မိနစ် 90 မှာ ရီချာလီဆန်က တတိယအနိုင်ဂိုးကို သွင်းယူခဲ့တာကြောင့် ဘရာဇီးအသင်းဟာ 12 နှစ်ကြာဝေးကွာနေတဲ့ ကိုပါအမေရိကဆုဖလားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဂျီးဆပ်လည်း သူ့ဘဝရဲ့ အောင်မြင်မှုမှတ်တိုင်ကို ရေးထိုးသွားနိုင်ခဲ့ပါတယ်။