ဗီလာ Vs ယူနိုက်တက် ၊ ပွဲစဥ်အတွက် အိုဝင်၏ ခန့်မှန်းချက်

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဥ် ( ၃၅ ) အဖြစ် အက်စတွန်ဗီလာအသင်းကို ဗီလာပါ့ခ်မှာ သွားရောက်ယှဥ်ပြိုင်ရဖို့ရှိနေပါတယ်။

ယူနိုက်တက်က လက်ရှိမှာ ( ၃၃ ) ပွဲကစားထားပြီး ရမှတ် ( ၆၇ ) မှတ်မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာရပ်တည်နေပြီး မန်စီးတီးအသင်းအောက် ( ၁၃ ) မှတ်လျော့နည်းကာ တတိယနေရာက လက်စတာစီးတီအသင်းကို ( ၄ ) မှတ်အသာစီးရထားပါတယ်။

အက်စတွန်ဗီလာအသင်းကတော့ ( ၃၃ ) ပွဲကစားထားပြီး ရမှတ် ( ၄၈ ) မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ( ၁၀ )နေရာမှာ ရပ်တည်နေပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း မိုက်ကယ်အိုဝင်ကတော့ အဆိုပါ ပွဲစဥ်မှာ မန်ချက်စတာယူနိုက်တက်က ( ၁ – ၀) ရလာဒ်နဲ့ အနိုင်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အိုဝင်က BetVictor နဲ့တွေ့ဆုံရာမှာ “ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဒီနှစ်သင်းဟာ ဗီလာပါ့ခ်မှာ အကြိမ်များစွာ တွေ့ဆုံခဲ့ဖူးပါတယ်။

ဒါပေမယ့် ဗီလာအသင်းအနေနဲ့ အိမ်ကွင်းမှာ ယူနိုက်တက်ကို ( ၁၉၉၅ ) ခုနှစ်က နောက်ဆုံးအကြိမ် အနိုင်ရရှိထားတာပါ ။” လို့ ပြောဆိုသွားခဲပါတယ်။

“ ဒါကြောင့် ယခုပွဲစဥ်က သရဲနီတို့အတွက် ပျော်ပျော်ရွှင်ရွှင် အမဲလိုက်ကွင်းပြင်တစ်ခုလို့ဆိုရင် မှားမယ်လို့မထင်ပါဘူး ။

နောက်ပြီး ဧည့်သည်အသင်းက ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဥ် နောက်ဆုံး ( ၂၄ ) ပွဲဆက် ရှုံးပွဲမရှိသေးပါဘူး ။”

“ ( ၂ ) သင်းစလုံးက ဒီရာသီမှာ တန်ပြတ်တိုက်စစ်ကစားပုံ အရမ်းကောင်းမွန်တာတွေ့ရပါတယ်။

ဒါကြောင့် ကစားဟန်ဆင်တူတဲ့ အသင်း ( ၂ ) သင်းတွေ့ဆုံမှုမှာ မပြတ်သားတဲ့ ရလာဒ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။”

“ ယခုပွဲစဥ်မှာ အလားတူအခြေအနေ ကြုံတွေ့ရနိုင်ပြီး ယူနိုက်တက်က ရမှတ်တွေပိုင်ဆိုင်ဖို့ ထိုက်တန်မှုရှိတယ်လို့ ယုံကြည်ပါတယ်။”

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဗီလာ Vs ယူႏိုက္တက္ ၊ ပြဲစဥ္အတြက္ အိုဝင္၏ ခန႔္မွန္းခ်က္

မန္ခ်က္စတာ ယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ တနဂၤေႏြေန႔မွာ ပရီးမီးယားလိဂ္ပြဲစဥ္ ( ၃၅ ) အျဖစ္ အက္စတြန္ဗီလာအသင္းကို ဗီလာပါ့ခ္မွာ သြားေရာက္ယွဥ္ၿပိဳင္ရဖို႔ရွိေနပါတယ္။

ယူႏိုက္တက္က လက္ရွိမွာ ( ၃၃ ) ပြဲကစားထားၿပီး ရမွတ္ ( ၆၇ ) မွတ္မွတ္နဲ႔ အမွတ္ေပးဇယား ဒုတိယေနရာမွာရပ္တည္ေနၿပီး မန္စီးတီးအသင္းေအာက္ ( ၁၃ ) မွတ္ေလ်ာ့နည္းကာ တတိယေနရာက လက္စတာစီးတီအသင္းကို ( ၄ ) မွတ္အသာစီးရထားပါတယ္။ အက္စတြန္ဗီလာအသင္းကေတာ့ ( ၃၃ ) ပြဲကစားထားၿပီး ရမွတ္ ( ၄၈ ) မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ ( ၁၀ )ေနရာမွာ ရပ္တည္ေနပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကစားသမားေဟာင္း မိုက္ကယ္အိုဝင္ကေတာ့ အဆိုပါ ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္က ( ၁ – ၀) ရလာဒ္နဲ႔ အႏိုင္ရရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။

အိုဝင္က BetVictor နဲ႔ေတြ႕ဆုံရာမွာ “ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္းမွာ ဒီႏွစ္သင္းဟာ ဗီလာပါ့ခ္မွာ အႀကိမ္မ်ားစြာ ေတြ႕ဆုံခဲ့ဖူးပါတယ္။ ဒါေပမယ့္ ဗီလာအသင္းအေနနဲ႔ အိမ္ကြင္းမွာ ယူႏိုက္တက္ကို ( ၁၉၉၅ ) ခုႏွစ္က ေနာက္ဆုံးအႀကိမ္ အႏိုင္ရရွိထားတာပါ ။” လို႔ ေျပာဆိုသြားခဲပါတယ္။

“ ဒါေၾကာင့္ ယခုပြဲစဥ္က သရဲနီတို႔အတြက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အမဲလိုက္ကြင္းျပင္တစ္ခုလို႔ဆိုရင္ မွားမယ္လို႔မထင္ပါဘူး ။ ေနာက္ၿပီး ဧည့္သည္အသင္းက ပရီးမီးယားလိဂ္ အေဝးကြင္းပြဲစဥ္ ေနာက္ဆုံး ( ၂၄ ) ပြဲဆက္ ရႈံးပြဲမရွိေသးပါဘူး ။”

“ ( ၂ ) သင္းစလုံးက ဒီရာသီမွာ တန္ျပတ္တိုက္စစ္ကစားပုံ အရမ္းေကာင္းမြန္တာေတြ႕ရပါတယ္။ ဒါေၾကာင့္ ကစားဟန္ဆင္တူတဲ့ အသင္း ( ၂ ) သင္းေတြ႕ဆုံမႈမွာ မျပတ္သားတဲ့ ရလာဒ္ေတြ ထြက္ေပၚလာႏိုင္ပါတယ္။”

“ ယခုပြဲစဥ္မွာ အလားတူအေျခအေန ႀကဳံေတြ႕ရႏိုင္ၿပီး ယူႏိုက္တက္က ရမွတ္ေတြပိုင္ဆိုင္ဖို႔ ထိုက္တန္မႈရွိတယ္လို႔ ယုံၾကည္ပါတယ္။”