
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချန်ပီယံလိဂ် အုပ်စုအဆင့်အတွက် မဲခွဲမှုကိုတော့ မနေ့ညက မြန်မာစံတော်ချိန် (၁၀) နာရီခွဲမှာ တူရကီ နိုင်ငံ အစ္စတန်ဘူလ်မြို့မှာပြလုပ်ခဲ့ပါတယ်။
မဲခွဲဆုံးဖြတ်မှုအပြီးမှာ ယူနိုက်တက်ဟာ အုပ်စု (F) မှာ ယန်းဘွိုင်းစ် ၊ အတ္တလန်တာ၊ ဗီလာရီးရဲလ်အသင်းတို့တွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပါတယ်။
ယူနိုက်တက်အတွက်တော့ အခြားအုပ်စုတွေထက်စာရင် အုပ်စုချောင်တယ်လို့ ဆိုရမှာဖြစ်ပေမယ့် မနှစ်က ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပင်နယ်တီနဲ့
အနိုင်ပိုင်းသွားတဲ့ ဗီလာရီးရဲလ်အသင်းနဲ့ နောက်တစ်ကြိမ်ပြန်လည်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်ဦးမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နဲ့ ဗီလာရီးရဲလ် အသင်းတို့ဟာ ချန်ပီယံလိဂ်သမိုင်းကြောင်းတစ်လျှောက်မှာ (၂၀၀၅/၀၆) ရာသီတုန်းက တစ်ကြိမ် (၂၀၀၈/၂၀၀၉) ရာသီတုန်းက တစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး
အဆိုပါ နှစ်ကြိမ်တွေ့ဆုံမှုမှာ အိမ်ကွင်း ၊ အဝေးကွင်း နှစ်ကျော့ပေါင်း (၄) ပွဲအထိ ကစားခဲ့ဖူးပေမယ့် (၄) ပွဲလုံး ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ထားခဲ့ပါတယ်။
ယူနိုက်တက်အတွက်တော့ ချန်ပီယံလိဂ် သမိုင်းကြောင်းတစ်လျှောက် ဗီလာရီးရဲလ်အသင်းကို အနိုင်မရသေးတဲ့ စံချိန်ကို ချိးဖျက်ပြဖို့လိုနေပြီး ပြီးခဲ့တဲ့
ယူရိုပါလိဂ် ရှုံးကြွေးကိုလည်း ပြန်ဆပ်ဖို့ မဖြစ်မနေလိုအပ်နေပါတယ်။
ဗီလာရီးရဲလ်အသင်းကတော့ အုပ်စုမဲခွဲမှု ရလဒ်ထွက်ပေါ်လာပြီးပြီးချင်းမှာပဲ သူတို့ရဲ့ တရားဝင် တွစ်တာကနေတဆင့်
“ကျွန်တော်တို့အသင်းက သူတို့ ( ယူနိုက်တက် ) တွေနဲ့ နောက်ထပ်တစ်ကြိမ် ပြန်တွေ့ ပြီပေါ့…🏆။
ပရိသတ်တွေကကော ကျွန်တော်တို့ရဲ့အုပ်စုတွင်း ပြိုင်ဘက်တွေ နဲ့ အနေအထားကို ဘယ်လိုထင်ပါလဲ….😜?” ဆိုပြီး ရေးသားစိန်ခေါ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဗီလာရီးရဲလ္ကေတာ့ ယူႏိုက္တက္ကို စၿပီး စိန္ေခၚလိုက္ၿပီ…
ခ်န္ပီယံလိဂ္ အုပ္စုအဆင့္အတြက္ မဲခြဲမႈကိုေတာ့ မေန႔ညက ျမန္မာစံေတာ္ခ်ိန္ (၁၀) နာရီခြဲမွာ တူရကီ ႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာျပလုပ္ခဲ့ပါတယ္။
မဲခြဲဆုံးျဖတ္မႈအၿပီးမွာ ယူႏိုက္တက္ဟာ အုပ္စု (F) မွာ ယန္းဘြိဳင္းစ္ ၊ အတၱလန္တာ၊ ဗီလာရီးရဲလ္အသင္းတို႔ေတြနဲ႕ တစ္အုပ္စုတည္း က်ေရာက္ေနခဲ့ပါတယ္။
ယူႏိုက္တက္အတြက္ေတာ့ အျခားအုပ္စုေတြထက္စာရင္ အုပ္စုေခ်ာင္တယ္လို႔ ဆိုရမွာျဖစ္ေပမယ့္ မႏွစ္က ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲမွာ ပင္နယ္တီနဲ႕
အႏိုင္ပိုင္းသြားတဲ့ ဗီလာရီးရဲလ္အသင္းနဲ႔ ေနာက္တစ္ႀကိမ္ျပန္လည္ရင္ဆိုင္ရမွာျဖစ္တဲ့အတြက္ ၿပိဳင္ဆိုင္မႈျပင္းထန္ဦးမွာျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ နဲ႔ ဗီလာရီးရဲလ္ အသင္းတို႕ဟာ ခ်န္ပီယံလိဂ္သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ (၂၀၀၅/၀၆) ရာသီတုန္းက တစ္ႀကိမ္
(၂၀၀၈/၂၀၀၉) ရာသီတုန္းက တစ္ႀကိမ္ေတြ႕ဆုံခဲ့ဖူးၿပီး အဆိုပါ ႏွစ္ႀကိမ္ေတြ႕ဆုံမႈမွာ အိမ္ကြင္း ၊ အေဝးကြင္း ႏွစ္ေက်ာ့ေပါင္း (၄) ပြဲအထိ ကစားခဲ့ဖူးေပမယ့္ (၄) ပြဲလုံး ဂိုးမရွိ သေရရလဒ္သာ ထြက္ေပၚထားခဲ့ပါတယ္။
ယူႏိုက္တက္အတြက္ေတာ့ ခ်န္ပီယံလိဂ္ သမိုင္းေၾကာင္းတစ္ေလွ်ာက္ ဗီလာရီးရဲလ္အသင္းကို အႏိုင္မရေသးတဲ့ စံခ်ိန္ကို ခ်ိးဖ်က္ျပဖို႔လိုေနၿပီး ၿပီးခဲ့တဲ့ ယူ႐ိုပါလိဂ္ ရႈံးေႂကြးကိုလည္း ျပန္ဆပ္ဖို႔ မျဖစ္မေနလိုအပ္ေနပါတယ္။
ဗီလာရီးရဲလ္အသင္းကေတာ့ အုပ္စုမဲခြဲမႈ ရလဒ္ထြက္ေပၚလာၿပီးၿပီးခ်င္းမွာပဲ သူတို႔ရဲ႕ တရားဝင္ တြစ္တာကေနတဆင့္
“ကြၽန္ေတာ္တို႔အသင္းက သူတို႔ ( ယူႏိုက္တက္ ) ေတြနဲ႔ ေနာက္ထပ္တစ္ႀကိမ္ ျပန္ေတြ႕ ၿပီေပါ့…🏆။
ပရိသတ္ေတြကေကာ ကြၽန္ေတာ္တို႔ရဲ႕အုပ္စုတြင္း ၿပိဳင္ဘက္ေတြ နဲ႔ အေနအထားကို ဘယ္လိုထင္ပါလဲ….😜?” ဆိုၿပီး ေရးသားစိန္ေခၚခဲ့တာကိုလည္း ေတြ႕ရပါတယ္။