
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဗီလာရီးယဲလ်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုက မန်ချက်စတာယူနိုက်တက်အသင်းအတွက်
အရေးပါတဲ့အနိုင်ဂိုးသွင်းယူခဲ့သလို စံချိန်မှတ်တမ်းကောင်းတွေလည်းပိုင်ဆိုင်ခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ (၉၅)မိနစ်မှာ လင်ဂတ်ရဲ့ပေးပို့မှုကနေ ယူနိုက်တက်အသင်း(၃)မှတ်စတင်ရရှိစေမယ့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး
ဒါက ယူနိုက်တက်အသင်းအတွက်ကစားခဲ့တဲ့ပြိုင်ပွဲစုံ(၅)ပွဲမှာ (၅)ဂိုးမြောက်သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။
အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ယန်းဘွိုင်းစ်နဲ့ကစားခဲ့တဲ့အုပ်စုအဖွင့်ပွဲတုန်းက
ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်ပွဲအများဆုံးကစားခဲ့သူအဖြစ်စံချိန်တင်ထားတဲ့ ရီးယဲလ်ဂန္ထဝင်ဂိုးသမားကာဆီးလက်စ်ရဲ့(၁၇၇)ပွဲအရေအတွက်နဲ့တူညီခဲ့သလို
အခု ဗီလာရီးယဲလ်နဲ့ပွဲမှာတော့ ကာဆီးလက်စ်ကို တစ်ပွဲအသာနဲ့ကျော်ဖြတ်ပြီး ပွဲအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးအများဆုံး(၁၃၆ဂိုး)၊ ဂိုးဖန်တီးမှုအများဆုံး(၄၂ကြိမ်)ကစားသမားအဖြစ်စံချိန်တင်ထားတဲ့
စီရော်နယ်လ်ဒို အခုဆိုရင် ပွဲအများဆုံးကစားသမားစံချိန်ကိုပါ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲတွေမှာ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့
ဘရိုင်ယန်ရော့ဘ်ဆင်(၃၆နှစ်၊ ၂၈၂ရက်၊ ဂါလာတာစာရေး-၁၉၉၃)နောက်ပိုင်း
စီရော်နယ်လ်ဒိုဟာ အသက်(၃၆)နှစ်၊ (၂၃၆)ရက်နဲ့ ဒုတိယမြောက်အသက်အကြီးဆုံးဂိုးသွင်းသူဖြစ်ခဲ့ပါတယ်။
ချန်ပီယံလိဂ်သမိုင်းမှာ မိနစ်(၉၀)နောက်ပိုင်းအသင်းအတွက်အနိုင်ဂိုးသွင်းယူခဲ့မှုအများဆုံးအဖြစ် မှတ်တမ်းဝင်နေတဲ့ အဂွဲရိုးရဲ့ ဂိုးအရေအတွက်ကိုလည်း
စီရော်နယ်လ်ဒို အမီလိုက်နိုင်ခဲ့ပြီဖြစ်ပြီး (၃)ဂိုးစီတူညီသွားပြီဖြစ်ပါတယ်။
ဗီလာရီးယဲလ်နဲ့ပွဲမှာ စီရော်နယ်လ်ဒို မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့သလိုပဲ ချေပဂိုးသွင်းယူခဲ့တဲ့ နောက်ခံလူတဲလက်စ်ဟာလည်း
ယူနိုက်တက်သမိုင်းတစ်လျှောက် အသင်းအတွက်ဂိုးသွင်းယူခဲ့တဲ့ (၇)ဦးမြောက်ဘရာဇီးလ်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းအတွက် ကလီဘာဆင်၊ ရာဖေးလ်၊ အန်ဒါဆင်၊ ဖေဘီယို၊ ပါရဲရား၊ ဖရက်ဒ်တို့က ဂိုးတွေသွင်းယူခဲ့ပြီး
အခု တဲလက်စ်ကလည်း ဗီလာရီးယဲလ်နဲ့ပွဲမှာ ယူနိုက်တက်ကစားသမားဘဝပထမဆုံးဂိုးသွင်းယူခဲ့လို့ အခုစာရင်းထဲမှာတစ်ဦးအပါအဝင်အဖြစ်သတ်မှတ်ခံခဲ့ရတာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဗီလာရီးယဲလ္နဲ႔ပြဲမွာ စံခ်ိန္မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့ျပန္တဲ့ စီေရာ္နယ္လ္ဒို
ဗီလာရီးယဲလ္ကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုက မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္
အေရးပါတဲ့အႏိုင္ဂိုးသြင္းယူခဲ့သလို စံခ်ိန္မွတ္တမ္းေကာင္းေတြလည္းပိုင္ဆိုင္ခဲ့ပါတယ္။
စီေရာ္နယ္လ္ဒိုဟာ (၉၅)မိနစ္မွာ လင္ဂတ္ရဲ႕ေပးပို႔မႈကေန ယူႏိုက္တက္အသင္း(၃)မွတ္စတင္ရရွိေစမယ့္ဂိုးကို သြင္းယူခဲ့တာျဖစ္ၿပီး
ဒါက ယူႏိုက္တက္အသင္းအတြက္ကစားခဲ့တဲ့ၿပိဳင္ပြဲစုံ(၅)ပြဲမွာ (၅)ဂိုးေျမာက္သြင္းဂိုးလည္းျဖစ္ခဲ့ပါတယ္။
အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ယန္းဘြိဳင္းစ္နဲ႔ကစားခဲ့တဲ့အုပ္စုအဖြင့္ပြဲတုန္းက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ပြဲအမ်ားဆုံးကစားခဲ့သူအျဖစ္စံခ်ိန္တင္ထားတဲ့
ရီးယဲလ္ဂႏၴဝင္ဂိုးသမားကာဆီးလက္စ္ရဲ႕(၁၇၇)ပြဲအေရအတြက္နဲ႔တူညီခဲ့သလို အခု ဗီလာရီးယဲလ္နဲ႔ပြဲမွာေတာ့ ကာဆီးလက္စ္ကို တစ္ပြဲအသာနဲ႔ေက်ာ္ျဖတ္ၿပီး ပြဲအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ႏိုင္ခဲ့ပါၿပီ။
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ သြင္းဂိုးအမ်ားဆုံး(၁၃၆ဂိုး)၊ ဂိုးဖန္တီးမႈအမ်ားဆုံး(၄၂ႀကိမ္)ကစားသမားအျဖစ္စံခ်ိန္တင္ထားတဲ့ စီေရာ္နယ္လ္ဒို အခုဆိုရင္ ပြဲအမ်ားဆုံးကစားသမားစံခ်ိန္ကိုပါ ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။
ဒါ့အျပင္ ယူႏိုက္တက္အသင္းသမိုင္းတစ္ေလွ်ာက္ ဥေရာပၿပိဳင္ပြဲေတြမွာ အသက္အႀကီးဆုံးဂိုးသြင္းသူအျဖစ္မွတ္တမ္းဝင္ခဲ့တဲ့ ဘ႐ိုင္ယန္ေရာ့ဘ္ဆင္(၃၆ႏွစ္၊ ၂၈၂ရက္၊ ဂါလာတာစာေရး-၁၉၉၃)ေနာက္ပိုင္း စီေရာ္နယ္လ္ဒိုဟာ အသက္(၃၆)ႏွစ္၊ (၂၃၆)ရက္နဲ႔ ဒုတိယေျမာက္အသက္အႀကီးဆုံးဂိုးသြင္းသူျဖစ္ခဲ့ပါတယ္။
ခ်န္ပီယံလိဂ္သမိုင္းမွာ မိနစ္(၉၀)ေနာက္ပိုင္းအသင္းအတြက္အႏိုင္ဂိုးသြင္းယူခဲ့မႈအမ်ားဆုံးအျဖစ္ မွတ္တမ္းဝင္ေနတဲ့ အဂြဲ႐ိုးရဲ႕ဂိုးအေရအတြက္ကိုလည္း စီေရာ္နယ္လ္ဒို အမီလိုက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး (၃)ဂိုးစီတူညီသြားၿပီျဖစ္ပါတယ္။
ဗီလာရီးယဲလ္နဲ႔ပြဲမွာ စီေရာ္နယ္လ္ဒို မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့သလိုပဲ ေခ်ပဂိုးသြင္းယူခဲ့တဲ့ ေနာက္ခံလူတဲလက္စ္ဟာလည္း ယူႏိုက္တက္သမိုင္းတစ္ေလွ်ာက္ အသင္းအတြက္ဂိုးသြင္းယူခဲ့တဲ့ (၇)ဦးေျမာက္ဘရာဇီးလ္ကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။
ယူႏိုက္တက္အသင္းအတြက္ ကလီဘာဆင္၊ ရာေဖးလ္၊ အန္ဒါဆင္၊ ေဖဘီယို၊ ပါရဲရား၊ ဖရက္ဒ္တို႔က ဂိုးေတြသြင္းယူခဲ့ၿပီး အခု တဲလက္စ္ကလည္း ဗီလာရီးယဲလ္နဲ႔ပြဲမွာ ယူႏိုက္တက္ကစားသမားဘဝပထမဆုံးဂိုးသြင္းယူခဲ့လို႔ အခုစာရင္းထဲမွာတစ္ဦးအပါအဝင္အျဖစ္သတ္မွတ္ခံခဲ့ရတာပါ။