ဗီလာနဲ႔ပြဲတုန္းက ေလွာင္ေျပာင္ခံခဲ့ရတ့ဲဇာခါကို အာဆင္နယ္အသင္းေခါငး္ေဆာင္သစ္အျဖစ္ အမ္မရီခန္႔

photo-offside

photo-gettyimages

အာဆင္နယ္နည္းျပအမ္မရီဟာ အၿမဲတမ္းအသင္းေခါင္းေဆာင္သစ္အျဖစ္ ကြင္းလယ္လူဇာခါကို ခန္႔အပ္လိုက္ပါတယ္။ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ ေဘာ္ဒိုးကိုထြက္ခြာသြားတဲ့ အသင္းေခါင္းေဆာင္ေဟာင္းေကာ့စီရယ္နီေနရာ အစားထုိးလိုက္တဲ့သေဘာလည္း ျဖစ္ပါတယ္။ အမ္မရီဟာ ကစားသမားေတြနဲ႔ တိုင္ပင္ေဆြးေႏြးၿပီးတဲ့ေနာက္ ဖိအားေတြရွိေနတဲ့ အဲဒီဆြစ္ဇာလန္ကြငး္လယ္လူကို အသင္းေခါင္းေဆာင္ခန္႔ဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ကာ သူ႔ဆုံးျဖတ္ခ်က္ကို အသင္းသားေတြဆီ အသိေပးလုိက္ၿပီလည္း ျဖစ္ပါတယ္။

photo-reuters

ဒုတိယအသင္းေခါင္းေဆာင္အတြက္ေတာ့ အမ္မရီဟာ စဥ္းစားေနဆဲျဖစ္ၿပီး အဲဒီေနရာအတြက္ တုိက္စစ္မႈးေတြျဖစ္ၾကတဲ့ အူဘာမီယန္နဲ႔လာကာဇက္တီတု႔ိ ေရပန္းစားေနၾကပါတယ္။ အသက္ ၂၇  ႏွစ္ရွိ ဆြစ္ဇာလန္လက္ေရြးစင္ဇာခါဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္ ၈ ပြဲမွာ ၆ ပြဲကို အာဆင္နယ္အသင္းေခါင္းေဆာင္အျဖစ္ ကစားခဲ့သူျဖစ္ပါတယ္။ ဒါေပမဲ့လည္း အခုရာသီမွာ သူ႔ရဲ႕စြမ္းေဆာင္မႈက နိမ့္က်ေနတဲ့အတြက္ အမ္မရီရဲ႕ဒီဆုံးျဖတ္ခ်က္ဟာ မွားႏုိင္တယ္ဆိုတဲ့ ေ၀ဖန္သုံးသပ္မႈေတြလည္း ထြက္ေပၚေနပါတယ္။

photo-gettyimages

ၿပီးခဲ့တဲ့အပတ္ အက္စ္တြန္ဗီလာနဲ႔ အိမ္ကြင္းအမ္းမရိတ္စ္က ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဇာခါဟာ လူစားလဲခံရေတာ့ အိမ္ရွင္ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈနဲ႔ႀကဳံေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း အမ္မရီဟာ ပြဲၿပီးေတာ့ ဇာခါကို ကာကြယ္ေျပာၾကားမႈ ျပဳလုပ္ေပးခဲ့ရပါတယ္။ အမ္မရီဟာ အာဆင္နယ္ကိုစေရာက္တဲ့ၿပီးခဲ့တဲ့ရာသီတုန္းက ကစားသမား ၅ ေယာက္က အသင္းကိုမွ်ေ၀ဦးေဆာင္တဲ့ပုံစံမ်ိဳးက်င့္သုံးခဲ့ေသးေပမယ့္ အဓိကကစားသမားေတြရဲ႕ထြက္ခြာမႈေၾကာင့္  အဲဒါဟာ ေနာက္ပိုင္းမွာ အဆင္မေျပခဲ့ပါဘူး။

[Unicode]

အာဆင်နယ်နည်းပြအမ်မရီဟာ အမြဲတမ်းအသင်းခေါင်းဆောင်သစ်အဖြစ် ကွင်းလယ်လူဇာခါကို ခန့်အပ်လိုက်ပါတယ်။ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ဘော်ဒိုးကိုထွက်ခွာသွားတဲ့ အသင်းခေါင်းဆောင်ဟောင်းကော့စီရယ်နီနေရာ အစားထိုးလိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။ အမ်မရီဟာ ကစားသမားတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတဲ့နောက် ဖိအားတွေရှိနေတဲ့ အဲဒီဆွစ်ဇာလန်ကွင်းလယ်လူကို အသင်းခေါင်းဆောင်ခန့်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကာ သူ့ဆုံးဖြတ်ချက်ကို အသင်းသားတွေဆီ အသိပေးလိုက်ပြီလည်း ဖြစ်ပါတယ်။

ဒုတိယအသင်းခေါင်းဆောင်အတွက်တော့ အမ်မရီဟာ စဉ်းစားနေဆဲဖြစ်ပြီး အဲဒီနေရာအတွက် တိုက်စစ်မှုးတွေဖြစ်ကြတဲ့ အူဘာမီယန်နဲ့လာကာဇက်တီတု့ိ ရေပန်းစားနေကြပါတယ်။ အသက် ၂၇  နှစ်ရှိ ဆွစ်ဇာလန်လက်ရွေးစင်ဇာခါဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ် ၈ ပွဲမှာ ၆ ပွဲကို အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုရာသီမှာ သူ့ရဲ့စွမ်းဆောင်မှုက နိမ့်ကျနေတဲ့အတွက် အမ်မရီရဲ့ဒီဆုံးဖြတ်ချက်ဟာ မှားနိုင်တယ်ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့အပတ် အက်စ်တွန်ဗီလာနဲ့ အိမ်ကွင်းအမ်းမရိတ်စ်က ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဇာခါဟာ လူစားလဲခံရတော့ အိမ်ရှင်ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း အမ်မရီဟာ ပွဲပြီးတော့ ဇာခါကို ကာကွယ်ပြောကြားမှု ပြုလုပ်ပေးခဲ့ရပါတယ်။ အမ်မရီဟာ အာဆင်နယ်ကိုစရောက်တဲ့ပြီးခဲ့တဲ့ရာသီတုန်းက ကစားသမား ၅ ယောက်က အသင်းကိုမျှဝေဦးဆောင်တဲ့ပုံစံမျိုးကျင့်သုံးခဲ့သေးပေမယ့် အဓိကကစားသမားတွေရဲ့ထွက်ခွာမှုကြောင့်  အဲဒါဟာ နောက်ပိုင်းမှာ အဆင်မပြေခဲ့ပါဘူး။