
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ ဗီလာကို (၃-၁)ဂိုးနဲ့အနိုင်ယူခဲ့ပြီး သူတို့ရဲ့မြို့ခံပြိုင်ဘက် မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံဖို့ မျှော်လင့်ချက်ကို နှောင့်နှေးအောင် လုပ်ပြနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ အဝေးကွင်းဆိုရင် ထုံးစံအတိုင်း ပြိုင်ဘက်ကို ဦးဆောင်ဂိုးပေးလေ့ရှိတဲ့အစဉ်အလာ ဆက်ထိန်းနိုင်ခဲ့ပြီး ဗီလာအသင်း တိုက်စစ်ကစားပုံ အကောင်းကြီးမဟုတ်တာတောင် ဂိုးပေးဖြစ်အောင်ပေးလိုက်ပါသေးတယ်။
လာမယ့်ရက်မှာ ပရီးမီးယားလိဂ်ပွဲတွေ ဆက်တိုက်ကစားရဖို့ရှိတာကြောင့် လူအပြောင်းအလဲလုပ်ဖို့ရှိတယ်လို့ သတင်းလွှင့်ခဲ့ပေမယ့် ဆိုးလ်ရှားဟာ
အခုပွဲမှာ အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးကြီးကာဗာနီကို လူစားဝင်အဖြစ်သာ အသုံးပြုခဲ့ပါတယ်။
ဥရောပဝင်ခွင့်မျှော်လင့်စရာလည်းမရှိ၊ တန်းဆင်းဖို့လည်းမရှိတော့တာကြောင့် ဗီလာတို့ ဒီပွဲကို ပုံမှန်အတိုင်းလေးပဲ ကစားခဲ့ပြီး ယူနိုက်တက်အသင်းကတော့ ပွဲချိန်အစောပိုင်းမှာ ပွဲထိန်းရုံလောက်သာ ကစားနေလို့ အခွင့်အရေးသိပ်မရခဲ့ဘူး။
ဒါပေမဲ့ (၂၄)မိနစ်မှာ ဘာထရန်ထရာအိုရေးက ဘယ်ခြမ်းကနေ ထိုးဖောက်ပြီး အသင်းအတွက် ဦးဆောင်ဂိုးကို လှလှပပကန်သွင်းခဲ့ပြီးနောက်ပိုင်းမှာတော့ ယူနိုက်တက်အသင်း ပွဲကို အာရုံစူးစိုက်မှုအပြည့်နဲ့ပြန်ကစားခဲ့တယ်။
ထရာအိုရေးဟာ ပထမအကျော့တုန်းကလည်း အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးသွင်းခဲ့တာကြောင့် ဗီလာတိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ ဂျိုအာချင် (၁၉၉၈-၉၉)၊ ဘန်တီကီ (၂၀၁၄-၁၅)တို့နောက်ပိုင်း ယူနိုက်တက်အသင်းကို အိမ်ကွင်း၊အဝေးကွင်း နှစ်ကျော့စလုံးဂိုးသွင်းခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။
ဂိုးပေးလိုက်ရပြီးမှ ယူနိုက်တက်ကစားပုံအသက်ဝင်လာပြီး ဗီလာဘက်ကို ထိုးဖောက်မှုတွေလုပ်ခဲ့ပေမယ့် ဗီလာအသင်းခံစစ်ပုံကောင်းနေလို့ အရာမထင်ခဲ့ဘူး။
ယူနိုက်တက်အသင်းက အဝေးကွင်းမှာ ဂိုးစပေးပြီးရင် ငါတို့နိုင်ပြီလို့ ယူဆထားသလားလို့တောင်ထင်ရပြီး ချေပဂိုးရဖို့အလောတကြီးကစားတာမျိုး မဟုတ်ဘဲ ကစားကွက်ဆင်ပြီးမှ ထိုးဖောက်ခဲ့တာကိုလည်းတွေ့ရတယ်။
ယူနိုက်တက်ရဲ့ ဖိအားပေးမှုကြောင့် အမှားများလာတဲ့ ဗီလာခံစစ်က (၅၂)မိနစ်မှာ ပယ်နယ်တီပေးခဲ့ရပါတယ်။
ပေ့ါဘာကို ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်စ်လူးဝစ်ဇ် ပယ်နယ်တီဧရိယာထဲမှာ မလိုအပ်ဘဲ Foul လုပ်ခဲ့တာကြောင့်ပေးခဲ့ရတာပါပဲ။
ပေ့ါဘာဟာ ပယ်နယ်တီရဖို့ ပရိယာယ်ဆင်ခဲ့ပြီး အဲဒီအကွက်ထဲကို ဒေါက်ဂလပ်စ်လူးဝစ်ဇ် ဆိုက်ဆိုက်မြိုက်မြိုက် ဝင်သွားခဲ့တယ်လို့လည်းပြောရမယ်။
ဒီပယ်နယ်တီကိုတော့ ပယ်နယ်တီဆရာကြီးဘရူနိုဖာနန်ဒက်စ်က အမှားအယွင်းမရှိကန်သွင်းခဲ့ပြီး ဒီရာသီပြိုင်ပွဲစုံ (၂၇)ဂိုးမြောက်အဖြစ်သွင်းယူခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ယူနိုက်တက်အသင်း ဘယ်အချိန်ဒုတိယဂိုးသွင်းမလဲဆိုတာပဲ စောင့်ကြည့်ရုံသာရှိတော့ပြီး (၄)မိနစ်အကြာမှာ
ဝမ်ဘစ်ဆာကာပို့ပေးလိုက်တဲ့ ဘောလုံးကို ဗီလာနောက်ခံလူ တိုင်ရွန်မင်းက လူကပ်ထားပေမယ့် ဂရင်းဝုဒ်က လှည့်ထွက်ပြီး
ဂိုးသမားမာတီနက်ဇ် မမှီတဲ့ ထောင့်ကျဉ်းထဲကို ဘယ်ခြေနဲ့ ကန်သွင်းယူခဲ့ကာ ဦးဆောင်ဂိုးကို ပါးပါးနပ်နပ်နဲ့ ယူခဲ့လိုက်ပါတယ်။
အဲဒီနောက်ပိုင်း ဗီလာအသင်း (၄-၂-၄)ကစားကွက်နဲ့ တိုက်စစ်ဖွင့်ကစားလာလို့ ယူနိုက်တက်ခံစစ်အလုပ်ရှုပ်ခဲ့ရပေမယ့် လူစားဝင်လာတဲ့ ကာဗာနီက
(၈၇)မိနစ်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ ပေးပို့မှုကနေ ခေါင်းတိုက်သွင်းယူခဲ့ပြီးနောက်မှာတော့ ပွဲက ယူနိုက်တက်အသင်းအတွက်နိုင်ပွဲသေချာစေတဲ့ အဖြေထွက်ခဲ့ပါတယ်။
ယူနိုက်တက်အသင်း ဒီပွဲမှာအနိုင်ရခဲ့ပေမယ့် နောက်ခံလူမက်ဂွိုင်းယား ဒဏ်ရာရရှိခဲ့တာက အသင်းအတွက် ထိုးနှက်ချက်တစ်ခုတော့ဖြစ်ခဲ့ရတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဗီလာနဲ႔ပြဲမွာ အႏိုင္ယူၿပီး မန္စီးတီးအသင္းကို ခ်န္ပီယံအျဖစ္ေအာင္ပြဲခံခြင့္မေပးေသးတဲ့ ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အေဝးကြင္းမွာ ဗီလာကို (၃-၁)ဂိုးနဲ႔အႏိုင္ယူခဲ့ၿပီး သူတို႔ရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္း ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံဖို႔ ေမွ်ာ္လင့္ခ်က္ကို ေႏွာင့္ေႏွးေအာင္ လုပ္ျပႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာ ယူႏိုက္တက္အသင္းဟာ အေဝးကြင္းဆိုရင္ ထုံးစံအတိုင္း ၿပိဳင္ဘက္ကို ဦးေဆာင္ဂိုးေပးေလ့ရွိတဲ့အစဥ္အလာ ဆက္ထိန္းႏိုင္ခဲ့ၿပီး ဗီလာအသင္း တိုက္စစ္ကစားပုံ အေကာင္းႀကီးမဟုတ္တာေတာင္ ဂိုးေပးျဖစ္ေအာင္ေပးလိုက္ပါေသးတယ္။
လာမယ့္ရက္မွာ ပရီးမီးယားလိဂ္ပြဲေတြ ဆက္တိုက္ကစားရဖို႔ရွိတာေၾကာင့္ လူအေျပာင္းအလဲလုပ္ဖို႔ရွိတယ္လို႔ သတင္းလႊင့္ခဲ့ေပမယ့္ ဆိုးလ္ရွားဟာ အခုပြဲမွာေတာ့ အဓိက ကစားသမားအစုံအလင္နဲ႔ ပြဲထြက္ခဲ့ၿပီး ေျခစြမ္းျပေနတဲ့ တိုက္စစ္မႉးႀကီးကာဗာနီကို လူစားဝင္အျဖစ္သာ အသုံးျပဳခဲ့ပါတယ္။ ဥေရာပဝင္ခြင့္ေမွ်ာ္လင့္စရာလည္းမရွိ၊ တန္းဆင္းဖို႔လည္းမရွိေတာ့တာေၾကာင့္ ဗီလာတို႔ ဒီပြဲကို ပုံမွန္အတိုင္းေလးပဲ ကစားခဲ့ၿပီး ယူႏိုက္တက္အသင္းကေတာ့ ပြဲခ်ိန္အေစာပိုင္းမွာ ပြဲထိန္း႐ုံေလာက္သာ ကစားေနလို႔ အခြင့္အေရးသိပ္မရခဲ့ဘူး။
ဒါေပမဲ့ (၂၄)မိနစ္မွာ ဘာထရန္ထရာအိုေရးက ဘယ္ျခမ္းကေန ထိုးေဖာက္ၿပီး အသင္းအတြက္ ဦးေဆာင္ဂိုးကို လွလွပပကန္သြင္းခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္အသင္း ပြဲကို အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ျပန္ကစားခဲ့တယ္။
ထရာအိုေရးဟာ ပထမအေက်ာ့တုန္းကလည္း အိုးလ္ထရက္ဖို႔ဒ္မွာ ဂိုးသြင္းခဲ့တာေၾကာင့္ ဗီလာတိုက္စစ္မႉးေဟာင္းေတြျဖစ္တဲ့ ဂ်ိဳအာခ်င္ (၁၉၉၈-၉၉)၊ ဘန္တီကီ (၂၀၁၄-၁၅)တို႔ေနာက္ပိုင္း ယူႏိုက္တက္အသင္းကို အိမ္ကြင္း၊အေဝးကြင္း ႏွစ္ေက်ာ့စလုံးဂိုးသြင္းခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။
ဂိုးေပးလိုက္ရၿပီးမွ ယူႏိုက္တက္ကစားပုံအသက္ဝင္လာၿပီး ဗီလာဘက္ကို ထိုးေဖာက္မႈေတြလုပ္ခဲ့ေပမယ့္ ဗီလာအသင္းခံစစ္ပုံေကာင္းေနလို႔ အရာမထင္ခဲ့ဘူး။ ယူႏိုက္တက္အသင္းက အေဝးကြင္းမွာ ဂိုးစေပးၿပီးရင္ ငါတို႔ႏိုင္ၿပီလို႔ ယူဆထားသလားလို႔ေတာင္ထင္ရၿပီး ေခ်ပဂိုးရဖို႔အေလာတႀကီးကစားတာမ်ိဳး မဟုတ္ဘဲ ကစားကြက္ဆင္ၿပီးမွ ထိုးေဖာက္ခဲ့တာကိုလည္းေတြ႕ရတယ္။ ယူႏိုက္တက္ရဲ႕ ဖိအားေပးမႈေၾကာင့္ အမွားမ်ားလာတဲ့ ဗီလာခံစစ္က (၅၂)မိနစ္မွာ ပယ္နယ္တီေပးခဲ့ရပါတယ္။ ေပ့ါဘာကို ဗီလာကြင္းလယ္လူ ေဒါက္ဂလပ္စ္လူးဝစ္ဇ္ ပယ္နယ္တီဧရိယာထဲမွာ မလိုအပ္ဘဲ Foul လုပ္ခဲ့တာေၾကာင့္ေပးခဲ့ရတာပါပဲ။
ေပ့ါဘာဟာ ပယ္နယ္တီရဖို႔ ပရိယာယ္ဆင္ခဲ့ၿပီး အဲဒီအကြက္ထဲကို ေဒါက္ဂလပ္စ္လူးဝစ္ဇ္ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ဝင္သြားခဲ့တယ္လို႔လည္းေျပာရမယ္။ ဒီပယ္နယ္တီကိုေတာ့ ပယ္နယ္တီဆရာႀကီးဘ႐ူႏိုဖာနန္ဒက္စ္က အမွားအယြင္းမရွိကန္သြင္းခဲ့ၿပီး ဒီရာသီၿပိဳင္ပြဲစုံ (၂၇)ဂိုးေျမာက္အျဖစ္သြင္းယူခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ယူႏိုက္တက္အသင္း ဘယ္အခ်ိန္ဒုတိယဂိုးသြင္းမလဲဆိုတာပဲ ေစာင့္ၾကည့္႐ုံသာရွိေတာ့ၿပီး (၄)မိနစ္အၾကာမွာ ဝမ္ဘစ္ဆာကာပို႕ေပးလိုက္တဲ့ ေဘာလံုးကို ဗီလာေနာက္ခံလူ တိုင္႐ြန္မင္းက လူကပ္ထားေပမယ့္ ဂရင္းဝုဒ္က လွည့္ထြက္ၿပီး ဂိုးသမားမာတီနက္ဇ္ မမွီတဲ့ ေထာင့္က်ဥ္းထဲကို ဘယ္ေျခနဲ႔ ကန္သြင္းယူခဲ့ကာ ဦးေဆာင္ဂိုးကို ပါးပါးနပ္နပ္နဲ႔ ယူခဲ့လိုက္ပါတယ္။
အဲဒီေနာက္ပိုင္း ဗီလာအသင္း (၄-၂-၄)ကစားကြက္နဲ႔ တိုက္စစ္ဖြင့္ကစားလာလို႔ ယူႏိုက္တက္ခံစစ္အလုပ္ရႈပ္ခဲ့ရေပမယ့္ လူစားဝင္လာတဲ့ ကာဗာနီက (၈၇)မိနစ္မွာ ရပ္ရွ္ဖို႔ဒ္ရဲ႕ ေပးပို႔မႈကေန ေခါင္းတိုက္သြင္းယူခဲ့ၿပီးေနာက္မွာေတာ့ ပြဲက ယူႏိုက္တက္အသင္းအတြက္ႏိုင္ပြဲေသခ်ာေစတဲ့ အေျဖထြက္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္း ဒီပြဲမွာအႏိုင္ရခဲ့ေပမယ့္ ေနာက္ခံလူမက္ဂြိဳင္းယား ဒဏ္ရာရရွိခဲ့တာက အသင္းအတြက္ ထိုးႏွက္ခ်က္တစ္ခုေတာ့ျဖစ္ခဲ့ရတယ္။