ဗီလာနည်းပြအဖြစ်နဲ့ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာတဲ့ စတီဗင်ဂျရတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူး ဂန္ထဝင်ကွင်းလယ်လူ စတီဗင်ဂျရတ်ဟာ ဗီလာနည်းပြအဖြစ်နဲ့ ပရီးမီးယားလိဂ်ကိုပြန်လည်ခြေချရောက်ရှိလာပါပြီ။

အသက် ၄၁နှစ်ရှိဂျရတ်ကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ခဲ့ပြီဆိုတာကို ဗီလာက ဒီကနေ့ (ကြာသပတေး) တရား ဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

ဂျရတ်ဟာ ၅ပွဲဆက်ရှုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့နိုဝင် ဘာ ၇ရက်နေ့ကထုတ်ပယ်ခံခဲ့ရတဲ့ ဒင်းစမစ်နေရာမှာ အစားထိုးတာဝန်ယူရမှာဖြစ်ပါတယ်။

ဗီလာအနေနဲ့ ဂျရတ်ကိုခန့်အပ်နိုင်ရေးအတွက် ရိန်းဂျားစ်အသင်းကို နစ်နာကြေး ပေါင် ၂.၅သန်းပေးခဲ့ရပါတယ်။

ဂျရတ်ဟာ ဗီလာနဲ့ ၂၀၂၅ ဇွန် ၃၀အထိသက်တမ်းရှိတဲ့ ၃နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာပါ။

စာချုပ်ချုပ်ဆိုအပြီးမှာ ဂျရတ်က ” ဗီလာဟာ ကြွယ်ဝပြည့်စုံတဲ့သမိုင်းကြောင်းရှိသလို အင်္ဂလိပ်ဘော လုံးလောကမှာ အစဉ်အလာရှိတဲ့အသင်းလည်းဖြစ်ပါတယ်။

နည်းပြချုပ်အဖြစ်ခန့်အပ်ခံရတဲ့အတွက် ဂုဏ်ယူမိသလို အသင်းရဲ့ရည်မှန်းချက်တွေ ထမြောက်အောင်မြင်ဖို့အတွက်လည်း အစွမ်းကုန်ကူညီသွားမှာပါ ” လို့ အသင်းဝက်ဘ်ဆိုက်မှာပြောခဲ့ပါတယ်။

ဂျရတ်ဟာ ကစားသမားဘဝက အနားယူအပြီး ၂နှစ်အကြာ ၂၀၁၈ မှာပဲ ရိန်းဂျားစ်ကိုစတင်ကိုင်တွယ်ခဲ့တာပါ။

နည်းပြဘ၀ပထမဆုံးအတွေ့အကြုံဖြစ်ပေ မယ့် တည်ငြိမ်မှုအပြည့်နဲ့ကိုင်တွယ်နိုင်ခဲ့သလို ဆဲလ်တစ်အသင်းရဲ့ကာလရှည်လွှမ်းမိုးမှုကိုအဆုံးသတ်ပြီး ပြီးခဲ့တဲ့ရာသီ စကော့တစ်ရှ်ပရီးမီးယားရှစ်ချန်ပီယံဖြစ်အောင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ရိန်းဂျားစ်ပရိသတ်တွေကတော့ အသင်းကို ဂျရတ်စွန့်ခွာသွားတဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်။

ဂျရတ်ရဲ့ အန္တိမရည်မှန်းချက်က အသင်းဟောင်းလီဗာပူးကို နည်းပြအဖြစ်နဲ့ပြန် လာခွင့်ရဖို့ပါ။

အန်ဖီးလ်ကိုပြန်လာပြီး ကလော့ပ်ရဲ့နေရာကိုမဆက်ခံခင် ဗီလာ မှာ အတွေ့အကြုံရှာ၊ ပညာစုံအောင် ကြိုးစားရဦးမှာဖြစ်ပါတယ်။

နိုင်ငံတကာရက်သတ္တပတ်အပြီး လာမယ့်နိုဝင်ဘာ ၂၀ မှာ ဘရိုက်တန်ကိုဧည့်ခံရမယ့်ပွဲက ဂျရတ်ရဲ့ ဗီလာနည်းပြဘဝပွဲဦးထွက်ဖြစ်ပါတယ်။

ဂျရတ်ဟာ လာမယ့်ဒီဇင်ဘာ ၁၁မှာတော့ အသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး ၂၀၁၅ မှာ လီဗာပူးနဲ့လမ်းခွဲပြီးနောက်ပိုင်း အန်ဖီးလ်ကွင်းကို ပထမဆုံးအကြိမ်ပြန်လာရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဗီလာနည္းျပအျဖစ္နဲ႔ ပရီးမီးယားလိဂ္ကို ျပန္ေရာက္လာတဲ့ စတီဗင္ဂ်ရတ္

လီဗာပူး ဂႏၴဝင္ကြင္းလယ္လူ စတီဗင္ဂ်ရတ္ဟာ ဗီလာနည္းျပအျဖစ္နဲ႔ ပရီးမီးယားလိဂ္ကိုျပန္လည္ေျခခ်ေရာက္ရွိလာပါၿပီ။ အသက္ ၄၁ႏွစ္ရွိဂ်ရတ္ကို နည္းျပသစ္အျဖစ္ခန႔္အပ္ႏိုင္ခဲ့ၿပီဆိုတာကို ဗီလာက ဒီကေန႔ (ၾကာသပေတး) တရား ဝင္ေၾကညာခဲ့တာျဖစ္ပါတယ္။

ဂ်ရတ္ဟာ ၅ပြဲဆက္ရႈံးခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ႏိုဝင္ ဘာ ၇ရက္ေန႔ကထုတ္ပယ္ခံခဲ့ရတဲ့ ဒင္းစမစ္ေနရာမွာ အစားထိုးတာဝန္ယူရမွာျဖစ္ပါတယ္။ ဗီလာအေနနဲ႔ ဂ်ရတ္ကိုခန႔္အပ္ႏိုင္ေရးအတြက္ ရိန္းဂ်ားစ္အသင္းကို နစ္နာေၾကး ေပါင္ ၂.၅သန္းေပးခဲ့ရပါတယ္။

ဂ်ရတ္ဟာ ဗီလာနဲ႔ ၂၀၂၅ ဇြန္ ၃၀အထိသက္တမ္းရွိတဲ့ ၃ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။ စာခ်ဳပ္ခ်ဳပ္ဆိုအၿပီးမွာ ဂ်ရတ္က ” ဗီလာဟာ ႂကြယ္ဝျပည့္စုံတဲ့သမိုင္းေၾကာင္းရွိသလို အဂၤလိပ္ေဘာ လုံးေလာကမွာ အစဥ္အလာရွိတဲ့အသင္းလည္းျဖစ္ပါတယ္။

နည္းျပခ်ဳပ္အျဖစ္ခန႔္အပ္ခံရတဲ့အတြက္ ဂုဏ္ယူမိသလို အသင္းရဲ႕ရည္မွန္းခ်က္ေတြ ထေျမာက္ေအာင္ျမင္ဖို႔အတြက္လည္း အစြမ္းကုန္ကူညီသြားမွာပါ ” လို႔ အသင္းဝက္ဘ္ဆိုက္မွာေျပာခဲ့ပါတယ္။

ဂ်ရတ္ဟာ ကစားသမားဘဝက အနားယူအၿပီး ၂ႏွစ္အၾကာ ၂၀၁၈ မွာပဲ ရိန္းဂ်ားစ္ကိုစတင္ကိုင္တြယ္ခဲ့တာပါ။ နည္းျပဘ၀ပထမဆုံးအေတြ႕အႀကဳံျဖစ္ေပ မယ့္ တည္ၿငိမ္မႈအျပည့္နဲ႔ကိုင္တြယ္ႏိုင္ခဲ့သလို ဆဲလ္တစ္အသင္းရဲ႕ကာလရွည္လႊမ္းမိုးမႈကိုအဆုံးသတ္ၿပီး ၿပီးခဲ့တဲ့ရာသီ စေကာ့တစ္ရွ္ပရီးမီးယားရွစ္ခ်န္ပီယံျဖစ္ေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ရိန္းဂ်ားစ္ပရိသတ္ေတြကေတာ့ အသင္းကို ဂ်ရတ္စြန႔္ခြာသြားတဲ့အတြက္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနၾကပါတယ္။

ဂ်ရတ္ရဲ႕ အႏၲိမရည္မွန္းခ်က္က အသင္းေဟာင္းလီဗာပူးကို နည္းျပအျဖစ္နဲ႔ျပန္ လာခြင့္ရဖို႔ပါ။ အန္ဖီးလ္ကိုျပန္လာၿပီး ကေလာ့ပ္ရဲ႕ေနရာကိုမဆက္ခံခင္ ဗီလာ မွာ အေတြ႕အႀကဳံရွာ၊ ပညာစုံေအာင္ ႀကိဳးစားရဦးမွာျဖစ္ပါတယ္။

ႏိုင္ငံတကာရက္သတၱပတ္အၿပီး လာမယ့္ႏိုဝင္ဘာ ၂၀ မွာ ဘ႐ိုက္တန္ကိုဧည့္ခံရမယ့္ပြဲက ဂ်ရတ္ရဲ႕ ဗီလာနည္းျပဘဝပြဲဦးထြက္ျဖစ္ပါတယ္။ ဂ်ရတ္ဟာ လာမယ့္ဒီဇင္ဘာ ၁၁မွာေတာ့ အသင္းေဟာင္းနဲ႔ျပန္လည္ရင္ဆိုင္ရမွာျဖစ္ၿပီး ၂၀၁၅ မွာ လီဗာပူးနဲ႔လမ္းခြဲၿပီးေနာက္ပိုင္း အန္ဖီးလ္ကြင္းကို ပထမဆုံးအႀကိမ္ျပန္လာရမွာျဖစ္ပါတယ္။