ဗီလာဂျာစီပေါ်က ဂရီးလစ်ရှ်နာမည်ကို တိပ်နဲ့ကပ်ပြီးတော့ဝတ်ဆင်အားပေးခဲ့တဲ့ ပရိသတ် အွန်လိုင်းပေါ်မှာ Hit ဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်စတွန်ဗီလာပရိသတ်တစ်ဦးဟာ သူတို့အသင်းနာမည်ကျော်ကစားသမားဟောင်းဂရီးလစ်ရှ်ဝတ်ဆင်ခဲ့တဲ့ နံပါတ်(၁၀)ဂျာစီပေါ်မှာ ဂရီးလစ်ရှ်ရဲ့နာမည်ကို တိပ်နဲ့ဖုံးပြီးတော့ ဝတ်ဆင်အားပေးခဲ့တာကြောင့် သူ့ရဲ့ထူးထူးခြားခြားလုပ်ရပ်က လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပွဲကျစရာဖြစ်ခဲ့ရပါတယ်။

အဲဒီ အက်စတွန်ဗီလာပရိသတ်က နယူးကာဆယ်ကို (၂-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လာရောက်ကြည့်ရှုအားပေးခဲ့တာဖြစ်ပြီး နံပါတ်(၁၀)ဂျာစီပေါ်မှာ ဂရီးလစ်ရှ်ရဲ့နာမည်ကို တိပ်နဲ့ကပ်ထားတာကြောင့် ဒီအဖြစ်အပျက်ကို သတိပြုမိခဲ့တဲ့တခြားပရိသတ်တစ်ဦး ဓာတ်ပုံရိုက်ပြီးတော့ အွန်လိုင်းပေါ်မှာ ‘ဖွ’ခဲ့တာပါ။

အဲဒီဓာတ်ပုံကို လူမှုကွန်ရက်စာမျက်နှာတွေမှာ Share တဲ့သူ တော်တော်များများရှိနေပြီး တချို့ကတော့ ဒီပရိသတ်ရဲ့ ကြံကြံဖန်ဖန်စဉ်းစားနိုင်တဲ့ ဉာဏ်စွမ်းကို ချီူးကျူးခဲ့ကြပါတယ်။

အက်စတွန်ဗီလာအသင်းရဲ့ အချစ်တော်ကစားသမားတစ်ဦးဖြစ်သလို အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ဂရီးလစ်ရှ်ဟာ အခုနွေရာသီကာလအတွင်း မန်စီးတီးအသင်းဆီ

ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း(၁၀၀)နဲ့ပြောင်းရွှေ့သွားပြီဖြစ်တာကြောင့် အခု အက်စတွန်ဗီလာပရိသတ်က ဂရီးလစ်ရှ်နဲ့နာမည်ကို တိပ်နဲ့ကပ်ပြီးတော့ နံပါတ်(၁၀)ဂျာစီဝတ်ဆင်အားပေးခဲ့တာပါပဲ။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂရီးလစ်ရှ်ဟာ ငယ်ငယ်ကတည်းက အက်စတွန်ဗီလာအသင်းရဲ့ပရိသတ်တစ်ဦးဖြစ်တဲ့အပြင် အသင်းအကယ်ဒမီကနေထွက်ပေါ်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက်(၈)နှစ်ကြာကစားခဲ့သူဖြစ်ပါတယ်။

မန်စီးတီးကစားသမားဘဝအစ လက်စတာနဲ့ကွန်မြူနတီဒိုင်း၊ စပါးအသင်းနဲ့ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွေမှာ ဂရီးလစ်ရှ် နှစ်ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် မနေ့က နောဝစ်ချ်နဲ့ကစားခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်း(၅)ဂိုးပြတ်အနိုင်ရခဲ့ပြီး ဂရီးလစ်ရှ်ကလည်း အသင်းသစ်အတွက် ပထမဆုံးဂိုးသွင်းယူခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းကလည်း အသင်းရဲ့အဓိက,ကစားသမားဂရီးလစ်ရှ်မရှိတော့ပေမယ့် နယူးကာဆယ်ကို တိုက်စစ်မှူးသစ်ဖြစ်တဲ့ဒန်နီအင့်စ်၊ အယ်လ်ဂါဇီရဲ့ပယ်နယ်တီဂိုးတွေနဲ့ အိမ်ကွင်းမှာ ဒီရာသီပရီးမီးယားလိဂ်ပထမဆုံးနိုင်ပွဲ စတင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဗီလာဂ်ာစီေပၚက ဂရီးလစ္ရွ္နာမည္ကို တိပ္နဲ႔ကပ္ၿပီးေတာ့ဝတ္ဆင္အားေပးခဲ့တဲ့ ပရိသတ္ အြန္လိုင္းေပၚမွာ Hit ျဖစ္ေန

အက္စတြန္ဗီလာပရိသတ္တစ္ဦးဟာ သူတို႔အသင္းနာမည္ေက်ာ္ကစားသမားေဟာင္းဂရီးလစ္ရွ္ဝတ္ဆင္ခဲ့တဲ့ နံပါတ္(၁၀)ဂ်ာစီေပၚမွာ ဂရီးလစ္ရွ္ရဲ႕နာမည္ကို တိပ္နဲ႔ဖုံးၿပီးေတာ့ ဝတ္ဆင္အားေပးခဲ့တာေၾကာင့္ သူ႔ရဲ႕ထူးထူးျခားျခားလုပ္ရပ္က လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ပြဲက်စရာျဖစ္ခဲ့ရပါတယ္။ အဲဒီ အက္စတြန္ဗီလာပရိသတ္က နယူးကာဆယ္ကို (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ လာေရာက္ၾကည့္ရႈအားေပးခဲ့တာျဖစ္ၿပီး နံပါတ္(၁၀)ဂ်ာစီေပၚမွာ ဂရီးလစ္ရွ္ရဲ႕နာမည္ကို တိပ္နဲ႔ကပ္ထားတာေၾကာင့္ ဒီအျဖစ္အပ်က္ကို သတိျပဳမိခဲ့တဲ့တျခားပရိသတ္တစ္ဦး ဓာတ္ပုံ႐ိုက္ၿပီးေတာ့ အြန္လိုင္းေပၚမွာ ‘ဖြ’ခဲ့တာပါ။

အဲဒီဓာတ္ပုံကို လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ Share တဲ့သူ ေတာ္ေတာ္မ်ားမ်ားရွိေနၿပီး တခ်ိဳ႕ကေတာ့ ဒီပရိသတ္ရဲ႕ ႀကံႀကံဖန္ဖန္စဥ္းစားႏိုင္တဲ့ ဉာဏ္စြမ္းကို ခ်ီဴးက်ဴးခဲ့ၾကပါတယ္။ အက္စတြန္ဗီလာအသင္းရဲ႕ အခ်စ္ေတာ္ကစားသမားတစ္ဦးျဖစ္သလို အသင္းေခါင္းေဆာင္လည္းျဖစ္တဲ့ဂရီးလစ္ရွ္ဟာ အခုေႏြရာသီကာလအတြင္း မန္စီးတီးအသင္းဆီ ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း(၁၀၀)နဲ႔ေျပာင္းေ႐ႊ႕သြားၿပီျဖစ္တာေၾကာင့္ အခု အက္စတြန္ဗီလာပရိသတ္က ဂရီးလစ္ရွ္နဲ႔နာမည္ကို တိပ္နဲ႔ကပ္ၿပီးေတာ့ နံပါတ္(၁၀)ဂ်ာစီဝတ္ဆင္အားေပးခဲ့တာပါပဲ။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂရီးလစ္ရွ္ဟာ ငယ္ငယ္ကတည္းက အက္စတြန္ဗီလာအသင္းရဲ႕ပရိသတ္တစ္ဦးျဖစ္တဲ့အျပင္ အသင္းအကယ္ဒမီကေနထြက္ေပၚခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းအတြက္(၈)ႏွစ္ၾကာကစားခဲ့သူျဖစ္ပါတယ္။ မန္စီးတီးကစားသမားဘဝအစ လက္စတာနဲ႔ကြန္ျမဴနတီဒိုင္း၊ စပါးအသင္းနဲ႔ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲေတြမွာ ဂရီးလစ္ရွ္ ႏွစ္ပြဲဆက္တိုက္ရႈံးပြဲႀကဳံေတြ႕ခဲ့ရေပမယ့္ မေန႔က ေနာဝစ္ခ်္နဲ႔ကစားခဲ့တဲ့ပြဲမွာ မန္စီးတီးအသင္း(၅)ဂိုးျပတ္အႏိုင္ရခဲ့ၿပီး ဂရီးလစ္ရွ္ကလည္း အသင္းသစ္အတြက္ ပထမဆုံးဂိုးသြင္းယူခဲ့ပါတယ္။ အက္စတြန္ဗီလာအသင္းကလည္း အသင္းရဲ႕အဓိက,ကစားသမားဂရီးလစ္ရွ္မရွိေတာ့ေပမယ့္ နယူးကာဆယ္ကို တိုက္စစ္မႉးသစ္ျဖစ္တဲ့ဒန္နီအင့္စ္၊ အယ္လ္ဂါဇီရဲ႕ပယ္နယ္တီဂိုးေတြနဲ႔ အိမ္ကြင္းမွာ ဒီရာသီပရီးမီးယားလိဂ္ပထမဆုံးႏိုင္ပြဲ စတင္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။