ဗီယက္နမ္ၾကယ္ပြင့္ေၾကာင့္ Like အဆမတန္တိုးသြားတဲ့ ဟီရန္ဗင္းရဲ႕ေဖ့ဘုတ္စာမ်က္ႏွာ

photo-foxsportasia

photo-gettyimages

ဗီယက္နမ္ၾကယ္ပြင့္ကစားတစ္ဦးျဖစ္တဲ့ ဒုန္ဗန္ေဟာင္ကို အငွားေခၚယူလိုက္ၿပီးတဲ့ေနာက္ နယ္သာလန္ကလပ္ဟီရန္ဗင္းရဲ႕ Facebook Page မွာ ပရိသတ္အေရအတြက္ဟာ အဆမတန္တိုးပြားသြားပါတယ္။ နယ္သာလန္ရဲ႕အျမင့္ဆုံးလိဂ္မွာ အဆင့္ ၁၀ ေနရာက ရပ္တည္ေနတဲ့ဟီရန္ဗင္းဟာ ဒီီအပတ္ထဲမွာပဲ ဗီယက္နမ္ခ်န္ပီယံဟႏြိဳင္းအက္ဖ္စီကေန ဗီယက္နမ္လက္ေရြးစင္ဘယ္ေနာက္ခံလူဒုန္ဗန္ေဟာင္ကို တစ္ႏွစ္အငွားနဲ႔ ေခၚယူလိုက္တာ ျဖစ္ပါတယ္။

photo-gettyimages

ဗဟိုခံစစ္မွာလည္း ကစားႏိုင္တဲ့ ဒုန္ဗန္ေဟာင္ဟာ ဟီရန္ဗင္းနဲ႔အေျပာင္းအေရႊ႕ေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအတြက္ စခန္းသြင္းေလ့က်င့္ေနတဲ့ဗီယက္နမ္အသင္းကေန ေခတၱထြက္ခြာၿပီး နယ္သာလန္ကိုသြားေရာက္ခဲ့ကာ ေဆးစစ္မႈ၊မီဒီယာနဲ႔မိတ္ဆက္မႈေတြျပဳလုပ္ခဲ့ပါတယ္။ သူ႔ကိုမိတ္ဆက္တဲ့ သတင္းစာရွင္းလင္းပြဲကိုလည္း ဟီရန္ဗင္းရဲ႕ေဖ့ဘုတ္စာမ်က္ႏွာကေန Live လႊင့္ခဲ့ပါတယ္။ အဲဒီကအခ်ိန္ကတည္းက ဗီယက္နမ္ပရိသတ္အမ်ားအျပားရဲ႕အားေပးမႈေၾကာင့္ ဟီရန္ဗင္းအသင္း Facebook Page ကို Like လုပ္သူအေရအတြက္ဟာ အဆမတန္တိုးပြားသြားပါတယ္။

photo-power sport images

၃ ရက္တည္းနဲ႔တင္ Page မွာ Like အသစ္လုပ္သူ ၂၀၀၀၀၀ နီးပါးရွိခဲ့တာပါ။ ဟီရန္ဗင္းရဲ႕ေဖ့ဘုတ္စာမ်က္ႏွာကို ၂၀၀၉ ခုႏွစ္ ေမလကမွ ဖန္တီးခဲ့တာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၃၁ ရက္ေန႔အထိ Like လုပ္သူ ၇၀၀၀၀ ၀န္းက်င္သာ ရွိခဲ့တာပါ။ အခုေတာ့ ဟီရန္ဗင္းရဲ႕ေဖ့ဘုတ္စာမ်က္ႏွာမွာ Like လုပ္သူပရိသတ္အေရအတြက္ ၂၆၅၀၀၀ ရွိေနပါၿပီ။ အေရွ႕ေတာင္အာရွက ကစားသမားတစ္ေယာက္ဟာ နာမည္ႀကီးဥေရာပလိဂ္တစ္ခုမွာ သြားေရာက္ကစားႏိုင္ခြင့္ရေရးဟာ အခုခ်ိန္ထိ အိပ္မက္လိုပါပဲ။ မၾကာေသးခင္ႏွစ္ေတြထဲကဆုိ တစ္ေယာက္သာရွိေသးၿပီး သူကေတာ့ ကာဒစ္ဖ္နဲ႔အတူ ပရီးမီးယားလိဂ္မွာ ကစားဖူးတဲ့ ဖိလစ္ပိုင္ဂိုးသမားအီသာရစ္ပါ။ လက္ရွိမွာ အီသာရစ္က ဒဏ္ရာရေနသလို သူ႔ရဲ႕ကာဒစ္ဖ္ကလည္း ခ်န္ပီယံရွစ္ကို တန္းဆင္းသြားပါၿပီ။

[Unicode]

ဗီယက်နမ်ကြယ်ပွင့်ကစားတစ်ဦးဖြစ်တဲ့ ဒုန်ဗန်ဟောင်ကို အငှားခေါ်ယူလိုက်ပြီးတဲ့နောက် နယ်သာလန်ကလပ်ဟီရန်ဗင်းရဲ့ Facebook Page မှာ ပရိသတ်အရေအတွက်ဟာ အဆမတန်တိုးပွားသွားပါတယ်။ နယ်သာလန်ရဲ့အမြင့်ဆုံးလိဂ်မှာ အဆင့် ၁၀ နေရာက ရပ်တည်နေတဲ့ဟီရန်ဗင်းဟာ ဒီအပတ်ထဲမှာပဲ ဗီယက်နမ်ချန်ပီယံဟနွိုင်းအက်ဖ်စီကနေ ဗီယက်နမ်လက်ရွေးစင်ဘယ်နောက်ခံလူဒုန်ဗန်ဟောင်ကို တစ်နှစ်အငှားနဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

ဗဟိုခံစစ်မှာလည်း ကစားနိုင်တဲ့ ဒုန်ဗန်ဟောင်ဟာ ဟီရန်ဗင်းနဲ့အပြောင်းအရွှေ့ကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေတဲ့ဗီယက်နမ်အသင်းကနေ ခေတ္တထွက်ခွာပြီး နယ်သာလန်ကိုသွားရောက်ခဲ့ကာ ဆေးစစ်မှု၊မီဒီယာနဲ့မိတ်ဆက်မှုတွေပြုလုပ်ခဲ့ပါတယ်။ သူ့ကိုမိတ်ဆက်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ဟီရန်ဗင်းရဲ့ဖေ့ဘုတ်စာမျက်နှာကနေ Live လွှင့်ခဲ့ပါတယ်။ အဲဒီကအချိန်ကတည်းက ဗီယက်နမ်ပရိသတ်အများအပြားရဲ့အားပေးမှုကြောင့် ဟီရန်ဗင်းအသင်း Facebook Page ကို Like လုပ်သူအရေအတွက်ဟာ အဆမတန်တိုးပွားသွားပါတယ်။

၃ ရက်တည်းနဲ့တင် Page မှာ Like အသစ်လုပ်သူ ၂၀၀၀၀၀ နီးပါးရှိခဲ့တာပါ။ ဟီရန်ဗင်းရဲ့ဖေ့ဘုတ်စာမျက်နှာကို ၂၀၀၉ ခုနှစ် မေလကမှ ဖန်တီးခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ Like လုပ်သူ ၇၀၀၀၀ ဝန်းကျင်သာ ရှိခဲ့တာပါ။ အခုတော့ ဟီရန်ဗင်းရဲ့ဖေ့ဘုတ်စာမျက်နှာမှာ Like လုပ်သူပရိသတ်အရေအတွက် ၂၆၅၀၀၀ ရှိနေပါပြီ။ အရှေ့တောင်အာရှက ကစားသမားတစ်ယောက်ဟာ နာမည်ကြီးဥရောပလိဂ်တစ်ခုမှာ သွားရောက်ကစားနိုင်ခွင့်ရရေးဟာ အခုချိန်ထိ အိပ်မက်လိုပါပဲ။ မကြာသေးခင်နှစ်တွေထဲကဆို တစ်ယောက်သာရှိသေးပြီး သူကတော့ ကာဒစ်ဖ်နဲ့အတူ ပရီးမီးယားလိဂ်မှာ ကစားဖူးတဲ့ ဖိလစ်ပိုင်ဂိုးသမားအီသာရစ်ပါ။ လက်ရှိမှာ အီသာရစ်က ဒဏ်ရာရနေသလို သူ့ရဲ့ကာဒစ်ဖ်ကလည်း ချန်ပီယံရှစ်ကို တန်းဆင်းသွားပါပြီ။