
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာဟာ မောင့်ပယ်လီယာနဲ့ကစားခဲ့တဲ့ ပြင်သစ်ဖလားဆီမီးဖိုင်နယ်မှာ ပြသခံခဲ့ရတဲ့ အဝါကတ်ကြောင့် မိုနာကိုနဲ့ ကစားရမယ့် ဗိုလ်လုပွဲကို လွဲချော်ခဲ့ပြီဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူများကို ဝေဖန်ပြောဆိုထားပါတယ်။
မောင့်ပယ်လီယာနှင့် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲတွင် လူစားလဲ ကစားသမားအဖြစ် ဝင်ကစားပြီး ၄ မိနစ်အကြာ၌ နေမာ အဝါကတ်အပြခံခဲ့ရတာပါ။
ပြီးခဲ့တဲ့လက လေလီနှင့်ပွဲတွင် အထုတ်ခံရပြီးနောက် ၂ ပွဲပယ်ခံခဲ့ရတဲ့ နေမာဟာ အဝါကတ်ထပ်ရတာကြောင့် နောက်ထပ်တစ်ပွဲ ထပ်အပယ်ခံရတာပါ။
သူ့ကို ပွဲပယ်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြောင်း သတင်းတွေထွက်လာပြီးပြီးချင်းမှာပဲ နေမာက အင်စတာဂရမ်ကနေ ဒေါသတကြီးနဲ့ ရေးသားပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
နေမာက သူ့ရဲ့ အင်စတာဂရမ် Story မှာ ပေါ်တူဂီဘာသာစကားနဲ့ “အဲဒီအတွက်အကြောင်းအရင်းတွေကို ကျွန်တော်နားလည်ပေးချင်ပါတယ်။
ပြင်သစ်မှာ ကတ်အပြခံရတာကိုအရေးယူဖို့ပဲ ဂရုစိုက်နေတဲ့ သူတွေအပေါ်မှာပေါ့။ ဘာတွေလဲကွာ” လို့ ရေးသားခဲ့ပါတယ်။
နေမာဟာ မောင့်ပယ်လီယာနှင့်ပွဲမှာ တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင်ကိုလည်း“မောင့်ပယ်လီယာနဲ့ပွဲမှာ ကျွန်တော် ၅ မိနစ်လောက်ကစားပြီး ပြစ်ဒဏ်တစ်ကြိမ် ကျူးလွန်မိပါတယ်။
သူ စဉ်းတောင်မစဉ်းစားဘဲ ကျွန်တော့်ကို အဝါကတ်ပြလိုက်တယ်။ ဗိုလ်လုပွဲကစားခွင့် ပိတ်ပင်ခံရတဲ့အတွက် ကွင်းလယ်ဒိုင်ကို ကျေးဇူးတင်တယ်။
ဒါဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတစ်ခုပါပဲ”လို့ ပြောထားပါတယ်။
နေမာဟာ ပြီးခဲ့တဲ့တစ်ပတ်က ပီအက်စ်ဂျီအသင်းနှင့် ၄ နှစ်စာချုပ် သက်တမ်းတိုးခဲ့ကာ၊ ယခုနှစ်ဘောလုံးရာသီတွင် နေမာဟာ ပီအက်စ်ဂျီအတွက် ၂၉ ပွဲကစားပြီး ၁၆ ဂိုး သွင်းယူခဲ့ပါတယ်။
Zawgyi
ဗိုလ္လုပြဲနဲ႔ လြဲေအာင္ ဒိုင္ကရည္႐ြယ္ခ်က္နဲ႔ လုပ္တာဆိုၿပီး ေနမာေျပာဆို
ပီအက္စ္ဂ်ီအသင္းတိုက္စစ္မႉးေနမာဟာ ေမာင့္ပယ္လီယာနဲ႔ကစားခဲ့တဲ့ ျပင္သစ္ဖလားဆီမီးဖိုင္နယ္မွာ ျပသခံခဲ့ရတဲ့ အဝါကတ္ေၾကာင့္ မိုနာကိုနဲ႔ ကစားရမယ့္ ဗိုလ္လုပြဲကို လြဲေခ်ာ္ခဲ့ၿပီျဖစ္ပါတယ္။
အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး ပီအက္စ္ဂ်ီတိုက္စစ္မႉး ေနမာက ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္က တာဝန္ရွိသူမ်ားကို ေဝဖန္ေျပာဆိုထားပါတယ္။ ေမာင့္ပယ္လီယာႏွင့္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲတြင္ လူစားလဲ ကစားသမားအျဖစ္ ဝင္ကစားၿပီး ၄ မိနစ္အၾကာ၌ ေနမာ အဝါကတ္အျပခံခဲ့ရတာပါ။
ၿပီးခဲ့တဲ့လက ေလလီႏွင့္ပြဲတြင္ အထုတ္ခံရၿပီးေနာက္ ၂ ပြဲပယ္ခံခဲ့ရတဲ့ ေနမာဟာ အဝါကတ္ထပ္ရတာေၾကာင့္ ေနာက္ထပ္တစ္ပြဲ ထပ္အပယ္ခံရတာပါ။
သူ႔ကို ပြဲပယ္ဖို႔အတြက္ ဆုံးျဖတ္ခဲ့ေၾကာင္း သတင္းေတြထြက္လာၿပီးၿပီးခ်င္းမွာပဲ ေနမာက အင္စတာဂရမ္ကေန ေဒါသတႀကီးနဲ႔ ေရးသားေျပာဆိုမႈေတြျပဳလုပ္ခဲ့ပါတယ္။
ေနမာက သူ႔ရဲ႕ အင္စတာဂရမ္ Story မွာ ေပၚတူဂီဘာသာစကားနဲ႔ “အဲဒီအတြက္အေၾကာင္းအရင္းေတြကို ကြၽန္ေတာ္နားလည္ေပးခ်င္ပါတယ္။ ျပင္သစ္မွာ ကတ္အျပခံရတာကိုအေရးယူဖို႔ပဲ ဂ႐ုစိုက္ေနတဲ့ သူေတြအေပၚမွာေပါ့။ ဘာေတြလဲကြာ” လို႔ ေရးသားခဲ့ပါတယ္။
ေနမာဟာ ေမာင့္ပယ္လီယာႏွင့္ပြဲမွာ တာဝန္ယူခဲ့တဲ့ ကြင္းလယ္ဒိုင္ကိုလည္း“ေမာင့္ပယ္လီယာနဲ႔ပြဲမွာ ကြၽန္ေတာ္ ၅ မိနစ္ေလာက္ကစားၿပီး ျပစ္ဒဏ္တစ္ႀကိမ္ က်ဴးလြန္မိပါတယ္။ သူ စဥ္းေတာင္မစဥ္းစားဘဲ ကြၽန္ေတာ့္ကို အဝါကတ္ျပလိုက္တယ္။
ဗိုလ္လုပြဲကစားခြင့္ ပိတ္ပင္ခံရတဲ့အတြက္ ကြင္းလယ္ဒိုင္ကို ေက်းဇူးတင္တယ္။ ဒါဟာ ပုဂၢိဳလ္ေရးတိုက္ခိုက္မႈတစ္ခုပါပဲ”လို႔ ေျပာထားပါတယ္။
ေနမာဟာ ၿပီးခဲ့တဲ့တစ္ပတ္က ပီအက္စ္ဂ်ီအသင္းႏွင့္ ၄ ႏွစ္စာခ်ဳပ္ သက္တမ္းတိုးခဲ့ကာ၊ ယခုႏွစ္ေဘာလုံးရာသီတြင္ ေနမာဟာ ပီအက္စ္ဂ်ီအတြက္ ၂၉ ပြဲကစားၿပီး ၁၆ ဂိုး သြင္းယူခဲ့ပါတယ္။