ဗိုလ်လုပွဲတက်သွားတဲ့အသင်းသားဟောင်းတွေကြောင့် ဆိုရှယ်မီဒီယာမှာ အလှောင်ခံနေရတဲ့မန်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မနေ့ညက လစ်ဇစ်ကိုအနိုင်ရပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်သွားတဲ့ ပီအက်စ်ဂျီအသင်းမှာ ကွင်းလယ်လူဟာရဲရားပါဝင်ကစားခဲ့မှုနဲ့အတူ သူ့အသင်းဟောင်းမန်ယူဟာ ဆိုရှယ်မီဒီယာထက်မှာ လှောင်ပြောင်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ဟာရဲရားဟာ ၅ နှစ်ကြာကစားခဲ့တဲ့အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာပြီးနောက်ပိုင်း ပထမဆုံးရာသီမှာပဲ ချန်ပီယံလိဂ်အောင်မြင်မှုနဲ့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပါတယ်။

photo-credit

ဒါပေမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ပီအက်စ်ဂျီအသင်းမှာ မန်ယူအသင်းသားဟောင်းထဲက ဟာရဲရားတစ်ယောက်တည်းရှိတာမဟုတ်ပါဘူး။ လစ်ဇစ်နဲ့ပွဲမှာ ၁ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးခဲ့တဲ့ဒီမာရီယာဟာလည်း ၂၀၁၄ တုန်းက မန်ယူမှာ တစ်ရာသီနားခိုခဲ့ဖူးပါတယ်။ အဲဒီတုန်းက ၃၂ ပွဲမှာ ၄ ဂိုးသာသွင်းယူနိုင်မှုနဲ့အတူ ပီအက်စ်ဂျီကို ပြောင်းသွားခဲ့ရတာပါ။

photo-credit

ဒီလိုပဲ အင်တာမီလန်ဟာလည်း မန်ယူကစာသမားဟောင်းတွေရဲ့အကူအညီနဲ့ ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။ အိုးလ်ထရက်ဖို့ဒ်က ၂ ရာသီမှာ မအောင်မြင်ခဲ့ဘူးလို့ ယူဆခံခဲ့ရတဲ့တိုက်စစ်မှုးလူကာကူဟာ ရှက်တာနဲ့ဆီမီးပွဲက ၂ ဂိုးကြောင့် အင်တာအတွက် သူ့ရဲ့ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲအရပ်ရပ် ၃၃ ဂိုးတောင် ရှိသွားခဲ့ပါပြီ။

photo-credit

ဒါ့အပြင် အင်တာမှာ မန်ယူကစားသမားဟောင်းတွေထဲက လူကာကူအပြင် အလက်ဆစ်ဆန်းချက်ဇ်နဲ့ အက်ရှ်လေယန်းတို့လည်း ကစားနေကြပါတယ်။ ဒါကြောင့်လည်း အခုရာသီမှာ ဥရောပအဆင့်ဗိုလ်လုပွဲဆီတက်နိုင်ခဲ့ကြတဲ့ မန်ယူအသင်းသားဟောင်းအရေအတွက်ဟာ ၅ ယောက်ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi




