ဗာရန်း နဲ့ တွဲကစားခွင့်ရလို့ စိတ်လှုပ်ရှားနေတဲ့ မက်ဂွိုင်းယား ၊ လက်ရှိခြေစွမ်းကို မကျေနပ်သေးတဲ့ လုခ်ရှော စတဲ့ နောက်ဆုံးရ ယူနိုက်တက် သတင်းများ
Viber No => 09 969 710 910
#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne
မန်ယူနိုက်တက် ရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယား က ရီးရဲလ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ပြင်သစ် ခံစစ်မှူး ဗာရန်း နဲ့ တွဲဖက်ကစားခွင့်ရနေတဲ့အပေါ် စိတ်လှုပ်ရှားမိတယ်လို့ အခုလို ဖွင့်ဟခဲ့ပါတယ်။
မက်ဂွိုင်းယား “ ဗာရန်း ကို ခေါ်ယူနိုင်ခဲ့ပြီး သူနဲ့အတူတွဲကစားခွင့် ရနေတာက အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။
ဗာရန်း ရောက်လာခြင်းက အသင်းရဲ့ ခံစစ်စွမ်းဆောင်ရည်ကို အများကြီး အထောက်အပံ့ဖြစ်စေမယ်လို့ ကျွန်တော်ထင်တယ်။
ကျွန်တော်တို့တွေ အပြန်အလှန် သင်ယူလို့ရသလို တွန်းအားပေးလို့လည်းရပါတယ်။
ဒီလိုလုပ်ရပ်တွေက ကလပ်အသင်းအတွက် လိုအပ်တယ်လေ။
ဂိုးမပေးရတဲ့ Clean Sheet ပွဲတွေကို ထပ်လိုချင်သလို ကျွန်တော်တို့ကြားက ပြိုင်ဆိုင်မှု ပိုကောင်းလာဖို့လည်း အလိုရှိပါတယ် “ လို့ ပြောခဲ့ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ဝုလ်ဗ် နဲ့ ပွဲစဉ်မှာ စတင်တွဲဖက်ကစားခဲ့တဲ့ မက်ဂွိုင်းယား-ဗာရန်း ဗဟိုခံစစ်အတွဲဟာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အဲ့ဒီပွဲစဉ်မတိုင်ခင်တုန်းက ကစားခဲ့တဲ့ မန်ယူနိုက်တက် ရဲ့ နောက်ဆုံး ၁၀ ပွဲမှာ ၁၀ ပွဲလုံးဂိုးခွင့်ပြုပေးခဲ့ရပြီး အသင်းရဲ့ရလဒ်တွေကို ရိုက်ခက်မှုရှိခဲ့ပါတယ်။
ဗာရန်း ပထမဆုံးပွဲထွက်ကစားတဲ့ ပွဲစဉ်မှာတော့ အဲ့ဒီမှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့ပြီး ခံစစ်ကပုံစံကောင်းပြသနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။
ဘယ်နောက်ခံလူ လုခ်ရှော က သူ့ရဲ့ ခြေစွမ်းတွေအခုလို ကောင်းလာအောင် နည်းပြ ဆိုးလ်ရှား နဲ့ ကပ္ပတိန် မက်ဂွိုင်းယား တို့က အားပေးကူညီပေးခဲ့ကြတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် လုခ်ရှော က သူ့ရဲ့လက်ရှိခြေစွမ်းကို ကျေနပ်မှုမရှိသေးဘူးလို့ အခုလို ဖွင့်ဟခဲ့ပါတယ်။
လုခ်ရှော “ အခုပြသနေတဲ့ ခြေစွမ်းထက်ပိုကောင်းအောင် လုပ်နိုင်သေးတယ်လို့ ကျွန်တော် အမြဲခံစားရပါတယ်။
အိုလေ ( ဆိုးလ်ရှား ) နဲ့ ကျွန်တော် ဆွေးနွေးပြောဆိုခဲ့သလို ကပ္ပတိန် မက်ဂွိုင်းယား နဲ့လည်း စကားတွေပြောဖြစ်ခဲ့ပါတယ်။
လက်ရှိ ခြေစွမ်းထက် ပိုသာတဲ့ အဆင့်အတန်းမျိုးကို ရောက်အောင်လုပ်ဖို့အတွက် ကျွန်တော်တို့တွေ ဆွေးနွေးတိုင်ပင်လေ့ရှိပါတယ်။
အလုပ်ကိုတစိုက်မက်မက် လုပ်ဆောင်ခြင်းက ကျွန်တော့်အတွက် အဓိကအရေးပါတဲ့အရာဖြစ်တယ်။
ကျွန်တော် က အသက်လည်း ပိုကြီးလာပြီဖြစ်သလို ရင့်ကျတ်မှုနဲ့ အတွေ့အကြုံတွေလည်း ပိုရှိနေပါပြီ။
အဲ့တော့ အခုချိန်က နောက်ထပ် မြင့်မားတဲ့ အဆင့်အတန်းတခုကို ဆက်တက်ရတော့မယ့် အချိန်ဖြစ်သလို စွမ်းဆောင်ရည်ကောင်းတွေကို တသတ်မတ်တည်း အမြဲပြသရတော့မယ့် အချိန်လည်းဖြစ်ပါတယ် “ လို့ ပြောခဲ့ပါတယ်။
၁၂ နှစ်အကြာမှာ အသင်းဆီ တကျော့ပြန်ရောက်ရှိလာတဲ့ ပေါ်တူဂိီ တိုက်စစ်မှူး ရော်နယ်ဒို ဟာ မနေ့က ယူနိုက်တက် နဲ့ စတင်ပူးပေါင်းခဲ့ပြီး လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။
ရော်နယ်ဒို ရဲ့ ကြံ့ခိုင်မှုဟာ အကောင်းဆုံးပုံစံမှာရှိနေတာကြောင့် လာမယ့် စနေနေ့မှာ ကစားမယ့် နယူးကာဆယ် နဲ့ ပွဲမှာ စတင်ပွဲထွက်နိုင်မယ်လို့ သိရပါတယ်။
မနေ့ညက ကစားခဲ့တဲ့ အဇာဘိုင်ဂျန်-ပေါ်တူဂီ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပွဲကစားချိန်အတွင်း ကွင်းထဲကို ပရိသတ်အချို့ ဝင်ရောက်လာခဲ့ကြပြီး မန်ယူနိုက်တက် ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနို ဖာနန်ဒက်စ် နဲ့ အမှတ်တရဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ်။
ရော်နယ်ဒို မပါတဲ့ ပေါ်တူဂီ အသင်းကို ဖာနန်ဒက်စ် က ဦးဆောင်လာခဲ့ကာ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးခဲ့ပြီး ၃-၀ နဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။
Viber No => 09 969 710 910
#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne
zawgyi