ဗာရန်း ဆေးစစ်ဖို့ ကိစ္စ ပြောလာတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆိုးလ်ရှားတစ်ယောက် ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ပြီးနောက် ခြေစမ်းပွဲတွေမှာ အနိုင်ရလဒ် ပျောက်ဆုံးနေပါတယ်။

ဒါပေမယ့် အခုရာသီမှာ ယူနိုက်တက်ဟာ ကစားသမား အသစ်ခေါ်ယူရေး ကိစ္စမှာ ပရိသတ်တွေ ကျေနပ်လောက်တဲ့ အနေအထား ဖြစ်စေပါတယ်။

ဗာရန်းနဲ့ ပတ်သက်တဲ့ အကြောင်း အချို့ကို နည်းပြဆိုးလ်ရှားက အခုလို ပြောဆိုထားပါတယ်။

“ဗာရန်း အတွက် မက်ဒရစ်နဲ့ကျွန်တော်တို့ကြားမှာသဘောတူညီမှုရခဲ့လို့ အရမ်းဝမ်းသာပါတယ်။

သူက ကျွန်တော် တို့နှစ်ပေါင်းများစွာစောင့်ကြည့်ခဲ့ရတဲ့ကစားသမားတစ်ယောက်ပါ။”

“သူ ဘယ်လောက်တော်လဲ ဆိုတာကို သူ့ကစားသမားဘဝတစ်လျှောက်လုံးမှာ သက်သေပြထားပါတယ်။

ဆာအဲလက်စ် သူ့ကိုခေါ်ဖို့တော်တော်လေးနီးစပ်ခဲ့တာကို ကျွန်တော်သိပါတယ်။”

“ဗာရန်း နဲ့သာဆိုရင် ကျွန်တော်တို့မှာမတူညီတဲ့ကစားပုံတွေအများကြီးထွက်လာပါမယ်။

ကျွန်တော်သိထားသလောက် အသင်းက ဆေးစစ်မယ့် ကိစ္စအပါအဝင် အရာအားလုံးအသားကျအောင် လျင်မြန်စွာနဲ့ပဲ လုပ်ဆောင်နေပါတယ်။”

“နိုင်ငံခြားသား ဖြစ်နေရင် နိုင်ငံတစ်နိုင်ငံရဲ့ဗီဇာရှိဖို့ နဲ့ ကွာရန်တင်း ကို လေးစားစွာနဲ့ ခံယူရပါမယ်။

ဖြစ်နိုင်ရင် မြန်သလောက် ကျွန်တော်တို့က စည်းကမ်းကျကျ အလုပ်လုပ်နေမှာပါ။”

“ဗာရန်းဟာ မက်ဂွားယားနဲ့အသက်အရွယ်တူတဲ့ ကစားသမားဖြစ်သလို လင်ဒီလော့ဒ် ထက်တော့အသက်ကြီးပါတယ်။

ဒါကြောင့် မို့လည်း ကျွန်တော့်ဆီမှာ ထူးခြားမှုရှိတဲ့ နောက်ခံလူရခဲ့ တယ်လို့ပြောရပါမယ်။” လို့ ဆိုထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဗာရန္း ​ေဆးစစ္ဖို႔ ကိစၥ ​ေျပာလာတဲ့ ဆိုးလ္ရွား

ဆိုးလ္ရွားတစ္​ေယာက္ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ၿပီး​ေနာက္ ​ေျခစမ္းပြဲ​ေတြမွာ အႏိုင္ရလဒ္ ​ေပ်ာက္ဆုံး​ေနပါတယ္။ ဒါ​ေပမယ့္ အခုရာသီမွာ ယူႏိုက္တက္ဟာ ကစားသမား အသစ္​ေခၚယူ​ေရး ကိစၥမွာ ပရိသတ္​ေတြ ​ေက်နပ္​ေလာက္တဲ့ အ​ေနအထား ျဖစ္​ေစပါတယ္။

ဗာရန္းနဲ႔ ပတ္သက္တဲ့ အ​ေၾကာင္း အခ်ိဳ႕ကို နည္းျပဆိုးလ္ရွားက အခုလို ​ေျပာဆိုထားပါတယ္။ “ဗာရန္း အတြက္ မက္ဒရစ္နဲ႔ကြၽန္​ေတာ္တို႔ၾကားမွာသေဘာတူညီမႈရခဲ့လို႔ အရမ္းဝမ္းသာပါတယ္။ သူက ကြၽန္​ေတာ္ တို႔ႏွစ္ေပါင္းမ်ားစြာေစာင့္ၾကည့္ခဲ့ရတဲ့ကစားသမားတစ္ေယာက္ပါ။”

“သူ ဘယ္ေလာက္ေတာ္လဲ ဆိုတာကို သူ႔ကစားသမားဘဝတစ္ေလွ်ာက္လုံးမွာ သက္ေသျပထားပါတယ္။ ဆာအဲလက္စ္ သူ႔ကိုေခၚဖို႔ေတာ္ေတာ္ေလးနီးစပ္ခဲ့တာကို ကြၽန္​ေတာ္သိပါတယ္။”

“ဗာရန္း နဲ႔သာဆိုရင္ ကြၽန္​ေတာ္တို႔မွာမတူညီတဲ့ကစားပုံေတြအမ်ားႀကီးထြက္လာပါမယ္။ ကြၽန္ေတာ္သိထားသေလာက္ အသင္းက ေဆးစစ္မယ့္ ကိစၥအပါအဝင္ အရာအားလုံးအသားက်ေအာင္ လ်င္ျမန္စြာနဲ႔ပဲ လုပ္ေဆာင္ေနပါတယ္။”

“ႏိုင္ငံျခားသား ျဖစ္ေနရင္ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ဗီဇာရွိဖို႔ နဲ႔ ကြာရန္တင္း ကို ေလးစားစြာနဲ႔ ခံယူရပါမယ္။ ျဖစ္ႏိုင္ရင္ ျမန္သေလာက္ ကြၽန္ေတာ္တို႔က စည္းကမ္းက်က် အလုပ္လုပ္ေနမွာပါ။”

“ဗာရန္းဟာ မက္ဂြားယားနဲ႔အသက္အ႐ြယ္တူတဲ့ ကစားသမားျဖစ္သလို လင္ဒီေလာ့ဒ္ ထက္ေတာ့အသက္ႀကီးပါတယ္။ ဒါေၾကာင့္ မို႔လည္း ကြၽန္ေတာ့္ဆီမွာ ထူးျခားမႈရွိတဲ့ ေနာက္ခံလူရခဲ့ တယ္လို႔ေျပာရပါမယ္။” လို႔ ဆိုထားပါတယ္။