ဗာရန်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရဖို့ ယူနိုက်တက် နီးစပ်နေပြီး ရက်ပိုင်းအတွင်းခေါ်ယူနိုင်ဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးယဲလ်အသင်းနောက်ခံလူဗာရန်းနဲ့အပြောင်းအရွှေ့ကိစ္စအတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရဖို့နီးစပ်နေပြီဖြစ်ပြီး

လာမယ့်တစ်ပတ်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းက အပြောင်းအရွှေ့အပြီးသတ်နိုင်အောင် အရှိန်မြှင့်ကြိုးပမ်းမယ်ဆိုရင်တော့ မကြာခင် ဗာရန်းကို မန်ချက်စတာယူနိုက်တက်ဂျာစီနဲ့မြင်တွေ့ရဖို့များနေပါပြီ။

ပြင်သစ်လက်ရွေးစင်နောက်ခံလူဗာရန်းကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းဟာ ကာလရှည်ကြိုးပမ်းနေတာဖြစ်ပြီး ရီးယဲလ်အသင်းကလည်း သူတို့ကစားသမားကို ရောင်းချဖို့စီစဉ်နေတာပါ။

ဗာရန်းရဲ့လက်ရှိစာချုပ်က လာမယ့်နှစ်၊ နွေရာသီကျရင်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ရီးယဲလ်အသင်းဟာ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ပယ်ချခဲ့တာကြောင့် အလွတ်နဲ့လက်လွတ်မခံရအောင် အခုနွေရာသီမှာ ရောင်းချဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကလည်း ခံစစ်မှာ မက်ဂွိုင်းယားနဲ့တွဲဖက်ကစားဖို့ ထိပ်တန်းအဆင့်နောက်ခံလူတစ်ဦးရှာဖွေနေပြီး ဗာရန်းကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Manchester Evening News ဝက်ဘ်ဆိုက်က ဗာရန်းရဲ့အပြောင်းအရွှေ့အတွက် ရီးယဲလ်နဲ့ယူနိုက်တက်အသင်းတို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး တိုးတက်မှုနှေးနေပေမယ့် ယူနိုက်တက်အသင်းဟာ ဗာရန်းကို ခေါ်ယူနိုင်မယ်ဆိုတာ အခိုင်အမာယုံကြည်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဗာရန်းကို ပေါင်သန်း(၅၀)နဲ့ခေါ်ယူဖို့ပြင်ဆင်နေပြီး ရီးယဲလ်အသင်းကတော့ ဗာရန်းအတွက် ပေါင်သန်း(၈၀)လောက်အထိ အလိုရှိနေတာပါ။

ဗာရန်းကို ခေါ်ယူဖို့အတွက် ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကလည်း ပစ်မှတ်ထားနေတာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ လက်ဦးမှုရယူနိုင်ဖို့အတွက် အပြောင်းအရွှေ့ကို ခပ်သွက်သွက်လှုပ်ရှားဖို့လိုအပ်နေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဗာရန္းနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရဖို႔ ယူႏိုက္တက္ နီးစပ္ေနၿပီး ရက္ပိုင္းအတြင္းေခၚယူႏိုင္ဖို႔ရွိ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရီးယဲလ္အသင္းေနာက္ခံလူဗာရန္းနဲ႔အေျပာင္းအေ႐ႊ႕ကိစၥအတြက္ ပုဂၢိဳလ္ေရးသေဘာတူညီမႈရဖို႔နီးစပ္ေနၿပီျဖစ္ၿပီး လာမယ့္တစ္ပတ္အတြင္း မန္ခ်က္စတာယူႏိုက္တက္အသင္းက အေျပာင္းအေ႐ႊ႕အၿပီးသတ္ႏိုင္ေအာင္ အရွိန္ျမႇင့္ႀကိဳးပမ္းမယ္ဆိုရင္ေတာ့ မၾကာခင္ ဗာရန္းကို မန္ခ်က္စတာယူႏိုက္တက္ဂ်ာစီနဲ႔ျမင္ေတြ႕ရဖို႔မ်ားေနပါၿပီ။

ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူဗာရန္းကို ေခၚယူဖို႔ ယူႏိုက္တက္အသင္းဟာ ကာလရွည္ႀကိဳးပမ္းေနတာျဖစ္ၿပီး ရီးယဲလ္အသင္းကလည္း သူတို႔ကစားသမားကို ေရာင္းခ်ဖို႔စီစဥ္ေနတာပါ။ ဗာရန္းရဲ႕လက္ရွိစာခ်ဳပ္က လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး ရီးယဲလ္အသင္းဟာ သူ႔ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားက ပယ္ခ်ခဲ့တာေၾကာင့္ အလြတ္နဲ႔လက္လြတ္မခံရေအာင္ အခုေႏြရာသီမွာ ေရာင္းခ်ဖို႔ျပင္ဆင္ေနတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းကလည္း ခံစစ္မွာ မက္ဂြိဳင္းယားနဲ႔တြဲဖက္ကစားဖို႔ ထိပ္တန္းအဆင့္ေနာက္ခံလူတစ္ဦးရွာေဖြေနၿပီး ဗာရန္းကို ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

Manchester Evening News ဝက္ဘ္ဆိုက္က ဗာရန္းရဲ႕အေျပာင္းအေ႐ႊ႕အတြက္ ရီးယဲလ္နဲ႔ယူႏိုက္တက္အသင္းတို႔ ေဆြးေႏြးမႈေတြျပဳလုပ္ေနၿပီး တိုးတက္မႈေႏွးေနေပမယ့္ ယူႏိုက္တက္အသင္းဟာ ဗာရန္းကို ေခၚယူႏိုင္မယ္ဆိုတာ အခိုင္အမာယုံၾကည္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဗာရန္းကို ေပါင္သန္း(၅၀)နဲ႔ေခၚယူဖို႔ျပင္ဆင္ေနၿပီး ရီးယဲလ္အသင္းကေတာ့ ဗာရန္းအတြက္ ေပါင္သန္း(၈၀)ေလာက္အထိ အလိုရွိေနတာပါ။ ဗာရန္းကို ေခၚယူဖို႔အတြက္ ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းကလည္း ပစ္မွတ္ထားေနတာေၾကာင့္ ယူႏိုက္တက္အသင္းအေနနဲ႔ လက္ဦးမႈရယူႏိုင္ဖို႔အတြက္ အေျပာင္းအေ႐ႊ႕ကို ခပ္သြက္သြက္လႈပ္ရွားဖို႔လိုအပ္ေနပါၿပီ။