
မန်ယူအတွက် ကစားပေးဖို့ စိတ်မပါတော့တဲ့ နောက်ခံလူ ရာဖေးလ်ဗာရန်း ကို
ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်က ဆက်သွယ်လာပါတယ်။
ဗာရန်းဟာ ၂၀၂၁ ခုနှစ်မှာ ရီးရဲလ်အသင်းကနေ မန်ယူကို ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းနဲ့ ရောက်လာခဲ့ပြီး
အာဂျင်တီးနားသား လီဆန်ဒရိုမာတီနက်ဇ် ရောက်လာချိန်မှာတော့ တကယ့်ကို အရေးပါတဲ့ ဗဟိုခံစစ်အတွဲကို ပုံဖော် နိုင်ခဲ့သူပါ။
ဒါပေမဲ့ ဒီရာသီမှာတော့ ပြင်သစ်သားဖြစ်တဲ့ ဗာရန်းဟာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ အရေးပေးတာမျိုး မခံရတော့သလို
မက်ဂွိုင်းယားရဲ့ နောက်မှာပဲပွဲထွက်ခွင့်ရနေတဲ့အတွက် အသင်းကနေ ထွက်ခွာခွင့် ပေးထား တယ်လို့ သတင်းထွက်နေသူပါ။
လက်ရှိမှာ နည်းပြတန်ဟတ်ဟာ မန်ယူရဲ့ ဗဟိုခံစစ်အတွဲအတွက် မက်းဂွိုင်းယား-အီဗန်အတွဲကိုပဲ အားသာနေတာဖြစ် လို့
ဗာရန်းကို အသင်းပြောင်းခွင့်ပေးထားတယ်ဆိုတာ သိရပြီး တစ်ဖက်မှာ ဘိုင်ယန်မြူးနစ်က ဆက်သွယ်လာတာလည်း ဖြစ်ပါတယ်။
ဘိုင်ယန်ဟာ ရီးရဲလ်နောက်ခံလူဟောင်းကို ခေါ်ဖို့အတွက် ထဲထဲဝင်ဝင်ဆွေး နွေးနေပြီး
လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်မှာ အမိအရ ခေါ် နိုင်ဖို့ အလားအလာမျိုး ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မန်ယူဟာ ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ကနေ ၃၀ ကြားရတာနဲ့ ရောင်းထုတ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ ဘိုင်ယန်ကတော့ ပေါင် ၁၇ သန်းလောက်ပဲ ပေးချင်တဲ့သဘောမှာ ရှိနေတာပါ။
တစ်ခုရှိတာက လက်ရှိ မန်ယူမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၄၀၀၀၀ ရနေတဲ့
ဗာရန်းရဲ့ လုပ်ခ လစာနှုန်းထားဟာ အပြောင်းအရွှေ့ကိစ္စအတွက် အတားအဆီးတစ်ခု ဖြစ်လာနိုင်ခြေရှိပါတယ်။
လက်ရှိယူနိုက်တက်မှာ ဗာရန်းကို အရန်ခုံပို့ထား တာဟာ ခြေစွမ်းကျနေလို့မဟုတ်ဘဲ
နည်းစနစ်ပိုင်းအရ ရွေးချယ်မှုတစ်ရပ် သာ ဖြစ်တယ်လို့လည်း တန်ဟတ်က ပြောထားပါတယ်။
“အတွဲအဖက် တွေကို ရွေးချယ်တာဟာ နည်းစနစ်ပိုင်းဆိုင်ရာကြောင့်ပါ။
ဟယ်ရီနဲ့ အီဗန်တို့က တကယ်ကောင်းနေတယ်လို့ ကျွန်တော် ထင်တယ်လေ။
ကျွန် တော် ပြီးခဲ့တဲ့ နှစ်တုန်းက ပြောခဲ့သလိုမျိုးပေါ့။ မက်ဂွိုင်းယားက ကစား ချိန် အများကြီးမရဘူး။
ဒါကြောင့် ကျွန်တော်က ဗာရန်းရဲ့ ခြေစွမ်းကို သဘောကျခဲ့တာပါ။
သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ကျွန်တော် အမြဲ တမ်း ကျေနပ်ပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ ဟယ်ရီက ကောင်းကောင်း လုပ်ပြနေပြီး ဒါက အသင်းတွင်းပြိုင်ဆိုင်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်” လို့
တန်ဟတ်က ဗာရန်းနဲ့ပတ်သက်ပြီး ပြောထားတာပါ။
ဒါပေမဲ့ ပွဲကစားချိန် နည်းလာတာနဲ့အမျှ ဗာရန်းဟာ အသင်းအတွက်ကစားဖို့
စိတ်မပါတော့ တာကြောင့် အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်သွားဖို့ အကြောင်းဖန်လာပြီပဲ ဖြစ်ပါတယ်။