ဗာဒီပါ ဒဏ်ရာရသွားလို့ အင်္ဂလန်အသင်းတိုက်စစ်အတွက် စိုးရိမ်စရာ ကိစ္စဖြစ်ပေါ်လာ

ယနေနေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ လက်စတာတိုက်စစ်မှူး ဂျေမီ ဗာဒီတစ်ယောက် ဒဏ်ရာရရှိသွားခဲ့ပြီးနောက် လူစားလဲခံခဲ့ရပါတယ်။ ဒါဟာ ၂၀၂၀ ယူရိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှာ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဟယ်ရီကိန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ ကာလရှည်နားရဖို့ များနေသလို အေဘရာဟမ်ဟာလည်း အာဆင်နယ်နဲ့ပွဲမှာ ထော့နဲ့ထော့နဲ့ဖြင့် ကွင်းပြင်ကို ထွက်သွားခဲ့ရပါတယ်။ ဗာဒီဟာ ၂၀၁၈ခုနှစ်ကတည်းက လက်ရွေးစင်အဖြစ်က အနားယူထားခဲ့တာ ဖြစ်ပေမဲ့ ယခုဒဏ်ရာရရှိသွားတာကြောင့် နည်းပြ ဆောက်ဂိတ်အနေနဲ့ အင်္ဂလန်ကို ပြန်ကစားပေးဖို့တောင် တောင်းဆိုမရ ဖြစ်သွားခဲ့ပါတယ်။

ဗာဒီဟာ ပွဲချိန် ၄၄မိနစ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး အီယန်နာချိုနဲ့ လူစားလဲခဲ့ရပါတယ်။ ဗာဒီဟာ ယခုနှစ်ရာသိမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပစ်မှတ်ထားနေပြီး ၁၇ဂိုးအထိ သွင်းယူထားတာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။

ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့ ဝုဗ်နဲ့ ပွဲစဉ်မှာ နောက်ကျောဒဏ်ရာ ဒဏ်ရာရရှိသွားပြီးနောက် အများကြီး မနားရဖို့ မျှော်လင့်ကြောင်း ဆိုးလ်ရှားက ပြောထားပါတယ်။ အလားတူ အင်္ဂလန်ကွင်းလယ်အတွက် သတင်းဆိုးတစ်ခုအဖြစ် စပါးကွင်းလယ်လူ ဟယ်ရီဝင့်ခ်လည်း နောဝစ်ချ်နဲ့ ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတယ်လို့ သိရပါတယ်။

ဝင့်ခ်ဟာ နောဝစ်ချ်ကွင်းလယ်လူ ကန့်ဝဲလ်နဲ့ ထိခိုက်မိကာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒဏ်ရာရ ကစားသမားတွေ များပြားနေတဲ့ အင်္ဂလန်အသင်းအနေနဲ့ ယူရို ၂၀၂၀မှာ ဘယ်လို လူစာရင်းနဲ့ ပွဲထုတ်လာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါတယ်။