ဗာဒီကို ဟယ္ရီကိန္းနဲ႔ မလဲႏိုင္တဲ့ လက္စတာနည္းျပဘရန္ဒန္ ေရာ္ဂ်ာ

Photo Credit

Photo Credit

လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာက ယေန႔ညေနမွာ ၿပိဳင္ဘက္အျဖစ္ ကင္းပါ၀ါကြင္းကို ေရာကလာေတာ့မယ့္ စပါးတုိက္စစ္မွဴး ဟယ္ရီကိန္းကို အသင္းရဲ႕မရွိမျဖစ္အေရးပါသူျဖစ္လာျခင္းအတြက္ အသိအမွတ္ျပဳခ်ီးက်ဴးလုိက္ေပမယ့္ သူ႕အသင္းတုိက္စစ္မွဴး ေဂ်မီဗာဒီနဲ႔ေတာ့ မလဲႏိုင္ေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတ္။

Photo Credit

ၿပီးခဲ့တဲ့ ဆယ္စုတစ္ဝက္ေလာက္ကို ၾကည့္ရင္ ကိန္းနဲ႔ ဗာဒီတို႔ဟာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုးတိုက္စစ္မွဴး ၂ ဦးဆိုတာ မျငင္းႏိုင္ေလာက္ပါဘူး။ အသက္ ၂၆ ႏွစ္အရြယ္မွာ ကိန္းဟာ အဂၤလန္အသင္းရဲ႕အသင္းေခါင္းေဆာင္ ျဖစ္လာခဲ့ပါတယ္။

Photo Credit

အဂၤလန္အသင္းက သတ္မွတ္ခဲ့သလို ကိန္းက အဂၤလန္အသင္းရဲ႕လက္ရွိအေထာင္တုိက္စစ္မွဴးေတြအနက္ အေကာင္းဆုံးကစားသမားအျဖစ္ အျငင္းပြားဖြယ္မရွိ ရပ္တည္ေနပါတယ္။

Photo Credit

ဒါေပမဲ့ ယေန႔ညေနမွာ စပါးအသင္းနဲ႔ လက္စတာအသင္းတို႔ ထိပ္တိုက္ေတြ႕ဆုံမယ့္ပြဲမတုိင္ခင္ လက္စတာနည္းျပေရာ္ဂ်ာကေတာ့ အသက္ ၃၂ ႏွစ္အရြယ္ တိုက္စစ္မွဴး ဗာဒီက ကိန္းထက္ အရည္အေသြးပိုရွိတယ္လို႔ ဆိုလိုက္ပါတယ္။

Photo Credit

ေရာ္ဂ်ာက ”ဟယ္ရီကထိပ္တန္းကစားသမားတစ္ဦးပါ၊ ဒါေပမဲ့ ကၽြန္ေတာ္ ဗာဒီနဲ႔ေတာ့ မလဲႏိုင္ပါဘူး၊ ကၽြန္ေတာ္ ဗာဒီနဲ႔ ရင္းရင္းႏွီးႏွီးအလုပ္လုပ္ခဲ့ပါတယ္၊ ကမၻာ့ေဘာလံုးေလာကမွာသူနဲ႔ လဲႏိုင္မယ့္ ကစားသမားမ်ိဳးကသိပ္မရွိပါဘူး၊ Pressing ေဆာ့တဲ့ပြဲေတြမွာသူကအံ့ၾသဖြယ္ပါးနပ္လြန္းပါတယ္”

Photo Credit

”ပြဲတစ္ပဲြရဲ႕အေနအထားကို ေကာင္းေကာင္းဖတ္ႏိုင္တယ္၊ နည္းစနစ္ပိုင္းလားအရမ္းေကာင္းတဲ့သူပါပဲ၊ သူကသြင္းဂိုးေတြဆာေလာင္ေနတဲ့ တိုက္စစ္မွဴးတစ္ဦးျဖစ္ၿပီး တစ္ဖက္အသင္းေနာက္တန္းကိုဘယ္လိုထိုးေဖာက္ရမလဲဆိုတာေကာင္းေကာင္းသိတဲ့သူပါ၊ ၿပီးရင္ေတာ့ ဂိုးေတြ သြင္းေတာ့တာပါပဲ။ ကၽြန္ေတာ္ သူ႕လိုတိုက္စစ္မွဴးကို ႏွစ္သက္ပါတယ္”လို႔ ေျပာပါတယ္။

Photo Credit

ဆက္လက္ၿပီး ေရာ္ဂ်ာက ”ပရီးမီးယားလိဂ္လို ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ၿပိဳင္ပြဲေတြမွာ ဗာဒီကထိပ္သီးတိုက္စစ္မွဴး တစ္ဦးအျဖစ္ ရွိေနပါတယ္။ သူ႔ကိုအသင္းမွာပိုင္ဆိုင္ထားရလို႔ အရမ္းကိုကံေကာင္းပါတယ္”လို႔ေျပာပါတယ္။

Photo Credit

လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာဟာ သူ႕ရဲ႕နည္းစနစ္ေတြအတိုင္းသာ ကစားသမားေတြကို ေရြးခ်ယ္တာျဖစ္ၿပီး တျခားေသာနည္းစနစ္ေတြအရဆိုရင္ေတာ့ ကိန္းကိုအရင္ပြဲထြက္ကစားေစရမယ္လို႔ ဝန္ခံခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ ေရာ္ဂ်ာက ဗာဒီဟာ ျပိဳင္ပြဲတစ္ပြဲမွာ တျခားေသာတုိက္စစ္မွဴးေတြထက္ သာလြန္တဲ့ ကစားသမားတစ္ဦးျဖစ္တယ္လို႔ ယံုၾကည္ေၾကာင္းလည္း ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။

Photo Credit

Unicode

ဗာဒီကို ဟယ်ရီကိန်းနဲ့ မလဲနိုင်တဲ့ လက်စတာနည်းပြဘရန်ဒန် ရော်ဂျာ

လက်စတာနည်းပြဘရန်ဒန်ရော်ဂျာက ယနေ့ညနေမှာ ပြိုင်ဘက်အဖြစ် ကင်းပါဝါကွင်းကို ရောကလာတော့မယ့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို အသင်းရဲ့မရှိမဖြစ်အရေးပါသူဖြစ်လာခြင်းအတွက် အသိအမှတ်ပြုချီးကျူးလိုက်ပေမယ့် သူ့အသင်းတိုက်စစ်မှူး ဂျေမီဗာဒီနဲ့တော့ မလဲနိုင်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတ်။
ပြီးခဲ့တဲ့ ဆယ်စုတစ်ဝက်လောက်ကို ကြည့်ရင် ကိန်းနဲ့ ဗာဒီတို့ဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူး ၂ ဦးဆိုတာ မငြင်းနိုင်လောက်ပါဘူး။ အသက် ၂၆ နှစ်အရွယ်မှာ ကိန်းဟာ အင်္ဂလန်အသင်းရဲ့အသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။
အင်္ဂလန်အသင်းက သတ်မှတ်ခဲ့သလို ကိန်းက အင်္ဂလန်အသင်းရဲ့လက်ရှိအထောင်တိုက်စစ်မှူးတွေအနက် အကောင်းဆုံးကစားသမားအဖြစ် အငြင်းပွားဖွယ်မရှိ ရပ်တည်နေပါတယ်။
ဒါပေမဲ့ ယနေ့ညနေမှာ စပါးအသင်းနဲ့ လက်စတာအသင်းတို့ ထိပ်တိုက်တွေ့ဆုံမယ့်ပွဲမတိုင်ခင် လက်စတာနည်းပြရော်ဂျာကတော့ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူး ဗာဒီက ကိန်းထက် အရည်အသွေးပိုရှိတယ်လို့ ဆိုလိုက်ပါတယ်။
ရော်ဂျာက ”ဟယ်ရီကထိပ်တန်းကစားသမားတစ်ဦးပါ၊ ဒါပေမဲ့ ကျွန်တော် ဗာဒီနဲ့တော့ မလဲနိုင်ပါဘူး၊ ကျွန်တော် ဗာဒီနဲ့ ရင်းရင်းနှီးနှီးအလုပ်လုပ်ခဲ့ပါတယ်၊ ကမ္ဘာ့ဘောလုံးလောကမှာသူနဲ့ လဲနိုင်မယ့် ကစားသမားမျိုးကသိပ်မရှိပါဘူး၊ Pressing ဆော့တဲ့ပွဲတွေမှာသူကအံ့သြဖွယ်ပါးနပ်လွန်းပါတယ်”
”ပွဲတစ်ပွဲရဲ့အနေအထားကို ကောင်းကောင်းဖတ်နိုင်တယ်၊ နည်းစနစ်ပိုင်းလားအရမ်းကောင်းတဲ့သူပါပဲ၊ သူကသွင်းဂိုးတွေဆာလောင်နေတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး တစ်ဖက်အသင်းနောက်တန်းကိုဘယ်လိုထိုးဖောက်ရမလဲဆိုတာကောင်းကောင်းသိတဲ့သူပါ၊ ပြီးရင်တော့ ဂိုးတွေ သွင်းတော့တာပါပဲ။ ကျွန်တော် သူ့လိုတိုက်စစ်မှူးကို နှစ်သက်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ရော်ဂျာက ”ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတွေမှာ ဗာဒီကထိပ်သီးတိုက်စစ်မှူး တစ်ဦးအဖြစ် ရှိနေပါတယ်။ သူ့ကိုအသင်းမှာပိုင်ဆိုင်ထားရလို့ အရမ်းကိုကံကောင်းပါတယ်”လို့ပြောပါတယ်။
လက်စတာနည်းပြဘရန်ဒန်ရော်ဂျာဟာ သူ့ရဲ့နည်းစနစ်တွေအတိုင်းသာ ကစားသမားတွေကို ရွေးချယ်တာဖြစ်ပြီး တခြားသောနည်းစနစ်တွေအရဆိုရင်တော့ ကိန်းကိုအရင်ပွဲထွက်ကစားစေရမယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒါပေမဲ့ ရော်ဂျာက ဗာဒီဟာ ပြိုင်ပွဲတစ်ပွဲမှာ တခြားသောတိုက်စစ်မှူးတွေထက် သာလွန်တဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ယုံကြည်ကြောင်းလည်း ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။