
Photo Credit ; Getty Images
Photo Credit ; International Champions Cup
အမ်ိဳးမ်ိဳးေသာသတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အဲဗာတန္အသင္းဟာ ေနာက္ခံလူ စေမာလင္းကို အငွားေခၚယူဖုိ႔ ကမ္းလွမ္းခဲ့ေပမယ့္ ယူႏိုက္တက္အသင္းက ပယ္ခ်ခဲ့ေၾကာင္း သိရၿပီး အဲဗာတန္အသင္းဟာ ၾကာသပေတးေန႔ ေဒသစံေတာ္ခ်ိန္ ညေန ၅နာရီမွာ ေႏြရာသီေစ်းကြက္မပိတ္ခင္ ကစားသမားသစ္ေတြ ေခၚယူႏုိင္ဖုိ႔ ႀကိဳးစားေနပါတယ္။
Photo Credit ; Getty Images
ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားဟာ အသင္းမွာ တုိက္စစ္မွဴးလူကာကူတစ္ဦးတည္းအနာဂတ္မေသမခ်ာျဖစ္ေနလု႔ိ လက္ရွိလူစာရင္းအေပၚ ေက်နပ္ေပ်ာ္ရႊင္ေနၿပီး ဒီအတြက္ေၾကာင့္ပဲ စေမာလင္းအတြက္ အဲဗာတန္အသင္းရဲ႕ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။
Photo Credit ; Getty Images
ယူႏုိက္တက္အသင္းဟာ လက္စတာေနာက္ခံလူ မက္ဂြိဳင္းယားကို ေခၚယူခဲ့ၿပီးေနာက္ အသင္းမွာ မားကို႔စ္႐ိုဟို၊ တြမ္ဇီဘီ၊ ဖီးလ္ဂ်ံဳးစ္၊ လင္ဒီေလာ့ဖ္နဲ႔ ဒဏ္ရာရေနတဲ့ ဘိုင္လီ အစရွိတဲ့ဗဟိုေနာက္ခံလူေတြမ်ားျပားေနၿပီး PA သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ အဲဗာတန္အသင္းက ယူႏုိက္တက္မွာ ကာလရွည္ကစားလာတဲ့ စေမာလင္းကို အငွားနဲ႔ေခၚယူဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရတယ္လုိ႔ သိရပါတယ္။
Photo Credit ; Getty Images
အသက္ ၂၉ႏွစ္အရြယ္ရွိ စေမာလင္းဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလကမွ အသင္းနဲ႔ ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆုိထားသူျဖစ္ၿပီး စာခ်ဳပ္သစ္အရ အသင္းမွာ အနည္းဆုံး ၂၀၂၂ ဇြန္လအထိရွိေနမွာျဖစ္သလုိ သက္တမ္းကုန္ဆုံးရင္ ေနာက္ထပ္ ၁ႏွစ္သက္တမ္းတုိးႏိုင္မယ့္အခ်က္လည္း ထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။
Photo Credit ; Getty Images
စေမာလင္းဟာ ၿပီးခဲ့တဲ့ရာသီက ယူႏုိက္တက္အတြက္ ပရီးမီးယားလိဂ္ ၂၄ပြဲပါ၀င္ကစားခဲ့ၿပီး လက္ရိွအခ်ိန္မွာ ဗဟိုေနာက္ခံလူ ၇ဦးအနက္ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တုိ႔ၿပီးရင္ အသင္းရဲ႕တတိယေျမာက္ဦးစားေပးဗဟိုေနာက္ခံလူျဖစ္လာႏိုင္ေၾကာင္း သတင္းေတြက သုံးသပ္လ်ကရွိပါတယ္။
Photo Credit ; Reuters
Unicode
ဗဟိုနောက်ခံလူ ၇ဦးအထိရှိနေပေမယ့် စမောလင်းကို အငှားနဲ့ခေါ်ယူဖို့ အဲဗာတန်ရဲ့ကမ်းလှမ်းမှုကို ယူနိုက်တက်ပယ်ချ
အမျိုးမျိုးသောသတင်းတွေရဲ့ဖော်ပြချက်အရ အဲဗာတန်အသင်းဟာ နောက်ခံလူ စမောလင်းကို အငှားခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်အသင်းက ပယ်ချခဲ့ကြောင်း သိရပြီး အဲဗာတန်အသင်းဟာ ကြာသပတေးနေ့ ဒေသစံတော်ချိန် ညနေ ၅နာရီမှာ နွေရာသီဈေးကွက်မပိတ်ခင် ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။
ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ အသင်းမှာ တိုက်စစ်မှူးလူကာကူတစ်ဦးတည်းအနာဂတ်မသေမချာဖြစ်နေလု့ိ လက်ရှိလူစာရင်းအပေါ် ကျေနပ်ပျော်ရွှင်နေပြီး ဒီအတွက်ကြောင့်ပဲ စမောလင်းအတွက် အဲဗာတန်အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ယူနိုက်တက်အသင်းဟာ လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူခဲ့ပြီးနောက် အသင်းမှာ မားကို့စ်ရိုဟို၊ တွမ်ဇီဘီ၊ ဖီးလ်ဂျုံးစ်၊ လင်ဒီလော့ဖ်နဲ့ ဒဏ်ရာရနေတဲ့ ဘိုင်လီ အစရှိတဲ့ဗဟိုနောက်ခံလူတွေများပြားနေပြီး PA သတင်းဌာနရဲ့ဖော်ပြချက်အရ အဲဗာတန်အသင်းက ယူနိုက်တက်မှာ ကာလရှည်ကစားလာတဲ့ စမောလင်းကို အငှားနဲ့ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
အသက် ၂၉နှစ်အရွယ်ရှိ စမောလင်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကမှ အသင်းနဲ့ ကာလရှည်စာချုပ်သစ်ချုပ်ဆိုထားသူဖြစ်ပြီး စာချုပ်သစ်အရ အသင်းမှာ အနည်းဆုံး ၂၀၂၂ ဇွန်လအထိရှိနေမှာဖြစ်သလို သက်တမ်းကုန်ဆုံးရင် နောက်ထပ် ၁နှစ်သက်တမ်းတိုးနိုင်မယ့်အချက်လည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
စမောလင်းဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၂၄ပွဲပါဝင်ကစားခဲ့ပြီး လက်ရှိအချိန်မှာ ဗဟိုနောက်ခံလူ ၇ဦးအနက် မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ပြီးရင် အသင်းရဲ့တတိယမြောက်ဦးစားပေးဗဟိုနောက်ခံလူဖြစ်လာနိုင်ကြောင်း သတင်းတွေက သုံးသပ်လျကရှိပါတယ်။