ဗလာ ကလော့ပ်ကို ကောက်ရိုးတစ်မျှင်တောင် ဆုပ်ကိုင်ခွင့်မပေးတဲ့ ဇီဒန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ရဲ့ ဒုတိယနေ့ပွဲတွေအပြီးမှာတော့ ရီးရဲလ်အသင်းက အန်ဖီးလ်မှာ ဂိုးမရှိသရေကစားနိုင်ခဲ့ကာ ဆီမီးအဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။လီဗာပူးနဲ့ ရီးရဲလ်ပွဲစဉ်မှာ (ဝ-၀)ရလဒ်ထွက်ပေါ်ခဲ့ပေမယ့် နှစ်ကျော့ပေါင်း (၁-၃)ရလဒ်နဲ့ ရီးရဲလ်က နောက်တစ်ဆင့် တက်ခဲ့တာပါ။

အန်ဖီးလ်မှာဆိုရင် ကောင်းမွန်တဲ့ ပုံစံတွေလုပ်ပြနိုင်လေ့ရှိတဲ့ လီဗာပူးဟာ ဒီတစ်ခါမှာတော့ မျှော်လင့်ချက်တွေ ပျက်သုန်းပြီး ပြိုင်ပွဲကထွက်ခွာခဲ့ရပြီဖြစ်ကာ ဒီရာသီမှာ ဆုဖလားလက်မဲ့ရာသီကို ရင်ဆိုင်ရဖို့ သေချာခဲ့ပါပြီ။

အဲဒီပွဲမှာ ကလော့ပ်ဟာ ဆာလာ၊ဖာမီနို၊မာနေး အတွဲကိုပြန်လည် အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ဟိုနဲ့အတူ ဝစ်နယ်ဒမ်းနဲ့ မီလ်နာတို့ကို တွဲဖက်စေခဲ့ပါတယ်။ ဇီဒန်းကတော့ ပထမအကျော့လူစာရင်းကနေ ညာနောက်ခံလူ တစ်နေရာသာ အပြောင်းအလဲလုပ်ခဲ့ပြီး ဗယ်ဗာဒီကို နောက်တန်းမှာထားကစားခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာ ရဲ့ တိုင်ထိထွက်ခဲ့မှုတွေကြောင့် လီဗာပူးတို့သက်သာခဲ့ရသလို၊ ကော်တိုယစ်ရဲ့ လက်စွမ်းပြမှုကလည်း နစ်နာစေခဲ့ပါတယ်။ ရီးရဲလ်ရဲ့ ဧရိယာပြင်ပက ကန်သွင်းမှုတွေကိုလည်း လီဗာပူးတို့ ကြံ့ကြံ့ခံနိုင်ခဲ့ကြပါတယ်။ကြိုးစားမှုတွေရှိပေမယ့် နောက်ဆုံးတော့လည်း နှစ်သင်းစလုံးရဲ့ ခံစစ်၊တိုက်စစ်တွေက သူမသာ၊ ကိုယ်မသာဖြစ်ပြီး အဆုံးသတ်ခဲ့ရပါတယ်။

ရီးရဲလ်အသင်းကတော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ နောက်ဆုံး(၁၁) နှစ်အတွင်း (၉)ကြိမ်မြောက်တက်ရောက်နိုင်ခဲ့ပြီး နည်းပြ ဇီဒန်းလက်ထက်တွင် (၄)ကြိမ်မြောက်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဇီဒန်းဟာ ယခင် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တဲ့ (၃)ကြိမ်စလုံး ချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာ ချယ်လ်ဆီးနဲ့ ရီးရဲလ်အသင်းတို့ ရင်ဆိုင်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့အဆင့်မှာ အက်သလက်တီကိုကို ဖြုတ်ချခဲ့တဲ့ ချယ်လ်ဆီးအတွက် နောက်ထပ်မက်ဒရစ်တစ်သင်းနဲ့ရင်ဆိုင်ရတာဖြစ်သလို ရီးရဲလ်ကလည်း အင်္ဂလန်အသင်းတစ်သင်းနဲ့ ထပ်မံကစားရတော့မှာဖြစ်ပါတယ်။လီဗာပူးတို့ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး နောက်နှစ်မှာပဲ သူတို့အတွက် ကျရှုံးတဲ့ဘောလုံးရာသီဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဗလာ ကေလာ့ပ္ကို ေကာက္႐ိုးတစ္မွ်င္ေတာင္ ဆုပ္ကိုင္ခြင့္မေပးတဲ့ ဇီဒန္း

ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ဒုတိယအေက်ာ့ပြဲစဥ္ရဲ႕ ဒုတိယေန႔ပြဲေတြအၿပီးမွာေတာ့ ရီးရဲလ္အသင္းက အန္ဖီးလ္မွာ ဂိုးမရွိသေရကစားႏိုင္ခဲ့ကာ ဆီမီးအဆင့္ကိုတက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။လီဗာပူးနဲ႔ ရီးရဲလ္ပြဲစဥ္မွာ (၀-၀)ရလဒ္ထြက္ေပၚခဲ့​ေပမယ့္ ႏွစ္ေက်ာ့ေပါင္း (၁-၃)ရလဒ္နဲ႔ ရီးရဲလ္က ​ေနာက္တစ္ဆင့္ တက္ခဲ့တာပါ။

အန္ဖီးလ္မွာဆိုရင္ ေကာင္းမြန္တဲ့ ပုံစံေတြလုပ္ျပႏိုင္ေလ့ရွိတဲ့ လီဗာပူးဟာ ဒီတစ္ခါမွာေတာ့ ေမွ်ာ္လင့္ခ်က္ေတြ ပ်က္သုန္းၿပီး ၿပိဳင္ပြဲကထြက္ခြာခဲ့ရၿပီျဖစ္ကာ ဒီရာသီမွာ ဆုဖလားလက္မဲ့ရာသီကို ရင္ဆိုင္ရဖို႔ ေသခ်ာခဲ့ပါၿပီ။

အဲဒီပြဲမွာ ကေလာ့ပ္ဟာ ဆာလာ၊ဖာမီႏို၊မာေနး အတြဲကိုျပန္လည္ အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖာဘင္ဟိုနဲ႔အတူ ဝစ္နယ္ဒမ္းနဲ႔ မီလ္နာတို႔ကို တြဲဖက္ေစခဲ့ပါတယ္။ ဇီဒန္းကေတာ့ ပထမအေက်ာ့လူစာရင္းကေန ညာေနာက္ခံလူ တစ္ေနရာသာ အေျပာင္းအလဲလုပ္ခဲ့ၿပီး ဗယ္ဗာဒီကို ေနာက္တန္းမွာထားကစားခဲ့တာျဖစ္ပါတယ္။

ဘန္ဇီမာ ရဲ႕ တိုင္ထိထြက္ခဲ့မႈ​ေတြေၾကာင့္ လီဗာပူးတို႔သက္သာခဲ့ရသလို၊ ေကာ္တိုယစ္ရဲ႕ လက္စြမ္းျပမႈကလည္း နစ္နာ​ေစခဲ့ပါတယ္။ ရီးရဲလ္ရဲ႕ ဧရိယာျပင္ပက ကန္သြင္းမႈေတြကိုလည္း လီဗာပူးတို႔ ႀကံ့ႀကံ့ခံႏိုင္ခဲ့ၾကပါတယ္။​ႀကိဳးစားမႈ​ေတြရွိ​ေပမယ့္ ​ေနာက္ဆုံး​ေတာ့လည္း ႏွစ္သင္းစလုံးရဲ႕ ခံစစ္၊တိုက္စစ္​ေတြက သူမသာ၊ ကိုယ္မသာျဖစ္ၿပီး အဆုံးသတ္ခဲ့ရပါတယ္။

ရီးရဲလ္အသင္းက​ေတာ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္သို႔ ေနာက္ဆုံး(၁၁) ႏွစ္အတြင္း (၉)ႀကိမ္ေျမာက္တက္ေရာက္ႏိုင္ခဲ့ၿပီး နည္းျပ ဇီဒန္းလက္ထက္တြင္ (၄)ႀကိမ္ေျမာက္တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဇီဒန္းဟာ ယခင္ ဆီမီးဖိုင္နယ္တက္ေရာက္ခဲ့တဲ့ (၃)ႀကိမ္စလုံး ခ်န္ပီယံဆုရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ဆီမီးဖိုင္နယ္မွာ ခ်ယ္လ္ဆီးနဲ႔ ရီးရဲလ္အသင္းတို႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့အဆင့္မွာ အက္သလက္တီကိုကို ျဖဳတ္ခ်ခဲ့တဲ့ ခ်ယ္လ္ဆီးအတြက္ ေနာက္ထပ္မက္ဒရစ္တစ္သင္းနဲ႔ရင္ဆိုင္ရတာျဖစ္သလို ရီးရဲလ္ကလည္း အဂၤလန္အသင္းတစ္သင္းနဲ႔ ထပ္မံကစားရေတာ့မွာျဖစ္ပါတယ္။လီဗာပူးတို႔က​ေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ၿပီး ေနာက္ႏွစ္မွာပဲ သူတို႔အတြက္ က်ရႈံးတဲ့ေဘာလုံးရာသီျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။