
Photo Credit
Photo Credit ; Reuters
ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီဟာ စေနေန႔မွာ ကစားရမယ့္ ဗလန္စီယာနဲ႔လာလီဂါပြဲကိုလည္း လြဲေခ်ာ္ဦးမွာျဖစ္ၿပီး သူ႕အေနနဲ႔ ဒဏ္ရာကေန ႀကံ့ခိုင္မႈအျပည့္အ၀ျပန္လည္ရရွိေရးအတြက္ အသင္းေဖာ္ေတြနဲ႔အတူ ပူးတြဲမေလ့က်င့္ႏိုင္ေသးဘဲ တစ္ဦးတည္းသီးသန္႔ေလ့က်င့္ေနရဆဲျဖစ္ေၾကာင္း သိရပါတယ္။
Photo Credit
အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ ရာသီႀကိဳေျခစမ္းပြဲစဥ္အျဖစ္ အေမရိကန္မွာ စီးရီးေအကလပ္ နာပိုလီအသင္းနဲ႔ ၂ပြဲကစားခဲ့တဲ့ပြဲေတြမတုိင္ခင္ ေျခသလုံးႂကြက္သားဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး အဲဒီဒဏ္ရာေၾကာင့္ ရာသီသစ္မွာ အသင္းနဲ႔အတူ ပါ၀င္ကစားခြင့္မရရွိေသးပါဘူး။
Photo Credit
ဘာစီလုိနာအသင္းနည္းျပ ဗယ္လ္ဗာဒီက ႏိုင္ငံတကာပြဲစဥ္ေတြအၿပီးမွာ မက္ဆီအေနနဲ႔ ႀကံ့ခုိင္မႈအျပည့္ျပန္လည္ရရွိလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ထားတယ္လုိ႔ ဖြင့္ဟခဲ့ဖူးၿပီး ယခုအခါ အသင္းရဲ႕ရာသီအစရလဒ္ဆုိးေတြေၾကာင့္ မက္ဆီ ပါ၀င္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာက သူ႕ခံစားခ်က္သာျဖစ္ေၾကာင္း ၀န္ခံခဲ့ပါတယ္။
Photo Credit
ဘာစီလုိနာအသင္းဟာ လာလီဂါအဖြင့္ပြဲစဥ္မွာ ဘီလ္ဘာအိုအသင္းကို ၁-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ၿပီး ဘက္တစ္ကို ၅-၂ ဂိုးနဲ႔အႏုိင္ရခဲ့ေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့လာလီဂါပဲြမွာေတာ့ တန္းတက္အိုဆာဆူနာကို ၂-၂ ဂိုးသေရသာကစားႏိုင္ခဲ့ပါတယ္။
Photo Credit
ဒါေပမဲ့ မက္ဆီဟာ အခုခ်ိန္အထိ ႀကံ့ခုိင္မႈအျပည့္ျပန္ရဖို႔ ႀကိဳးစားေနရဆဲျဖစ္ၿပီး အဂၤါေန႔နဲ႔ ဗုဒၶဟူးေန႔ေတြမွာ ျပဳလုပ္ခဲ့တဲ့အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ အသင္းေဖာ္ေတြနဲ႔အတူ မေလ့က်င့္ႏိုင္ခဲ့ရာ ယမန္ႏွစ္ရာသီက စပိန္ဘုရင့္ဖလားဗိုလ္လုပြဲမွာ ႐ံႈးနိမ့္ခဲ့တဲ့ ဗလန္စီယာနဲ႔ပြဲမွာ ပါ၀င္ႏိုင္ဖို႔က ျဖစ္ႏိုင္ေျခမရွိေတာ့ဘူးလုိ႔ သိရပါတယ္။
Photo Credit
သူ႕ရဲ႕ဒဏ္ရာအေျခအေနကို အသင္းေဆးအဖြဲ႕က အနီးကပ္ေစာင့္ၾကည့္ကုသေနေပမယ့္ ဘယ္အခ်ိန္ျပန္ကစားႏိုင္မလဲဆုိတာ အတိအက်မထုတ္ျပန္ႏိုင္ေသးဘဲ မက္ဆီရဲ႕ႀကံ့ခိုင္မႈအေနအထားကို တစ္ေန႔ခ်င္းစီပဲ ေစာင့္ၾကည့္ေနရပါတယ္။
Photo Credit
မက္ဆီက ဗလန္စီယာနဲ႔ပြဲမွာ ပါ၀င္ႏိုင္ေရးအတြက္ အားမေလွ်ာ့ေသးဘဲ ဆက္လက္ႀကိဳးစားေနေပမယ့္ ပြဲႀကံ့ခိုင္မႈမရွိသလုိ နည္းျပဗယ္လ္ဗာဒီကလည္း မက္ဆီကို အရဲစြန္႔ထုတ္သုံးဖြယ္မရွိပါဘူး။ ဒါ့အျပင္ မက္ဆီဟာ စက္တင္ဘာလ ၁၇ရက္ေန႔မွာ ေဒါ့မြန္နဲ႔ကစားရမယ့္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာလည္း ပါ၀င္ႏိုင္ဖို႔ မေသမခ်ာျဖစ္ေနပါတယ္။
Photo Credit
တြဲဘက္တုိက္စစ္မွဴး ဆြာရက္ဇ္က ဘီလ္ဘာအိုနဲ႔ပြဲမွာရရွိခဲ့တဲ့ ဖေနာင့္ေၾကာဒဏ္ရာေၾကာင့္ အနားယူေနရေပမယ့္ စပိန္မွာ ထြက္ေပၚေနတဲ့သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဗလန္စီယာနဲ႔ပြဲအတြက္ အသင္းရဲ႕လူစာရင္းမွာ ျပန္လည္ပါ၀င္လာႏိုင္ေၾကာင္း သိရပါတယ္။
Photo Credit
Unicode
ဗလန်စီယာနဲ့ပွဲကို လွဲချော်ရမယ့်မက်ဆီ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ ပါဝင်ဖို့လည်း မသေချာ
ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ စနေနေ့မှာ ကစားရမယ့် ဗလန်စီယာနဲ့လာလီဂါပွဲကိုလည်း လွဲချော်ဦးမှာဖြစ်ပြီး သူ့အနေနဲ့ ဒဏ်ရာကနေ ကြံ့ခိုင်မှုအပြည့်အဝပြန်လည်ရရှိရေးအတွက် အသင်းဖော်တွေနဲ့အတူ ပူးတွဲမလေ့ကျင့်နိုင်သေးဘဲ တစ်ဦးတည်းသီးသန့်လေ့ကျင့်နေရဆဲဖြစ်ကြောင်း သိရပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် အမေရိကန်မှာ စီးရီးအေကလပ် နာပိုလီအသင်းနဲ့ ၂ပွဲကစားခဲ့တဲ့ပွဲတွေမတိုင်ခင် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲဒီဒဏ်ရာကြောင့် ရာသီသစ်မှာ အသင်းနဲ့အတူ ပါဝင်ကစားခွင့်မရရှိသေးပါဘူး။
ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ မက်ဆီအနေနဲ့ ကြံ့ခိုင်မှုအပြည့်ပြန်လည်ရရှိလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ဖွင့်ဟခဲ့ဖူးပြီး ယခုအခါ အသင်းရဲ့ရာသီအစရလဒ်ဆိုးတွေကြောင့် မက်ဆီ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာက သူ့ခံစားချက်သာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လာလီဂါအဖွင့်ပွဲစဉ်မှာ ဘီလ်ဘာအိုအသင်းကို ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီး ဘက်တစ်ကို ၅-၂ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့လာလီဂါပွဲမှာတော့ တန်းတက်အိုဆာဆူနာကို ၂-၂ ဂိုးသရေသာကစားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မက်ဆီဟာ အခုချိန်အထိ ကြံ့ခိုင်မှုအပြည့်ပြန်ရဖို့ ကြိုးစားနေရဆဲဖြစ်ပြီး အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ပြုလုပ်ခဲ့တဲ့အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အသင်းဖော်တွေနဲ့အတူ မလေ့ကျင့်နိုင်ခဲ့ရာ ယမန်နှစ်ရာသီက စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဗလန်စီယာနဲ့ပွဲမှာ ပါဝင်နိုင်ဖို့က ဖြစ်နိုင်ခြေမရှိတော့ဘူးလို့ သိရပါတယ်။
သူ့ရဲ့ဒဏ်ရာအခြေအနေကို အသင်းဆေးအဖွဲ့က အနီးကပ်စောင့်ကြည့်ကုသနေပေမယ့် ဘယ်အချိန်ပြန်ကစားနိုင်မလဲဆိုတာ အတိအကျမထုတ်ပြန်နိုင်သေးဘဲ မက်ဆီရဲ့ကြံ့ခိုင်မှုအနေအထားကို တစ်နေ့ချင်းစီပဲ စောင့်ကြည့်နေရပါတယ်။
မက်ဆီက ဗလန်စီယာနဲ့ပွဲမှာ ပါဝင်နိုင်ရေးအတွက် အားမလျှော့သေးဘဲ ဆက်လက်ကြိုးစားနေပေမယ့် ပွဲကြံ့ခိုင်မှုမရှိသလို နည်းပြဗယ်လ်ဗာဒီကလည်း မက်ဆီကို အရဲစွန့်ထုတ်သုံးဖွယ်မရှိပါဘူး။ ဒါ့အပြင် မက်ဆီဟာ စက်တင်ဘာလ ၁၇ရက်နေ့မှာ ဒေါ့မွန်နဲ့ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာလည်း ပါဝင်နိုင်ဖို့ မသေမချာဖြစ်နေပါတယ်။
တွဲဘက်တိုက်စစ်မှူး ဆွာရက်ဇ်က ဘီလ်ဘာအိုနဲ့ပွဲမှာရရှိခဲ့တဲ့ ဖနောင့်ကြောဒဏ်ရာကြောင့် အနားယူနေရပေမယ့် စပိန်မှာ ထွက်ပေါ်နေတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ ဗလန်စီယာနဲ့ပွဲအတွက် အသင်းရဲ့လူစာရင်းမှာ ပြန်လည်ပါဝင်လာနိုင်ကြောင်း သိရပါတယ်။