ဗလင်စီယာနဲ့အတ္တလန္တာတို့ပွဲရဲ့မက်စ်တဲလားကွင်းထဲက တစ်ယောက်တည်းသော ပရိသတ်

photo-sport bible

photo-AP

မနေ့ညက ဗလင်စီယာနဲ့ အတ္တလန္တာတို့ရဲ့ချန်ပီယံလိဂ်ဒုတိယအကျော့ဟာ ကွင်းပိတ်ကစားတာဖြစ်လို့ ဘယ်ပရိသတ်မှ ဝင်ရောက်အားပေးခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ဗလင်စီယာရဲ့မက်စ်တဲလားကွင်းကြီးထဲက ပွဲကြည့်စင်တန်းပေါ်မှာ ငူငူကြီးထိုင်နေတဲ့ ပရိသတ်တစ်ယောက်တော့ ရှိနေခဲ့ပါတယ်။ တကယ်တော့ ပရိသတ်ပုံစံ ရုပ်တုတစ်ခုလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။

photo-gettyimages

၂၀၁၇ က ကွယ်လွန်သွားခဲ့တဲ့ အသင်းရဲ့စူပါဖန်ဖြစ်တဲ့ ဗင်းဆင့်နာဗာရိုကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်တုလုပ်ပြီး ပွဲကြည့်စင်တန်းမှာ ထားရှိထားတာ ဖြစ်ပါတယ်။ နာဗာရိုဟာ မျက်စိကွယ်သွားတဲ့ အသက် ၅၀ အရွယ်ကာလတွေမှာတောင် ဗလင်စီယာရဲ့ရာသီစာလက်မှတ်ကိုင်ဆောင်သူ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲတွေက ကွင်းအတွင်းဖီလင်ကို မစွန့်လွှတ်နိုင်တဲ့အတွက် သူဟာ မျက်စိမမြင်ရတော့ပေမယ့်လည်း ရာသီစာလက်မှတ်နဲ့အတူ ဗလင်စီယားအသင်းပွဲတွေကို မပျက်မကွက် လာရောက်အားပေးခဲ့တာပါ။

https://twitter.com/i/status/1237465959839019011

ဒါကြောင့်လည်း ဗလင်စီယာအသင်းက သူကွယ်လွန်သွားချိန်မှာ သူကြည့်နေကျထိုင်ခုံမှာပဲ သူ့ပုံစံရုပ်တုတစ်ခုပြုလုပ်ထားရှိပေးခဲ့တာပါ။ ဗလင်စီယာအသင်းရဲ့ပွဲတွေမှာ သူထာဝရရှိနေနိုင်အောင် ဖြစ်ပါတယ်။ အတ္တလန္တာနဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာလည်း အဲဒီရုပ်တုကသာ ကလပ်ရဲ့တစ်ယောက်တည်းသောပရိသတ်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့လည်း ဗလင်စီယာအသင်းဟာ အိမ်ကွင်းဒုတိယအကျော့မှာ အတ္တလန္တာကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၈-၄ နဲ့ ပြိုင်ပွဲက ထွက်လိုက်ရပြီ ဖြစ်ပါတယ်။

[Zawgyi]

ဗလင္စီယာနဲ႔အတၱလႏၱာတို႔ပြဲရဲ႕မက္စ္တဲလားကြင္းထဲက တစ္ေယာက္တည္းေသာ ပရိသတ္

မေန႔ညက ဗလင္စီယာနဲ႔ အတၱလႏၱာတို႔ရဲ႕ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့ဟာ ကြင္းပိတ္ကစားတာျဖစ္လုိ႔ ဘယ္ပရိသတ္မွ ၀င္ေရာက္အားေပးခြင့္မရခဲ့ပါဘူး။ ဒါေပမဲ့ ဗလင္စီယာရဲ႕မက္စ္တဲလားကြင္းႀကီးထဲက ပြဲၾကည့္စင္တန္းေပၚမွာ ငူငူႀကီးထိုင္ေနတဲ့ ပရိသတ္တစ္ေယာက္ေတာ့ ရွိေနခဲ့ပါတယ္။ တကယ္ေတာ့ ပရိသတ္ပုံစံ ရုပ္တုတစ္ခုလို႔ဆုိရင္ ပိုမွန္ပါလိမ့္မယ္။

၂၀၁၇ က ကြယ္လြန္သြားခဲ့တဲ့ အသငး္ရဲ႕စူပါဖန္ျဖစ္တဲ့ ဗင္းဆင့္နာဗာရိုကို ဂုဏ္ျပဳတဲ့အေနနဲ႔ ရုပ္တုလုပ္ၿပီး ပြဲၾကည့္စင္တန္းမွာ ထားရွိထားတာ ျဖစ္ပါတယ္။ နာဗာရိုဟာ မ်က္စိကြယ္သြားတဲ့ အသက္ ၅၀ အရြယ္ကာလေတြမွာေတာင္ ဗလင္စီယာရဲ႕ရာသီစာလက္မွတ္ကိုင္ေဆာင္သူ ျဖစ္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပြဲေတြက ကြင္းအတြင္းဖီလင္ကို မစြန္႔လႊတ္ႏိုင္တဲ့အတြက္ သူဟာ မ်က္စိမျမင္ရေတာ့ေပမယ့္လည္း ရာသီစာလက္မွတ္နဲ႔အတူ ဗလင္စီယားအသင္းပြဲေတြကို မပ်က္မကြက္ လာေရာက္အားေပးခဲ့တာပါ။

ဒါေၾကာင့္လည္း ဗလင္စီယာအသင္းက သူကြယ္လြန္သြားခ်ိန္မွာ သူၾကည့္ေနက်ထုိင္ခုံမွာပဲ သူ႔ပုံစံရုပ္တုတစ္္ခုျပဳလုပ္ထားရွိေပးခဲ့တာပါ။ ဗလင္စီယာအသင္းရဲ႕႔ပြဲေတြမွာ သူထာ၀ရရွိေနႏိုင္ေအာင္ ျဖစ္ပါတယ္။ အတၱလႏၱာနဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာလည္း အဲဒီရုပ္တုကသာ ကလပ္ရဲ႕တစ္ေယာက္တည္းေသာပရိသတ္ျဖစ္ခဲ့တာပါ။ ဒါေပမဲ့လည္း ဗလင္စီယာအသင္းဟာ အိမ္ကြင္းဒုတိယအေက်ာ့မွာ အတၱလႏၱာကို ၄-၃ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ႏွစ္ေက်ာ့ေပါင္း ၈-၄ နဲ႔ ၿပိဳင္ပြဲက ထြက္လိုက္ရၿပီ ျဖစ္ပါတယ္။