ဗလင်စီယာနဲ့ပွဲမှာ ပညာသားပါပါနဲ့ ထောင့်ကန်ဘောကနေ ဂိုးသွင်းခဲ့တဲ့ တိုနီခရူးစ်

photo-gettyimages

photo-gettyimages

မနေ့ညက ဆော်ဒီအာရေဗျမှာ ကစားခဲ့တဲ့ စပိန်စူပါဖလားဆီးမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ဟာ ဗလင်စီယာကို ၃-၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်လှမ်းသွားခဲ့ပါတယ်။ အံ့သြစရာကောင်းတာက ရီးရဲလ်ရခဲ့တဲ့ ၃ ဂိုးစလုံးကို ကွင်းလယ်လူတွေကချည်း သွင်းယူခဲ့တာဖြစ်ပြီး ဒါဟာ ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပိုပြီးအံ့သြစရာကောင်းတာက ပွဲချိန် ၁၅ မိနစ်မှာတင် ကွင်းလယ်လူတိုနီခရူးစ်သွင်းယူတဲ့အဖွင့်ဂိုးပါပဲ။

https://twitter.com/i/status/1214990291087843328

ဘာကြောင့်လဲဆိုတော့ အဲဒီဂျာမန်ကွင်းလယ်လူဟာ ထောင့်ကန်ဘောကနေ တိုက်ရိုက်သွင်းယူသွားခဲ့လို့ပါ။ ရည်ရွယ်ချက်ရှိရှိနဲ့ ကန်ခဲ့တာဖြစ်လို့ ပညာသားပါတယ်လို့ တောင် ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အလစ်အငိုက်ဖမ်းပြီး အမြန်ကန်ခဲ့လို့ပါ၊ ဗလင်စီယာဂိုးသမားဒိုမီနက်ချ်နဲ့ သူ့ခံစစ်ကစားသမားတွေက တည်ကန်ဘောကို ကာကွယ်ဖို့ အဆင့်သင့်ဖြစ်နေပေမယ့် တိုနီခရူးအတွက်တော့ နှေးလွန်းနေခဲ့ပါတယ်။ ဒါကို တိုနီခရူးစ်က အခွင့်ကောင်းယူပြီး ညာခြေနဲ့ လှလှပပဝေ့ဝိုက်ကန်သွင်းရာမှာ ဗလင်စီယာဂိုးသမားနောက်ပြန်ဆုတ်ပြီး လှမ်းဖမ်းပေမယ့် မမီတော့ဘဲ ဂိုးဝင်သွားခဲ့တာပါ။

https://twitter.com/i/status/1215041480466845697

ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဆီးမီးဖိုင်တုန်းက ဘာစီလိုနာနဲ့ ဒုတိယအကျော့မှာ လီဗာပူးနောက်ခံလူအာနိုးတစ်ယောက် တိုက်စစ်မှုးအိုရီဂီဂိုးသွင်းနိုင်အောင် ထောင့်ကန်ဘောအမြန်ကန်တင်ပေးခဲ့တာကိုတောင် ပြန်လည်အမှတ်ရစေပါတယ်။ အဲဒါကိုပဲ တိုနီခရူးစ်က အားကျပြီး အခုလိုလုပ်ခဲ့တာလား။ ဘယ်သူသိနိုင်မလဲ။

[Zawgyi]

ဗလင္စီယာနဲ႔ပြဲမွာ ပညာသားပါပါနဲ႔ ေထာင့္ကန္ေဘာကေန ဂိုးသြင္းခဲ့တဲ့ တုိနီခရူးစ္

မေန႔ညက ေဆာ္ဒီအာေရဗ်မွာ ကစားခဲ့တဲ့ စပိန္စူပါဖလားဆီးမီးဖိုင္နယ္မွာ ရီးရဲလ္မက္ဒရစ္ဟာ ဗလင္စီယာကို ၃-၁ ဂိုးနဲ႔ အႏိုင္ရၿပီး ဗိုလ္လုပဲြတက္လွမ္းသြားခဲ့ပါတယ္။ အံ့ၾသစရာေကာင္းတာက ရီးရဲလ္ရခဲ့တဲ့ ၃ ဂိုးစလုံးကို ကြင္းလယ္လူေတြကခ်ည္း သြင္းယူခဲ့တာျဖစ္ၿပီး ဒါဟာ ၂၀၁၇ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ ပိုၿပီးအံ့ၾသစရာေကာင္းတာက ပြဲခိ်ိန္ ၁၅ မိနစ္မွာတင္ ကြင္းလယ္လူတိုနီခရူးစ္သြငး္ယူတဲ့အဖြင့္ဂိုးပါပဲ။

ဘာေၾကာင့္လဲဆိုေတာ့ အဲဒီဂ်ာမန္ကြငး္လယ္လူဟာ ေထာင့္ကန္ေဘာကေန တိုက္ရိုက္သြင္းယူသြားခဲ့လို႔ပါ။ ရည္ရြယ္ခ်က္ရွိရွိနဲ႔ ကန္ခဲ့တာျဖစ္လုိ႔ ပညာသားပါတယ္လုိ႔ ေတာင္ ဆိုႏုိင္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိရင္ အလစ္အငိုက္ဖမ္းၿပီး အျမန္ကန္ခဲ့လုိ႔ပါ၊ ဗလင္စီယာဂိုးသမားဒိုမီနက္ခ်္နဲ႔ သူ႔ခံစစ္ကစားသမားေတြက တည္ကန္ေဘာကို ကာကြယ္ဖို႔ အဆင့္သင့္ျဖစ္ေနေပမယ့္ တုိနီခရူးအတြက္ေတာ့ ေႏွးလြန္းေနခဲ့ပါတယ္။ ဒါကို တုိနီခရူးစ္က အခြင့္ေကာင္းယူၿပီး ညာေျခန႔ဲ လွလွပပေ၀့၀ိုက္ကန္သြင္းရာမွာ ဗလင္စီယာဂိုးသမားေနာက္ျပန္ဆုတ္ၿပီး လွမ္းဖမ္းေပမယ့္ မမီေတာ့ဘဲ ဂိုး၀င္သြားခဲ့တာပါ။

ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ဆီးမီးဖိုင္တုန္းက ဘာစီလုိနာနဲ႔ ဒုတိယအေက်ာ့မွာ လီဗာပူးေနာက္ခံလူအာႏိုးတစ္ေယာက္ တုိက္စစ္မႈးအိုရီဂီဂိုးသြင္းႏိုင္ေအာင္ ေထာင့္ကန္ေဘာအျမန္ကန္တင္ေပးခဲ့တာကိုေတာင္ ျပန္လည္အမွတ္ရေစပါတယ္။ အဲဒါကိုပဲ တုိနီခရူးစ္က အားက်ၿပီး အခုလိုလုပ္ခဲ့တာလား။ ဘယ္သူသိႏိုင္မလဲ။