ဗလကြီး လူကာကူ ချေဖျက်ရမယ့် ချဲလ်ဆီးရဲ့ ကျောနံပါတ် ၉ ကျိန်စာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်တာမီလန်ကနေ ချဲလ်ဆီးအသင်းကို ပေါင် ၉၈ သန်းနဲ့ ပြန်လည်ရောက်ရှိလာတဲ့ လူကာကူအနေနဲ့ အသင်းရဲ့ နံပါတ် ၉ မှတ်တမ်းဆိုးကို ချေဖျက်နိုင်မှာလား ဆိုပြီး သတင်းတွေက ရေးသားဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ချဲလ်ဆီးအသင်းအတွက် ကစားခဲ့ကြတဲ့ ကျောနံပါတ် ၉ ကစားသမားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ကျရှုံးခဲ့ရပြီး ချဲလ်ဆီးအသင်းကနေ ထွက်ခွာခဲ့ကြရပါတယ်။

ပရီးမီးယားလိဂ်ဝက်ဘ်ဆိုဒ်မှာ လူကာကူအနေနဲ့ ကျောနံပါတ် ၁၈ ဝတ်ဆင်မယ်လို့ ဖော်ပြထားပေမယ့် ရိုးမားအသင်းကို ပြောင်းရွှေ့သွားတဲ့ အေဘရာဟမ်ကြောင့် ကျောနံပါတ်၉ ဂျာစီကို ပြောင်းလဲဝတ်ဆင်မယ်လို့လည်း သတင်းတွေကရေးသားဖော်ပြခဲ့ကြပါတယ်။

၁၉၉၉-၂၀၀၀ ဘောလုံးရာသီမှာ ခရစ္စဆပ်တမ်ဟာ ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားခဲ့ပြီး ၃၉ ပွဲကစားခဲ့ကာ ၁ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

၂၀၀၄-၀၅ ရာသီမှာတော့ ကက်ဇ်မန်းဟာ ၄၁ ပွဲအထိ ကစားခဲ့ရပေမယ့်လည်း ၇ ဂိုးသာ ရရှိခဲ့ပါတယ်။

ကက်ဇ်မန်းရဲ့နောက်မှာတော့ ဘိုလာရုဇ်က ကျောနံပါတ် ၉ ကို ဆက်ခံခဲ့ပေမယ့် ပွဲ ၂၀ ကစားခွင့်ရခဲ့ရာမှာတော့ သွင်းဂိုး မရခဲ့ပါဘူး။

ဘိုလာရုဇ်ရဲ့ နောက်မှာတော့ ဒီနံပါတ်ကို ဆစ်ဝဲလ်က ဝတ်ဆင်ခဲ့ပြီး ၂၅ ပွဲကစားခဲ့ရာမှာ ၁ ဂိုးသာသွင်းနိုင်ခဲ့ပြန်ပါတယ်။

ဆစ်ဝဲလ်ရဲ့ အလွန်မှာ ဒီဆန်တိုက ကျောနံပါတ် ၉ ကို ဆက်လက်ဝတ်ဆင်ခဲ့ပြီး ၁၆ ပွဲကစားခဲ့ရာမှာတော့ ဂိုးပေါက်ပျောက်ဆုံးခဲ့ရပါတယ်။

ကျောနံပါတ် ၉ နဲ့ အတော်အသင့်အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်သူကတော့ ဖာနန်ဒိုတောရက်စ်ဖြစ်ပြီး ၂၀၁၁ ကနေ ၂၀၁၅ ခုနှစ်အကြားမှာ ၁၇၂ ပွဲကစားခဲ့ကာ ၄၅ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာ တစ်ရာသီအငှားလာကစားခဲ့တဲ့ ဖယ်လ်ကာအိုက ကျောနံပါတ် ၉ ကို ဝတ်ဆင်ခဲ့ပေမယ့် ၁၂ ပွဲကစားခဲ့ရာမှာတော့ ၁၂ ပွဲမှာ ၁ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ချဲလ်ဆီးအသင်းဟာ မိုရာတာကို ကျောနံပါတ် ၉ ပေးခဲ့ပေမယ့်လည်း ၄၈ ပွဲမှာ ၁၅ ဂိုးသာသွင်းနိုင်ပြီးအသင်းက ထွက်သွားခဲ့ရပါတယ်။

မိုရာတာရဲ့နောက်မှာတော့ ရာသီဝက်အငှားလာကစားခဲ့တဲ့ ဟီဂွာရင်က ကျောနံပါတ် ၉ ကို ဝတ်ဆင်ခဲ့ပေမယ့် ၁၈ ပွဲမှာ ၅ ဂိုးသာသွင်းနိုင်ခဲ့ပြန်ပါတယ်။

ကျောနံပါတ် ၉ ကို နောက်ဆုံးဝတ်ဆင်ခဲ့သူကတော့ ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမား အေဘရာဟမ်ပဲ ဖြစ်ပါတယ်။

အေဘရာဟမ်ဟာ ချဲလ်ဆီးအတွက် ၈၂ ပွဲမှာ ဂိုး ၃၀ သွင်းနိုင်ခဲ့ပေမယ့်လည်း အခုတော့ ရိုးမားအသင်းကို ပြောင်းသွားခဲ့ရပြီဖြစ်ပါတယ်။

အခုတော့ လူကာကူအလှည့် ရောက်လာပြီလို့ ပြောရမလိုပါပဲ။

လူကာကူဟာ ချဲလ်ဆီးအသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းကခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိသလို ဂိုးလည်းသွင်းယူနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဗလႀကီး လူကာကူ ေခ်ဖ်က္ရမယ့္ ခ်ဲလ္ဆီးရဲ့ ေက်ာနံပါတ္ ၉ က်ိန္စာ

အင္တာမီလန္ကေန ခ်ဲလ္ဆီးအသင္းကို ေပါင္ ၉၈ သန္းနဲ႔ ျပန္လည္ေရာက္ရွိလာတဲ့ လူကာကူအေနနဲ႔ အသင္းရဲ့ နံပါတ္ ၉ မွတ္တမ္းဆိုးကို ေခ်ဖ်က္နိုင္မွာလား ဆိုၿပီး သတင္းေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အႏွစ္ ၂၀ အတြင္းမွာ ခ်ဲလ္ဆီးအသင္းအတြက္ ကစားခဲ့ၾကတဲ့ ေက်ာနံပါတ္ ၉ ကစားသမားေတြဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ က်ရွုံးခဲ့ရၿပီး ခ်ဲလ္ဆီးအသင္းကေန ထြက္ခြာခဲ့ၾကရပါတယ္။

ပရီးမီးယားလိဂ္ဝက္ဘ္ဆိုဒ္မွာ လူကာကူအေနနဲ႔ ေက်ာနံပါတ္ ၁၈ ဝတ္ဆင္မယ္လို့ ေဖာ္ျပထားေပမယ့္ ရိုးမားအသင္းကို ေျပာင္းေရႊ႕သြားတဲ့ ေအဘရာဟမ္ေၾကာင့္ ေက်ာနံပါတ္၉ ဂ်ာစီကို ေျပာင္းလဲဝတ္ဆင္မယ္လို့လည္း သတင္းေတြကေရးသားေဖာ္ျပခဲ့ၾကပါတယ္။

၁၉၉၉-၂၀၀၀ ေဘာလုံးရာသီမွာ ခရစၥဆပ္တမ္ဟာ ေက်ာနံပါတ္ ၉ ကို ဝတ္ဆင္ကစားခဲ့ၿပီး ၃၉ ပြဲကစားခဲ့ကာ ၁ ဂိုးသာ သြင္းနိုင္ခဲ့ပါတယ္။၂၀၀၄-၀၅ ရာသီမွာေတာ့ ကက္ဇ္မန္းဟာ ၄၁ ပြဲအထိ ကစားခဲ့ရေပမယ့္လည္း ၇ ဂိုးသာ ရရွိခဲ့ပါတယ္။

ကက္ဇ္မန္းရဲ့ေနာက္မွာေတာ့ ဘိုလာ႐ုဇ္က ေက်ာနံပါတ္ ၉ ကို ဆက္ခံခဲ့ေပမယ့္ ပြဲ ၂၀ ကစားခြင့္ရခဲ့ရာမွာေတာ့ သြင္းဂိုး မရခဲ့ပါဘူး။ ဘိုလာ႐ုဇ္ရဲ့ ေနာက္မွာေတာ့ ဒီနံပါတ္ကို ဆစ္ဝဲလ္က ဝတ္ဆင္ခဲ့ၿပီး ၂၅ ပြဲကစားခဲ့ရာမွာ ၁ ဂိုးသာသြင္းနိုင္ခဲ့ျပန္ပါတယ္။

ဆစ္ဝဲလ္ရဲ့ အလြန္မွာ ဒီဆန္တိုက ေက်ာနံပါတ္ ၉ ကို ဆက္လက္ဝတ္ဆင္ခဲ့ၿပီး ၁၆ ပြဲကစားခဲ့ရာမွာေတာ့ ဂိုးေပါက္ေပ်ာက္ဆုံးခဲ့ရပါတယ္။ ေက်ာနံပါတ္ ၉ နဲ႔ အေတာ္အသင့္ေအာင္ျမင္ခဲ့တယ္လို့ ဆိုနိုင္သူကေတာ့ ဖာနန္ဒိုေတာရက္စ္ျဖစ္ၿပီး ၂၀၁၁ ကေန ၂၀၁၅ ခုႏွစ္အၾကားမွာ ၁၇၂ ပြဲကစားခဲ့ကာ ၄၅ ဂိုးသြင္းနိုင္ခဲ့ပါတယ္။

အဲဒီေနာက္မွာ တစ္ရာသီအငွားလာကစားခဲ့တဲ့ ဖယ္လ္ကာအိုက ေက်ာနံပါတ္ ၉ ကို ဝတ္ဆင္ခဲ့ေပမယ့္ ၁၂ ပြဲကစားခဲ့ရာမွာေတာ့ ၁၂ ပြဲမွာ ၁ ဂိုးသာ သြင္းနိုင္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ခ်ဲလ္ဆီးအသင္းဟာ မိုရာတာကို ေက်ာနံပါတ္ ၉ ေပးခဲ့ေပမယ့္လည္း ၄၈ ပြဲမွာ ၁၅ ဂိုးသာသြင္းနိုင္ၿပီးအသင္းက ထြက္သြားခဲ့ရပါတယ္။

မိုရာတာရဲ့ေနာက္မွာေတာ့ ရာသီဝက္အငွားလာကစားခဲ့တဲ့ ဟီဂြာရင္က ေက်ာနံပါတ္ ၉ ကို ဝတ္ဆင္ခဲ့ေပမယ့္ ၁၈ ပြဲမွာ ၅ ဂိုးသာသြင္းနိုင္ခဲ့ျပန္ပါတယ္။ေက်ာနံပါတ္ ၉ ကို ေနာက္ဆုံးဝတ္ဆင္ခဲ့သူကေတာ့ ခ်ဲလ္ဆီးအကယ္ဒမီထြက္ကစားသမား ေအဘရာဟမ္ပဲ ျဖစ္ပါတယ္။

ေအဘရာဟမ္ဟာ ခ်ဲလ္ဆီးအတြက္ ၈၂ ပြဲမွာ ဂိုး ၃၀ သြင္းနိုင္ခဲ့ေပမယ့္လည္း အခုေတာ့ ရိုးမားအသင္းကို ေျပာင္းသြားခဲ့ရၿပီျဖစ္ပါတယ္။ အခုေတာ့ လူကာကူအလွည့္ ေရာက္လာၿပီလို့ ေျပာရမလိုပါပဲ။ လူကာကူဟာ ခ်ဲလ္ဆီးအသင္းမွာ ပထမအႀကိမ္ကစားခဲ့တုန္းကေျခစြမ္းျပနိုင္ခဲ့ျခင္းမရွိသလို ဂိုးလည္းသြင္းယူနိုင္ခဲ့ျခင္းမရွိဘူးလို့ သိရပါတယ္။